ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။ ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် […]