Knowledge

အညာဒေသရဲ့တန်ဖိုးရှိတဲ့ကန်ကြီးများ (မင်းကန်ကြီး)

ချောက် ရေနံချောင်း ဒီအနီးတစ်ဝိုက်မှာတော့ အကြီးဆုံးကန်ကြီး ရေနေဆုံး ကန်ကြီးလို့ ပြောလို့ရပါတယ်။ ဂွေးချိုတောင်တန်းနောက်ကို ကန်​ပေါင် (ကန်ဘောင်) နောက်ခံ ထားကာ ပတ်ချာလည်မှာလည်း ဂွေးချိုတောင်တန်း တွေ ဝန်းရံထားပါသည်။ ပတ်ချာလည် သစ်ပင်တောင်တန်းတွေက ဝန်းရံထားတာဆိုတော့ သဘာဝအတိုင်း လေတိုက် ရေငွေ့ပျံမှု့ ထိန်းသိမ်းပြီးသားလည်း အတော်အသင့်ဖြစ်သွားမှာပါ။ ကန်ဧရိယာကတော့ အတော်ကြီးမားလှတဲ့ ကန်ကြီးပါ။ ကြိုက်သလောက်ရေဝင် နောက်ခံကလည်း တောင်တန်းကြီးတွေ ဆိုတော့ ထိန်းထားနိုင်ပါသည်။ ကန်ကြီးက ရေဓာတ်တွေကြောင့်လားမသိဘူး ကန်ရဲ့ အနောက်ဘက်ခြမ်း တောင်တန်း တွေဆို အရိပ်လည်းကောင်း တောင်တန်းထဲ ဖြတ်သွားလိုက်ရင် ရာသီဥတုက အေးချမ်းလှပါသည်။ တောကောင်းအေးချမ်းလှတဲ့နေရာမှာ ဘုန်းကြီးကျောင်းလေး လည်းရှိပါသည်။ ကန်ကြီးသွားရာလမ်းကတော့ နှစ်လမ်းရှိ။ ဂွေးချိုကနေ တစ်ဆင့် လမ်းခွဲ ကျောက်ပန်းလမ်းတိုင် လိုက်ပြီး အနီးနား လမ်းဘယ်ဘက် […]

ဖူချီးယား

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ်ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာက ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ် ၏အမည်ပေးခဲ့သည်။ အပွင့်များသည် အောက်ဖက်သို့ တြဲလ်ားက်စြာ ပွင့်တတ်သည့် best hanging basketflower ဖြစ်သည်။ အေအးဓာတ္ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်များတွင် အထူးထင်ရှားသည်။ စိုစွတ်သော မြေအမျိုးအစားတွင် စိုက်ပျိုးသင့်သည်။ ရာသီဥတုနှင့် မျိုးစိတ်အမျိုးအစားပေါ်မူတည်၍ ပန်းပွင့်ချိန် ကွဲပြားသည်။ ပုံမှန်အခြေအနေတွင် ဖူချီးယားပန်းများသည် မတ္လမွ ဧပြီလတွင် […]

မြန်မာ့တောင်တန်းများ (ဂမ်လန်ရာဇီ)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်တည်ရှိသည်။ ၎င်းသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် တည်ရှိပြီး ဟိမဝန္တာ တောင်တန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ တောင်သည် မြန်မာနှင့် တိဘက်တို့ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယနှင့် သုံးနိုင်ငံတွေ့ဆုံရာ နေရာမှ ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၅၈၈၁ ကီလိုမီတာ အမြင့်ရှိသည့် ခါကာဘိုရာဇီ သည် ဂမ်လန်ရာဇီမှ ၆.၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဂမ်လန်ရာဇီသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများနှင့် ရေခဲများ ဖုံးလွှမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ မြေတိုင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဂမ်လန်ရာဇီတောင်သည် နှမ်းဖတ်ကျောက် အမျိုးအစား ဖြစ်သည်။ အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်၏ အမြင့်သည် ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိသည့်အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ […]

မြန်မာ့တောင်တန်းများ (ပြက္ခရွေတောင်)

ပြက္ခရွေတောင် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ကူမဲမြို့အနီး၊ ရန်ကုန်မန္တလေး ကားလမ်း၊ မိုင်ဂိတ်မှ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၎င်းမိုင်ဂိတ်မှ လမ်းခွဲပြီး ကင်းတားလမ်းမကြီးအတိုင်း အရှေ့တောင်ဘက် ယွန်းယွန်းရှိ ကင်းတားတူးမြောင်း၊ လက်ဝဲတူးမြောင်း၊ ခဝဲဖြူချောင်းတံတားအထိ သွားရသည်။ ထို့နောက် သဲဖြူချောင်းတံတားကို ကျော်၍ လက်ယာဘက်ချိုးကာ ကင်းတားလက်ဝဲ တူးမြောင်းမကြီး အတိုင်းစုန်ဆင်းပြီး ကော်ဖီခြံတံတားထိပ်ထိ ဆက်လက်သွားရသည်။ ၎င်းမှ လက်ဝဲဘက်သို့ ချိုးကာ တောင်ကြီးလမ်းအတိုင်း ပြက္ခရွေတောင်ခြေသို့ သွားရသည်။ တောင်ခြေတွင် ကားရပ်နားစခန်းရှိသည်။ ပြက္ခရွေတောင်ဟူသော အမည်ကား တောင်တစ်လုံးတည်း၏ အမည်မဟုတ်ပေ။ ပြက်တောင်နှင့် ခရွေတောင် တောင်နှစ်လုံးအမည်ကို ပေါင်း၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဒေသအခေါ်အဝေါ်အရ အရှေ့တောင်ကြီး၊ အနောက်တောင်ကြီးဟု ခေါ်ကြသည်။ ပြက္ခရွေ အရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟူ၍လည်း ခေါ်ကြသည်။ […]

ရေသတ္တဝါများအတွက် ကြီးမားသော အန္တရာယ်ကောင်များ

မြန်မာနိုင်ငံတွင်းရှိ ရေအောက်သဘာဝတရားကိုထိခိုက်နိုင်သော ကျူးကျော်ငါးကြီးမျိုးများ – ၁။ ပီးကော့ဘားစ် ၊ တီလားပီးယားနှင့် အခြား Cichlid မျိုးစုဝင်ငါးများ (Peacock Bass, Tilapia, and other Cichlids) ၂။ တိုမန်ငါးရံ့ (ခေါ်) ငါးရံ့ဘီလူး (Toman Snakehead or Giant Snakehead) ၃။ စုပ်ခွက်ငါး (ခေါ်) မြွေပွေးငါးခူ (Armoured Suckermouth Catfish / Plecostomus) Art Commission by Burmese Creature #Crd

မြန်မာ့မြေပေါ်က ကျွန်းများ (မျောက်နီကျွန်း(Red Monkey Island))

မျောက်နီကျွန်း(Red Monkey Island) သည် မြန်မာနိုင်ငံတောင်ဘက် ကော့သောင်းမှ မိနစ် ၄၀ ခန့် သွားရသည့် ကျွန်းငယ်လေးဖြစ်သည်။ ကမ်ဘာပေါ်တွင် အလွန်လှပသောနေရာဖြစ်ပြီး မပျက်စီးသေးသောသဘာဝရင်းမြစ်များ၊ ပြာလဲ့ကြည်လင်သောရေ၊ ဖြူ ဖွေးနေသော သဲသောင်များနှင့် ဒေသခံတို့၏ အံ့သြဖွယ်ကောင်းသော လူနေမှုပုံစံများကြောင့် ကမ္ဘာ့ခရီးသွားများအကြား အတော်လေးရေပန်းစားသည်။ အဆိုပါကျွန်းသည် အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဩစတေးလျ၊ အိန္ဒိယနှင့် ပစိဖိတ်ဒေသများတွင် နေထိုင်သည့် flying fox ခေါ် လင်းနို့မျိုးစိတ်တစ်ခု၏ အခြေချနေထိုင်ရာ နေရာဒေသတစ်ခုလည်းဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ် ဇီဝမျိုးမျိုးကွဲများ၊ သန္တာကျောက်တန်းများကလည်း ကျွန်း၏အလှကို ပိုမိုပြည့်စုံစေကာ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ အာရုံကျရာ ကျွန်းတစ်ခုဖြစ်သည်။ #Greeness Photo:Credit

ရွှေနွယ်ရိုးပင်

အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ယင် ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့ တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေ လက်လျှော့နေရတဲ့ ရောဂါ ရေဖျဉ်းရောဂါ ပျောက်ပါတယ် ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ ပျောက်ပါတယ် အားလုံး ကျန်းမာ ချမ်းသာကြပါစေ ဂုဏ်နှင့်စွမ်းရည် ၄င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။ ရောဂါအလိုက်အသုံးပြုပုံ အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက် ၄င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။ အသည်းအားနည်း/အားပျော့ခြင်းအတွက် ၄င်းရွှေနွယ်ကို ပြုတ်၍ ၄င်းပြုတ်ရည်သက်သက်ကို၄င်း ။ အခြားဆေးဘက်များနှင့်၄င်းသောက်မူ အသည်းကို များစွာအားပေး၏။ သွေးဖောက်ပြန်ရောဂါ ၄င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် […]

သစ်ခိုးကောင် / ထင်းခိုးကောင်

သစ်ခိုးကောင် / ထင်းခိုးကောင် ပါတဲ့။ အခုမှမြင်ဖူးတယ်ဗျာ။ ပုံတင်ပေးတဲ့သူကိုလည်း ကျေးဇူးပါခင်ဗျ။ ငယ်ငယ်တုန်းကဆိုရင် လူကြီးတွေက သူများထင်းတွေခိုးမသုံးနဲ့ ထင်းခိုးကောင်ဖြစ်တတ်တယ် ဆိုပြီး ပြောလေ့ရှိကြတယ်တဲ့။ မန္တလေးဘက် ရှမ်းပြည်ဘက် တွေမှာ အတွေ့များပါတယ်တဲ့ဗျာ။ နေရာဒေသပေါ် မူတည်ပြီး အခေါ်အဝေါ် ပြောင်းလဲလာတယ်ထင်တယ်။ Crd: photo (အပင်စိုက်သူများ ဆုံဆည်းရာ)

ပန်သီးပုံနဲ့ ငှက်ပျောသီးအရသာ သရက်ပင် စိုက်ပျိုးအောင်မြင်

အိန္ဒိယနိုင်ငံတောင်ပိုင်း မန်ဒရာခရိုင်က ကီရူဂါဗာလူ ရွာက ခြံသမားတစ်ဦးက သူ့ခြံကနေ သရက်မျိုး ၁၁၉ မျိုးတောင် စိုက်ပျိုးနိုင်ခဲ့လို့ ဒေသတွင်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း မှာ ဖော်ပြခံနေရပါတယ်။ ဒေသအတွင်းကလူတွေတင်မကဘူး ၊ ပြည်နယ်အတွင်းက လူတွေပါ စိတ်ဝင်စားမှု ခံရလို့ သူ့ခြံကို လာရောက်ကြည့်ရှု့ကြပါတယ်။ ဆေးရက်ဂန်ဒီခန်ရဲ့ ခြံက နည်နည်ရရတော့မဟုတ်ပါဘူး။ အဲ့ဒိခြံကို မျိုးဆက်နဲ့ ချီပြီး ထိန်းသိမ်းလာတာပါ ။ အခုဆိုရင် ခြံရဲ့ သက်တမ်းက နှစ် ၂၀၀ ကျော်နေပါပြီ ၊ ခြံထွက်သရက်သီးက အရသာအမျိုးမျိုး ကိုရှိလို့ မိုင်ဆိုးက မဟာရာဇာတွေတောင် ကြိုတင်မှာ စားရပါတယ်။ အခုဆိုရင် ခြံကို ထိန်သိမ်းလာတာ မျိုးဆက် ၇ ဆက်ရှိနေပါပြီ ၊ နာမည်က ဘာဒါဘောက် ( […]

မိုးကုတ်

  မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု ​ခေါ်ခဲ့ကြသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။ အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း […]

Page 15 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19