Art Work

ပြန်လာမယ့်နှင်းတွေ

ပုစဉ်းပျံလေးတွေ ဝဲနေတယ် ဆောင်းဝင်လာတော့မယ် လေသံတိုးတိုးလေးနဲ့ ကိုယ့်ငွေ့နွေးနွေးလေးကို လွမ်းရ တချိန်ကအကြောင်းဟာ တနေ့နေ့ကို မျှော်တလင့်လင့် နှင်းရည်စိုလက်တဲ့ လမ်းကလေးပေါ် အရင်လိုစိတ်နဲ့ ကြည်နူးရိပ် အချစ်ရေ ရောက်ရာအရပ်က ပြန်လှည့်ပါ ရင်ထဲမှာ တကျည်ကျည်မြည်နေပြီ။ . ထွန်းကို

လူ့ဝန်တာ

ကောင်းကင်နဲ့ မြေလွှာ သာယာပါရဲ့။ အလှကို ပုံစံပျက်အောင် (အိုကွယ်…) မဖျက်ပါနဲ့။ ။ အောင်ကိုထိုက် (အရာတော်) Photo Credit

တောလမ်းကလေး

တရားသံနည်းနည်း တောအဖျားမှာ လှိုက်ခတ် ဝေဖြာ ခြေလှမ်းတိုင်း အေးချမ်းမှုကို ခင်းထားတယ်။ ဘဝဆိုတာ စစ်မြေပြင်တစ်ခုပဲ…လို့ သင်ကြားပေးသူ မမတစ်ယောက် စိန်တစ်ဆင်စာမှာ စစ်ရှုံးသွားခဲ့ပုံ ဦးနှောက်ထဲဝင်ပြီး တောခြောက်ဆဲ။ ကြာပြီလား/ကြာခဲ့ပြီလား/ကြာပါပြီ တောလုံးစိမ်းမြ နှင်းရည်သောက် သောကတချို့ ဆောင်းဦးပေါက်ခဲ့တာ….။ အောင်မှူးဝေ ၃၊၁၀၊၂၀၂၁

နိယာမ အလွဲများ

ကမ္မစိတ္တာ နိယာမရယ်နဲ့ ဥတုဗီဇတဲ့ ဓမ္မနိယံ။ ချမ်းသာလို မြဲကြိုးစားတော့ တိုးပွားအမှန်။ ဖြစ်ပွားခြင်း အကြောင်းကံ ကုသလံ အကုသလ။ ကံ ကိုပုံ ဉာဏ်မသုံးတော့ လူဖြစ်ရှုံးရ။ စိတ်အလို လိုက်သမျှတော့ အမိုက်ဘဝ တဏှာနွံ။ လှုပ်လေလေ နွံမှာနစ်လို့ စင်စစ်နယ်ကျွံ။ စိတ်အတွေး မလွန် ဉာဏ်တံခွန်နဲ့ ချွန်းအုပ်ကောင်း။ မိတ်အပေါင်းရွှင် စိတ်ကောင်းလျှင် ဒေါသဝေးတော့ လောကအေးကြောင်း။ သုံးရာသီ နွေမိုးဆောင်းရယ်က ပြောင်းလဲကြ အချိန်မှန်။ ပူ နေလျှင် အေးအောင်လုပ်လို့ ကျုပ်တို့စီမံ။ အေးလေတော့ နွေးအောင်ဖန် ရာသီဒဏ်ကို ကုစား။ တစ်မျိုးပြောင်းစေ မိုးဆောင်းနွေ အချိန်ကိုက်ပေါ့ အလိုက်ပြင်သွား။ ဗီဇအနွယ် ဖြစ်မြဲတရားကိုလ လွဲမှားဖို့ ကြံဆယူ။ တိုးတက်လာ ကမ္ဘာကြီးက မီး လိုပဲပူ။ ပေါင်းကူးလို့ […]

နှင်း သို့ — ၁

ပြာလဲ့လဲ့ အရောင်လေး စိတ်ကို ငြိမ်းချမ်းလို့ ဆောင်းဦးရာသီထက် စောလွန်းစွာ ငါ့နှလုံးသားဆီအထိ တိုးဝှေ့ အိပ်မက်ထဲယောင်မိလျှင်တောင် စံပယ်ပန်းရနံ့လေးသယ်ဆောင်လာပြီး စိတ်ချင်း နွေးထွေးမှုကိုပေးတယ် စိတ်တွေပဲတူနေသလား ရနံ့လေးတွေပဲမွှေးနေတာလား ပကာသန မပါတဲ့ သနပ်ခါးရနံ့လေး ငါ့ရင်ကို နွေးထွေးစေတယ် မနက်စောစော အိပ်ယာအထမှာ ရင်ခွင်ထဲကို အဦးဆုံးတိုးဝှေ့သူဟာ စံပယ်ပန်းရနံ့လေးနဲ့အတူ နှင်း ပွင့်လေးတွေ ပြုံးပြပျော်မြူးလို့ ။ ။ ရိုးခက်

ဗွတ်ကလုံ

သစ်ပင်ပေါ်က တေးသံစုံ ပါးနီလေးနှင့် ဗွတ္ကလုံ ဟိုခုန်သည်ခုန် သစ်ခက်ကြား ကောင်းနိုးရာရာ သူရှာစား တို့အိမ်နားက ခြံထဲမှာ သူ့အသိုက်ကို တွေ့ရပါ အသိုက်ထဲမှာ စုတရုံး ပန်းရောင်နီပြောက် ဥေလးလုံး ဥေလးလုံးက ပေါက်သောခါ သူတို့ တေးသံ ကြားရမှာ ပေါက်ပါကြီးပါ ငှက်ငယ်များ ငါတို့တစ်တွေ မျှော်စောင့်စား #မင်းသုဝဏ် Photo:#Kothant(MDY)

Page 26 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28