Knowledge

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန်အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။တိကျသေချာသော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ – ရေကန်ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ် မြစ်ဝ ဂေဟစနစ် သစ်တော ဂေဟစနစ် မိုးသစ်တော ဂေဟစနစ် မြက်ခင်းပြင် ဂေဟစနစ် ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။ အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊ စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊ သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊ နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။ သန္တာကျောက်တန်း ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ်ဆိုသည်မှာ သန္တာကောင်(Coral or Coral reef)များသည် […]

တိရစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်

ကျွန်တော်တို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်ရှိသည်။ တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လုပ်စား မိသားစုနေထိုင်သည့် သုံးပင်အိမ်ကလေးဖြစ်သည်။ ထိုအိမ်ကလေးမှာ လေးထောင့်သစ်သားပုံးလေးတွေရှိသည်။ သစ်သားပုံးလေးတွေက အရှည်ရှစ်လက်မ၊ အနံခြောက်လက်မလောက်ဆီရှိသည်။ ထိုသစ်သားပုံးလေးတွေထဲမှာ ကောင်ရိုးမျှင်တွေရှိသည်။ မျက်နှစ်စာတစ်ဖက် အပေါ်ပိုင်းအပွင့် လုပ်ထားသော သစ်သားပုံးကလေးတွေသည် စာငှက်ကလေးတွေအတွက် အိမ်ဖြစ်သည်။ ” သူတို့နေစရာရတာပေါ့။ ဒီလိုလုပ်ပေးလို့ဘာမှကုန်တာမဟုတ်ဘူး။ သစ်သားအတိုအပြတ်လေးတွေရှာရိုက်ထားတာ” လို့ အိမ်ရှင်ဦးလေးကြီးကပြောသည်။ လူကမချမ်းသာသော်လည်း ၊ အိမ်မှာ မကောင်းသော်လည်း တိရစ္ဆာန်ငှက်ကလေးတွေအပေါ်မှာ ထားသော သူ့စေတနာမှာကောင်းလှပါသည်။ တကယ်တော့ ကျွန်တော်တို့တွေသည် ကိုယ့်အတွက်သာ စဥ်းစားကြပြီး ကိုယ့်လိုပဲ အသက်ရှိသောတိရိစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်သော စိတ်နည်းပါးကြပါသည်။ သစ်တစ်ပင်ခုတ်ပြီး သစ်သားရဖို့သာစဥ်းစားသည်။ ထိုအပင်ကိုလာနေကြ ငှက်တွေအတွက် မစဥ်းစားကြပါ။ စားကျက်မြေကို လယ်လုပ်ဖို့သာစဥ်းစားပြီး နွားတွေအတွက် ထည့်သွင်းစဥ်းစားခြင်း မရှိပါ။ နောက်ဆုံး တောတစ်တောကိုရှင်းပစ်ဖို့၊ တောင်တစ်တောင်ကိုဖြိုပစ်ဖို့ ကိစ္စတွေမှာတောင် တိရိစ္ဆာန်တွေအတွက် […]

မြစ်ထဲမှာ ရေချိုးဆော့ကစားခဲ့ရသူမို့ မြစ်ကိုချစ်တယ်

ကျနော်တို့ ငယ်ငယ်ကတော့ မြစ်ဆိုတာ ရေချိုးရာနေရာ၊ ကစားရာနေရာတစ်ခုဖြစ်ခဲ့တယ်။ နွေရာသီ၊မိုးရာသီ၊ ဆောင်းရာသီသုံးခုလုံး မြစ်ထဲမှာ ရာသီအလိုက် ပျော်ပါးကစားခဲ့ကြတယ်။ နွေရာသီဆို မြစ်ထဲမှာရေချိုး၊ မြစ်ထဲမှာဆော့ကစား၊ မြစ်ထဲမှာငါးရှာခဲ့ကြရတယ်။ နွေရာသီဆို မြစ်ထဲမှာရေချိုးတဲ့အချိန်ဟာ အနည်းဆုံးနာရီဝက်တော့ကြာတယ်။ ရေချိုးရင် မြစ်ထဲမှာ စိန်လိုက်ပြေးတန်းကစားကြရတယ်။ ကိုယ့်ကိုမမီအောင် ရေအမြန်ကူးပြေးကြရ၊ ရေအောက်ကိုငုံ့ပြီး ပုန်းကြရနဲ့။ လိုက်တဲ့သူကလည်း ကိုယ့်လိုပဲအမြန်ကူးလိုက်၊ ရေအောက်ကို ငုပ်ပြီးရှာလိုက်နဲ့ အင်မတန်ပျော်စရာကောင်းခဲ့သလို ကိုယ်ခန္ဓာတွေလည်းသန်မာခဲ့တယ်။ နောက်တစ်ခုကစားနည်းက ဥသျှစ်သီးအမှည့်ကို ရေနက်ထဲပစ်ချပြီး အပြိုင်အဆိုင်ရေငုပ်ကာ ဥသျှစ်သီးကို ပြန်ယူရတဲ့ကစားနည်းဖြစ်တယ်။ ကြည်လင်နေတဲ့မြစ်ရေအောက်မှာ ဝင်းဝါနေတဲ့ ဥသျှစ်သီးမှည့်ကို အတိုင်းသားမြင်နေရတယ်။ မိုးရာသီမြစ်ရေတက်ချိန်ဆိုရင် မြစ်ထဲက ရှည်းတောမှာ မျောချပြီး ရေထဲမှာ ပေါ်နေတဲ့ ရင့်ရဲပင်တွေဆီသွားရတာ စွန့်စားခန်းတစ်ခုလိုပါ။ ရင့်ရဲပင်တစ်ပင်ကနေ နောက်တစ်ပင်ကိုကူးပြီး ရေနက်သထက်နက်ရာကို သူငယ်ချင်းတွေနဲ့အတူကူးပြီးသွားလာခဲ့ရတာကို မမေ့နိုင်ပါ။ ကမ်းပါးပေါ်ကနေ မြစ်ထဲကို […]

ပြင်သစ်မှာ လယ်သမား​တွေလမ်းပိတ်ဆန္ဒပြ​

ဇန်နဝါရီ ၂၉ ရက်က ပြင်သစ်မြို့​တော် ပါရီ ဆီသို ဝင်တဲ့လမ်း​ကြောင်း ၈ ​ကြောင်းလုံးကို ပိတ်ပြီးပြင်သစ်လယ်သမား​တွေ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဆန္ဒပြရတဲ့ အ​ကြောင်းက​တော့ လယ်ယာလုပ်ငန်ခွင် ​တွေမှာ အခက်အခဲ​တွေ များလာတာရယ် အာဏာပိုင်​တွေဘက်က လိုအပ်တဲ့ပံ့ပိုးမှု​တွေ မရတဲ့အတွက်​ကြောင့်လို့ဆိုပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်သစ် ဂါဘရီရာယ်အက်တယ် က ဒီက​နေ့ပါလီမန်မှာ လယ်သမား​တွေအတွက်အကူအညီဖြစ်မယ့် အစီအစဥ်သစ်တစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ ဒါ​ပေမဲ့ ပြည်ထဲ​ရေး ဝန်ကြီးက​တော့ အများပြည်သူဆိုင်ရာ ပိုင်ဆိုင်မှု​တွေကို ထိပါးလာ​နေတဲ့အတွက် ဆန္ဒပြမှုကို ဖြိုခွင်းဖို့ လို လာပြီဖြစ်​ကြောင်း တင်သွင်းသွားပါတယ်။ ပြင်သစ်ရဲ ၁၅၀၀၀ကိုလည်း ဆန္ဒပြမှုကိုဖြိုခွင်း ဖို့အရန်သင့် ပြင်ဆင်ခိုင်းထားပါတယ်။ ဆန္ဒပြလယ်သမား​တွေက​တော့ ရာ​ပေါင်းများစွာ​သောထရပ်ကား​တွေ ​ကောက်ရိုးထုံး​တွေ နဲ့ မိန်းလမ်းမ​တွေကို ပိတ်ဆို့ထားပါတယ်။ အဓိက အ​ကြောင်းအရာက​တော့ ယူကရိန်း-ရုရှား စစ်ပွဲ​ကြောင့် ​လောင်စာ […]

လူ့ဦးနှောက်ထဲကို ပထမဆုံး ကွန်ပြူတာချစ်ပ်စ်ပြားထည့်သွင်းမှု အောင်မြင်ပြီ

နည်းပညာ ဘီလျံနာ အီလွန်မာ့ခ်ရဲ့ နျူထရယ်လင့်ခ် ကုမ္ပဏီဟာ ကြိုးမဲ့ ဦးနှောက်ချစ်ပ်တခုကို လူ့ဦးခေါင်းအတွင်း ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ကနဦးရလဒ်တွေအရ အလားအလာရှိတဲ့ အာရုံကြောလှုပ်ရှားမှု သို့မဟုတ် အာရုံကြောတွန်းအားတွေကို တွေ့ရှိခဲ့ရပြီး လူနာဟာ ပြန်လည်ကောင်းမွန်းလာကြောင်း အီလွန်မတ်က ပြောပါတယ်။ ဒီချစ်ပ်ကို ဦးနှောက်အတွင်း ထည့်သွင်းထားခြင်းဖြင့် ဖုန်း သို့မဟုတ် ကွန်ပြုူတာအပါအဝင် စက်ပစ္စည်းနီးပါးတိုင်းကို စိတ်ဖြင့်ထိန်းချုပ် ဖွင့်နိုင်ဖွယ်ရှိနေပြီး ခြေလက်အင်္ဂါအသုံးပြုနိုင်စွမ်း ဆုံးရှုံးသွားသူတွေအတွက် ဦးစားပေးသွားမယ်လို့ အီလွန်မတ်က ပြောပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်မှာ လူဦးနှောက်ကို ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့ဖြစ်ပြီး ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ အခြေအနေတွေနဲ့ ဝေဒနာရှင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးလိုတယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေဟာလည်း အလားတူနည်းလမ်းတွေကို စမ်းသပ်လျှက်ရှိပြီး အီလွန်မတ်ရဲ့ နျူထရယ်လင့်ခ်ကုမ္ပဏီဟာ ချစ်ပ်ပြားတွေကို လူနဲ့ […]

ကမ္ဘာကြီးကို‌စောင့်ရှောက်ဖို့ ခွေးမွေးတာကို စွန့်လွှတ်ရတော့မလား

ကမ္ဘာ့လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းက အိမ်မှာ အချစ်တော်တိရစ္ဆာန်လေးတွေကို မလိုအပ်ဘဲ မွေးမြူထားကြပါတယ် ။ အဲ့ဒိမွေးမြူရေးအချစ်တော်တွေက ထွက်တဲ့မီသိန်းနဲ့ နိုက်ထရိုဂျင်အောက်ဆိုက်လို ဖန်လုံအိမ်ဓာတ်ငွေ့တွေက ကမ္ဘာကြီး ပူနွေးလာမှုကို တိုးလာစေပါတယ် ။ အဲ့ဒါကို ကျနော်တို့ ဘယ်လိုလျှော့ချကြမလဲဆိုတဲ့ မေးခွန်းကသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကို ခေါင်းကိုက်စေတဲ့ မေးခွန်းဖြစ်လာပါတယ် ။ လေ့လာမှုအသစ်တစ်ရပ်အရ ဥရောပက အိမ်ထောင်စု သန်း ၉၀ ကျော်မှာ အိမ်မွေးခွေးတွေ ရှိနေပါတယ်။ ကမ္ဘာနဲ့နှိုင်းယှဥ်ကြည့်ရင် ဥရောပမိသားစု ၆၀ ရာခိုင်းနှုန်းကျော်က ခွေးမွေးထားကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တစာစာအော်နေတဲ့ မိသားစုတွေမှာတောင် ခွေးမွေးထားပါတယ်။ လူဇင်ဘတ်အခြေစိုက် ဇိမ်ခံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Luxaviation ရဲ့ CEO က အိမ်မွေးတိရစ္ဆာန်များ ထားရှိခြင်းသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားခြင်းလိုပဲ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းကိုဖြစ်စေတယ်လို့ ဆိုလာပါတယ်။ […]

ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီး စားလို့ရအောင်လုပ်နိုင်တယ်လို့ပြောပြီ

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလွှင့်ပစ်နေကြတဲ့ ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီးတော့ အနှစ်တုံးတွေ လုပ်ကာ အရိုးတစ်ရှုးစားသောက်ကုန်အဖြစ် ပြန်လုပ်ရင် စားနတ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့နေရာ တွေအတွက် ပြဿနာတစ်ရပ်ပြေလည်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ထောက်ပြလာကြပါတယ်။ ဖင်လန် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ SuperGround က အထက်ဖော်ပြပါ အိုင်ဒီယာကို အစားအသောက်အလေ့အလွင့် လျှော့ချဖို့နဲ့ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းတွေကနေ ထွက်ရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မီသိန်းဓာတ်ငွေ့ လျှော့ချနိုင်ရေးအတွက်တင်ပြ ဆွေးနွေး သွားတာပါ ။ SuperGround တည်ထောင်သူနှင့် တီထွင်သူ အကြီးအကဲ Santtu Vekkeli က “ကျွန်တော် မဖြေရှင်းနိုင်တဲ့ အစားအသောက်ဆိုင်ရာ ပြဿနာများစာရင်းကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်” လို့ Euronews Green ကို ပြောပါတယ်။ “အင်ဇိုင်းများလို ဓာတုပစ္စည်းများမပါဘဲ […]

အေဂရိုဗို့တစ် ဆိုတာ ၂ စီးပွားဖြစ်လို့ အနာဂတ် စိုက်ပျိုး-စီးပွားရဲ့လမ်းပြဖြစ်လာမှာပါ

လယ်ယာလို့ပြောလိုက်ရင် စားသောက်ကုန်ထုတ်လုပ်တဲ့ စီပွားရေးကဏ္ဌ တစ်ရပ်လို့မြင်နေတဲ့ အမြင်က ဒီကနေ့ကမ္ဘာမှာ အပြောင်အလဲ ဖြစ်နေပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသီးအနှံတွေကို ပျိုးထောင်၊ ရိပ်သိမ်း ၊ အနှံခြွေလောက်နဲ့ မလုံလောက်တော့ပါဘူး။ ခေတ်မီတဲ့လယ်သမားတွေကတော့ စိုက်ခင်းတွေကနေ သီးနှံတွေအပြင် လျှပ်စစ်စွမ်းအင်တွေကို ထုတ်လုပ်နိုင်အောင် ရင်းနှီးမြုပ်နှံလာကြပါပြီ ၊ အေဂရိုဗို့တစ်လို့ခေါ်တဲ့ လယ်ယာထွက်လျှပ်စစ်တွေကို စီးပွားဖြစ်လုပ်ဖို့ကြိုးစားလာကြပါပြီ ။ စိုက်ခင်းတွေနဲ့ ဆိုလာခင်းတွေကို တွဲနိုင်အောင်လုပ်လာကြပါပြီ။ သီးနှံထုတ်မယ် ၊ ပြီးတော့ လျှပ်စစ်ထုတ်မယ်ပေါ့။ အမေရိကားက မက်ဆာချူးဆက်ပြည်နယ်မှာ Blue Wave လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ လုပ်တဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ အဲ့ဒိ ကုမ္ပဏီက ဂေဟစနစ်မပျက်စီးစေဘဲ စီးပွားရေးအရ အောင်မြင်တဲ့အပြင် သန့်စင်တဲ့စွမ်းအင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ရရှိရေးအတွက် စီမံကိန်းတွေ ရေးပေးနေတာပါ ။ အဲ့ဒိကုမ္ပဏီရဲ့ ညွှန်ချုပ် […]

သယံဇာတနှင့်ပတ်သက်ရင်

အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီဟာ နိုင်ငံရဲ့ရှေ့ရေးကို ပြက်ပြက်ထင်ထင်မြင်ခဲ့တယ်လို့ ဆရာ့ရဲ့ကဗျာတွေထဲက တချို့ကို ဖတ်ပြီးတွေးမိပါတယ်။ အဲဒီကဗျာတွေထဲမှာ ” တို့တိုင်းပြည်” ဆိုတဲ့ ကဗျာလည်းပါပါတယ်။ ဆရာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို ” ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ် စေတီစပါး၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညိုးညိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားရလေ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း” လို့ ကဗျာပထမပုဒ်မှာတင် စသတိပေးခဲ့တာပါ။ ခုတော့အားလုံးသိတဲ့အတိုင်းပါပဲ။ မြန်မာ့ဆန်စပါးတွေရဲ့ အရည်အသွေးဟာ ပေမီဒေါက်မီမရှိလို့ ထိုင်း၊ ဗီယန်နန်စတဲ့ နိုင်ငံတွေကလောက် ကမ္ဘာ့ဆန်စျေးကွက်မှာ စျေးမရကြပါဘူး။ တကယ်တော့ဒါဟာ စိုက်ပျိုးရေးမှာ နည်းမှန်လမ်းမှန်မကျင့်သုံးနိုင်တာကိုပြနေတာပါပဲ။ ကိုယ့်စိုက်ပျိုးမြေသယံဇာတကို အကောင်းဆုံးအသုံးမပြုနိုင်သေးတာပါ။ နောက်ဒုတိယအပိုဒ်မှာ ဆရာသတိပေးထားတာက ” […]

“”ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု””

ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ လာ၍ “ပုံသွန်းရန်သင့်သော ပစ္စည်း” ဟု အနက်ရ၏။ နှစ်ပေါင်းအတော်ကြာစွာပင် ပုံသွန်းရလွယ်သော ပစ္စည်းများကိုလည်းကောင်း၊ ဖိအားဖြင့် ပုံပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း ပလတ်စတစ်အဖြစ်အသုံးပြုခဲ့ကြ၏။ ထိုပစ္စည်းတို့တွင် မြေစေး၊ ကော်ဖတ်နှင့် သတ္တုအချို့ပါဝင်၏။ ယခုအခါ ပလတ်စတစ်ကို ပစ္စည်းအမျိုးမျိုးမှ ဓာတုဗေဒ နည်းများဖြင့် ရောစပ်ယူနိုင်ပြီဖြစ်ရာ ပလတ်စတစ်လုပ်ငန်းသည် အထူး တိုးတက်ဖွံ့ဖြိုးလျက် ရှိပေ သည်။ ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆို၏။ ဤသို့ဆိုရာ၌ ထိုပစ္စည်းများကို တစ်ခါတည်းရောစပ်၍ ပလတ်စတစ်ပြုလုပ်သည်ဟု မဆိုလိုချေ။ ထိုပစ္စည်းများကို ပထမအဆင့်အားဖြင့် ကြားပစ္စည်းအမျိုးမျိုးကို ပြုလုပ်ပြီးမှ၊ ထိုကြားပစ္စည်းမှတဆင့် ပလတ်စတစ် ပြုလုပ်ကြရသည်။ ကျောက်မီးသွေး၊ ရေ၊ လေ၊ ထုံးကျောက်နှင့် ဆားတို့ကို ကြားပစ္စည်းပြုလုပ်ရန် အတွက် အများအပြားအသုံးပြုကြသည်။ […]

Page 4 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19