Knowledge

အဟောင်းကို ပြင်သုံးဖို့အတွက် ပြင်ဆိုင်ကဖေးတွေဖွင့်နေကြပြီ

လျှပ်စစ်ပစ္စည်းတွေပျက်တာနဲ့ လွှင့်ပစ်ပြီး အသစ်ဝယ်သုံးတာတွေက သဘာဝပတ်ဝန်းကျင်မှာ အမှိုက်တွေများ လာတဲ့အပြင် လူနေထိုင်မှုစရိတ်မြင့်တက်လာတာပဲ အဖတ်တင်ပါတယ် ။ လျှပ်စစ်ပစ္စည်းတွေကို သုံးစွဲနေတဲ့ ကုန်ကျစရိတ်တွေကြားထဲမှာ ရုန်းကန်နေရတာတွေ ကယ်တင်ဖို့အတွက် ဥရောပနိုင်ငံအချို့က ပြင်ဆိုင်ကဖေး တွေကို ဖွင့်ဖို့ ကြိုးစားလာကြပါပြီ ။ ဥရောပအိမ်များတွင် ပျမ်းမျှအားဖြင့် လျှပ်စစ်ပစ္စည်း ၇၄ ခုရှိကြောင်း Waste Electrical and Electronic Equipment Forum (WEEE) အရ သိရပါတယ် ။ ပစ္စည်းတစ်ခုပျက်သွားတာနဲ့ အသစ်ဝယ်ရလို့ကုန်ကျစရိတ်က မိသားစုဝင်ငွေကို စတင်ပြီး ထိခိုက်လာပါတယ် ။ အသစ်ဝယ်မယ့်အစား အခမဲ့ပြင်ဆိုင်တွေ အစားထိုးဝင်လာရင် မိသားစုတွေရဲ့ ဝင်ငွေကို စုဆောင်မိစေမှာပါ ။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြို့ကလျှပ်စစ်ပစ္စည်းကျွမ်းကျင်သူများက အမ်စတာဒမ်ကဖေးလို့ ခေါ်တဲ့ […]

ကမ္ဘာ့ဒုတိယအကြီးဆုံး ရေချိုကန်

ဝိတိုရိယအိုင်သည် အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်၍ မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲလျှင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြု၍ ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်လေသည်။ ထိုအိုင်ကြီးသည် ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်း၌ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိသည်။ အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ ခန့်ရှိသည်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်သည်။ ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်သည် ကမ္ဘာပေါ်ရှိ […]

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန်အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။တိကျသေချာ သော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။အချို့သော သိပ္ပံပညာရှင်များ အနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ – ရေကန်ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ် မြစ်ဝ ဂေဟစနစ် သစ်တော ဂေဟစနစ် မိုးသစ်တော ဂေဟစနစ် မြက်ခင်းပြင် ဂေဟစနစ် ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။ အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊ စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊ သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊ နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။ သန္တာကျောက်တန်း ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ်ဆိုသည်မှာ သန္တာကောင်(Coral or […]

ပူလွန်း ​အေးလွန်း မကြိုက်တဲ့ လျှပ်စစ်ကား

လျှပ်စစ်ကား​တွေနဲ့ ပတ်သက်ပြီး​တော့ ပညာရှင်​တွေ သု​တေသနပြုထားတဲ့ အချက်တစ်ချက်က​တော့ လျပ်စစ်ကား​တွေက ပူလွန်း ​အေးလွန်းတာကိုမကြိုက်တာပါပဲ။ မကြာ​သေးခင်က ပြုလုပ်ထားတဲ့ ​လေ့လာမှုတစ်ခုအရ ဖို့ဒ်ကား​တွေက ၃၂ ဒီကရီ ဖာရင်ဟီုက်​ကျော်သွားရင် အားက ၂၆ ရာခိုင်နှုန်း ပိုပြီး အကုန်မြန်ပါတယ်။ ​ဗောက်စ်ဝက်ဂွန် ဆိုရင် ၄၆ ရာခိုင်နှုန်း အားကုန်မြန်ပါတယ်။ နာရီဝက်အတွင်းမှာ အား၈၀ရာခိုင်နှုန်း သွင်းနိုင်ပါတယ်ဆိုတဲ့ နင်ဆင်လိဖ် ​တောင်အဲ့ဒီအပူချိန် ​ကျော်လာရင် အားက ၅၀ ရာခိုင်နှုန်းပဲ သွင်းလို့ ဝင်​တော့တယ်။ အရမ်း အေးတဲ့ အချိန်ဆိုရင် လစ်သီယံ ဘတ်ထရီ ​တွေက ဓါတ်ပြုမှု ​နှေးသွားတတ်ပါတယ်။ အဲ့ဒီအချိန်​တွေဆိုရင် လျှ ပ်စစ်ကား​တွေက စွမ်း​ဆောင်ရည်ကျ သွားပါတယ်။ ကံ​ကောင်းတာက အဲ့ဒိဖြစ်စဥ်က ခဏ ပဲဖြစ်တာပါ။ အီဗွီကား​တွေအတွက် စံထားထားတဲ့အပူချိန်ထက် […]

ကမ္ဘာ့ရှေးအကျဆုံးလူသားများ တည်ဆောက်နေထိုင်ခဲ့ကြတဲ့ Theopetra လှိုဏ်ဂူ

Theopetra လှိုဏ်ဂူဟာ ဂရိနိုင်ငံအလယ်ပိုင်း သက်သာလီဒေသရှိ Meteora မြို့မှာရှိတဲ့ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ပါတယ်။ အဆိုပါ ရှေးဟောင်းသုတေသန နေရာရဲ့ Theopetra လှိုဏ်ဂူဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀၀ ခန့် အစောပိုင်းမှာ လူသားများအုပ်စိုးခဲ့ကြောင်း အထောက်အထားများ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ လှိုဏ်ဂူဟာ ၃၃၀ ပေခန့်ရှိတဲ့ ထုံးကျောက်တောင်ကုန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ Theopetra ဂူကို ရွာငယ်လေးကို အပေါ်စီးကနေ မြင်တွေ့ရပြီး Pineios မြစ်ရဲ့ လက်တက်ဖြစ်တဲ့ Lethaios မြစ် အနီးနားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဘူမိဗေဒပညာရှင်များရဲ့ အဆိုအရ အဆိုပါ ထုံးကျောက်တောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းမှ ၁၃၇ သန်းမှ ကြားမှာရှိပြီး Cretaceous ခေတ်နဲ့ လိုက်လျောညီထွေရှိခဲ့တယ်လို့ ယူဆထားကြပါတယ်။ ယင်းဂူဟာ […]

ဘူမိသမိုင်းဖြစ်ရပ်များထဲက ဒီရေတောများ

ဒီရေတောများသည် ပူနွေးသောအရပ်ဒေသတွင် ပင်လယ်ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်၂ခု၏ ကြားဇုန်များအတွင်း ပေါက်ရောက်သော ဆားငန်ဒဏ်ကိုခံနိုင်သည့် သစ်မျိုးနွယ်အပင်များဖြစ်သည်။ ဆိုလိုသည်မှာ ယင်းတို့သည် ပင်လယ်နှင့် ကုန်းမြေနယ်နိမိတ်များကြားရှိ အကူးအပြောင်းဇုန်တစ်ခုဖြစ်သည့် မြေနိမ့်အရပ်များ (ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်၂ခုကြား) တွင် အကန့်အသတ်ဖြင့် ပေါက်ရောက်ကြရသည်။ ပေါက်ချင်သည့်အရပ်တွင် ပေါက်၍မရ။ ပျော့ပျောင်းသောမြေသား (ရွှံ့နှင့် နုန်းမြေများ) ကို နှစ်သက်ကြပြီး လှိုင်းကွယ်သည့်ကမ်းရိုးတန်းပိုင်းများတွင် ပိုမိုတွေ့ရသည်။ အချို့အပင်များမှာမူ မြေသားနည်းနည်းနှင့် ကျောက်ခဲစိုင်များပေါများရာတွင် တမူထူးခြားစွာ ကပ်ရပ်ပေါက်ရောက်ရှင်သန်ကြသည်။ ယင်းတို့လိုအပ်သော ဒီရေငန်နှုန်း၊ မြေငန်နှုန်းနှင့် မြေသားလေဝင်လေထွက်တို့အပေါ် မူတည်ကာ ဒီရေတောမျိုးစိတ်တခုချင်းစီ၏ပေါက်ရောက်ရာ ဇုန်များကိုခွဲခြားထားသည်။ ဒီရေတောပင်များ၏ ရေပေါ်တွင်ပေါ်နိုင်သည့် အသီးတောင့်များသည် ပင်လယ်ရေစီးကြောင်းများ၊ လှိုင်းလေများ၊ ဒီရေနှင့် ကမ္ဘာ့သမုဒ္ဒရာကြီးများလည်ပတ်မှုတို့တွင် မျောပါနေကြကာ အပူပိုင်းဇုန်တလျှောက်ရှိ ပင်လယ်ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်တို့၏ ကြားဇုန်များအတွင်း […]

ယဉ်ကျေးမှုအမွေအနှစ်နဲ့ လစ်သီယံသိုက် ဘာကိုရွေးမလဲ

ပေါ်တူဂီမြောက်ပိုင်းရှိ တောင်ကုန်းများဖြစ်သော Barroso ဒေသသည် စိုက်ပျိုးရေး ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတု ပြောင်းလဲမှု ခံနိုင်ရည်ရှိသော ဂေဟစနစ်များနှင့် အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ် ထားတဲ့ နေရာ တစ်ခု ဖြစ်ပါတယ် ။ ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ “တစ်ကမ္ဘာလုံးအတွက် အရေးကြီးသော” လယ်ယာစနစ် တစ်ခုရှိတယ်လို့လည်း အသိအမှတ်ပြုခံထားရပါတယ် ။ ဒါပေမဲ့ အဲ့ဒိဒေသမှာ ဥရောပရဲ့ အကြီးဆုံး လစ်သီယမ်သတ္တုသိုက်များထဲမှ တစ်ခုလို့ ယူဆရတဲ့ နေရာ ဖြစ်နေပါ တယ် ။ သန့်ရှင်းသော စွမ်းအင် အသွင်ကူးပြောင်းရေးတွင် အရေးပါသည့် ဒြပ်စင်တစ်ခုဖြစ်တဲ့ လစ်သီယံတွေ အများကြီး ရှိတယ်ဆိုတာက Barroso မှာ သတ္တုတူးဖော်ရေး စီမံကိန်းများ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။ ပြည်တွင်း သတ္တုစျေးကွက်မှာ လိုအပ်တဲ့ ထောက်ပံ့ရေးပေးနိုင်ရန် အဓိက […]

သိထားသင့် လေ့လာထားသင့်တဲ့ နေမုန်တိုင်း(သို့မဟုတ်) နေပေါက်ကွဲမှု(သိုမဟုတ်) အာကာသရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များနှင့် နောက်ဆက်တွဲဖြစ်နိုင်ချေများ

စကားချီး နေမုန်တိုင်း(Solar Storm)ကို ကျနော် မလေ့လာပါဘူးဗျာ၊ လေ့လာနိုင်မဲ့ ပစ္စည်းကိရိယာတွေ သတင်းအချက်အလက်အသေးစိတ်တွေလဲ ရနိုင်ဘို့ လက်လှမ်းမမီပါ။ အာကာသသိပ္ပံဆိုင်ရာလေ့လာသူဝါသနာရှင်များနဲ့ ပညာရှင်များက လေ့လာတင်ပြကြပါလိမ့်မယ်။ NASA က ရေးတဲ့ သတင်းတွေ၊ လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ ဆောင်းပါးတွေမှာတော့ နေမုန်တိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်။ ကျနော်ကတော့ အာကာသသိပ္ပံပညာရပ်ကိုလဲ စိတ်ဝင်စားပါတယ်။ မိုးလေဝသဖြစ်စဉ်၊ ရာသီဥတုပြောင်းမှုဖြစ်စဉ်တွေကို အလေးထားလေ့လာနေတာကြောင့် အချိန်မပေးနိုင်တော့ပဲဆက်မလေ့လာဖြစ်တော့တာလဲပါပါတယ်။ ဒီ post မှာတော့ ကျနော်လက်လှမ်းမီသလောက်၊ လေ့လာပြီးသလောက်၊ နားလည်သလောက်နဲ့ရှင်းပြပေးပါ့မယ်။  နေမုန်တိုင်းဆိုတာဘာလဲ – ဘာတွေ ဖြစ်ခဲ့သလဲ ကျနော်နားလည်ထားသလောက်တော့ နေမုန်တိုင်းဖြစ်လာရင် အရင်ဆုံး အီလက်ထရောနစ်ထိန်းချုပ်မှုစနစ်တွေသုံးထားတဲ့ မြေပြင်က လျှပ်ဓါတ်အားပေးစနစ်တွေမှာလဲ အနှောင့်အယှက်ထိခိုက်ပျက်စီးမှုတွေဖြစ်နိုင်တယ်၊ ရေဒီယိုဆက်သွယ်ရေးစနစ်တွေ၊ GPS စနစ်တွေအတွက်လွှတ်တင်ထားတဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေရဲ့ functions တွေမှာ အနှောင့်အယှက်ဖြစ်မယ်၊ အဲ့ဒီနှောင့်ယှက်မှုတွေကြောင့် […]

အချိုရည်နဲ့ အရက်တွေ ကို အခွန်တိုးကောက်ဖို့အတွက် WHO တောင်းဆိုပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အရက်နှင့် သကြားပါသော အချိုရည်များ (SSBs) ကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာအခွန်နှုန်းထား နိမ့်ကျနေကြောင်း ဖော်ပြသည့် ဒေတာအသစ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို လှုံ့ဆော်ရန် နိုင်ငံအများစုသည် အခွန်များကို မသုံးကြကြောင်း တွေ့ရှိချက်က မီးမောင်းထိုးပြသည်။ နိုင်ငံများကို ပံ့ပိုးကူညီရန်အတွက် WHO သည် အရက်ခွန်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာလက်စွဲစာအုပ်ကိုလည်း ထုတ်ပြန်ထားသည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ် အရက်သောက်ခြင်းကြောင့် လူပေါင်း ၂.၆ သန်း နှင့် ကျန်းမာရေး မညီညွတ်သော အစားအသောက်များကြောင့် ၈ သန်းကျော် သေဆုံးကြပြီး အရက်နှင့် SSBs များအပေါ် အခွန်ကို တိုးမြင့်ကောက်ခံခြင်းဖြင့် အဆိုပါ သေဆုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ […]

ချောကလက်နဲ့ ကလေးလုပ်သားပြဿနာ ဘယ်လိုရှင်းကြမှာလဲ

ကမ္ဘာကျော် ချောကလက်ဘရန်းတွေဖြစ်တဲ့ Mars ၊ Nestle ၊ Ferrero ၊ Mondelez တို့လို ချောကလက်ချောင်းတွေကို အင်္ဂလန်အခြေစိုက် Cadbury အများပိုင်ကုမ္ပဏီ ကနေထုတ်လုပ်နေတာပါ ။ အဲ့ဒိ ကုမ္ပဏီကထုတ်တဲ့ ချောကလက်ရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ကိုကာတွေကိုတော့ အနောက်အာဖရိကနိုင်ငံတွေကနေရတာပါ ။ မနေ့က ကုလသမဂ္ဂကိုတင်တဲ့ အစီရင်ခံစာသစ်တစ်ခုမှာ အနောက်အာဖရိကနိုင်ငံတွေက ကိုကာ စိုက်ခင်းတွေမှာ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတယ်ဆိုတာပါရှိပါတယ် ။ ကမ္ဘာ့နာမည်ကြီး ချောကလက်ဘရန်း ၈၂ ခုမှာ ၁၇ ခုက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မောက်မှားတွေ ရှိနေတယ်လို့လည်း အဲ့ဒိအစီရင်ခံစာက စွတ်စွဲထားပါတယ်။ ကိုကာစိုက်ခင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတာက လူအခွင့်ရေး ဆိုင်ရာ ကြီးမားတဲ့ ဖောက်ပြန်မှုကြီးဖြစ်ပါတယ်။ အဲ့ဒါကို အား‌ပေးအားမြှောက်ပြုနေတဲ့ အရင်းရှင်နိုင်ငံတွေကို ကုလသမဂ္ဂ […]

Page 5 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19