Art Work

ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်း

ကျွန်တော်တို့တိုင်းပြည် အေးချမ်းသာယာပြီး ပြည်သူတွေ လုံခြုံစွာနဲ့ ပျော်ရွှင်ခွင့်ရတဲ့နေ့ကျရင် သဘာဝပတ်ဝန်းကျင် ရှုခင်းတွေ၊ သဘာဝအလှအပတွေ၊ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ နေရာလေးတစ်ခုဆီ အလည်သွားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့… ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးမှာရှိတဲ့ ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်းပဲ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာကားလမ်းအတိုင်းဆိုရင်ကွင်းကောက်မြို့ မရောက်ခင် ၅မိုင်အလိုလောက်မှာ တောင်ဇင်းရွာတည်ရှိပါတယ်။ တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကို လမ်းညွှန်ဆိုင်းဘုတ်အတိုင်းအတွင်းကို၃မိုင်ခန့်ဝင်သွားရင် ကြပ်ပြင်တောရသာသနာ့နယ်မြေ ရှေးဟောင်းဂဝံမြို့ဟောင်းကို ရောက်ရှိပါပြီ။ ယခုအချိန်သွားရင်​ စိမ်းစိုလှပပြီး စမ်းချောင်း ကလေးနဲ့ အရမ်းသာယာတဲ့နေရာလေးပါ။ ရှေးဟောင်းသုတေသနဋ္ဌာနမှ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာ ကို ပျူမြို့ဟောင်းလို့ ပြောဆိုထားပါတယ်။ ဘီစီ ၃ရာစုနဲ့ ၆ရာစုအတွင်း တကောင်းခေတ်ဟုခေါ်တွင်တဲ့ ပျူခေတ်မှာ ပျူမြို့၃၂မြို့ တပ်မြို့ ၉မြို့ မြို့ငယ်ပေါင်း၂၀၀ကျော် ရှိတဲ့အနက် ပင်လယ်ပျူမြို့ဟာ ဧရာဝတီတိုင်းအတွင်းတည်ရှိပါတယ်။   ယခုမြို့ဟောင်းဟာ […]

အနာတရ မြစ်ဆုံ

မေခနှင့် မလိခ ချစ်စရာ့ မြစ်နှစ်သွယ်။ ညီညီညာ အတူစီး ခရီးသာတယ်။ ဧရာရဲ့ အစကွယ် အလှရယ် စုံသည်ပေါ့။ ရာဇဝင်တွင် သတို့သမီးတဲ့ ရှုမငြီးစရာနော့။ ဧရာကို အမှီပြု လူမှုဘဝ ဖွံ့ဖြိုးစေ။ တိုင်းနိုင်ငံ ပြည်အဝှမ်း အေးချမ်းခဲ့ပေ။ မိခင်သို့ ပမာပေ ဖြာဝေသည့် သူ့အလှ။ တို့မြန်မာ သမီးသားနဲ့ ခွဲခြားမရ။ ဧရာကို မောင်ပိုင်ပြု လူတစ်စု ဖေါက်ပြန်ချိန်။ တို့ခေတ်မှာ ရေကြည်နောက် ပျောက်မလောက်မှိန်။ မြန်မာရဲ့ ဂုဏ်သိန် တိမ်တိမ်လာနေပြီမို့။ မြစ်ဧရာ နဒီကြောရယ် (အမှိုက် သရိုက်တွေကလေ…) မျောရှာပြီပေါ့။ ။ အောင်ကိုထိုက် (အရာတော်) Photos Credit.

စကားတောင် (သို့) ထိုးဆိပ်ရေတံခွန်နှင့်ဂူ

#တည်နေရာ အုန်းချော၊ ဆည်တော်လေးရွာမြောက်ဘက် စကားတောင် #လမ်းညွှန် အုန်းချော တံတားအကျော်မီးပွိုင့် အရှေ့ ဆည်တော်လေးရွာသွားလမ်း အတိုင်းဝင်သွားပါ။ 2 မိနစ် 3 မိနစ်ခန့် သွားပီးတဲ့အချိန်လောက်မှာ လမ်းဘယ်ဘက်ကို ကြည့်သွားပါ။ လမ်းခွဲတစ်ခုတွေ့ပါမည်။ မြစကြာတောရ ဆိုင်းဘုတ်လမ်းညွှန်အတိုင်း လမ်းဘယ်ဘက်သို့ ချိုးဝင်သွားပါ။ နောက်ထပ် မြစကြာတောရ ဆိုင်းဘုတ်တစ်ခုထပ်တွေ့ပါမည်။ အဲ့လမ်းအတိုင်းဘယ်ဘက်သို့ချိုးဝင်သွားပါ။ ရေကျော်တစ်ခု ကိုဖြတ်ရပါမည်။ လမ်းအတိုင်းတည့်တည့်ကြီးသွားပါက ဆည်တော်လေး ရေချိုးဆိပ်သို့ရောက်ပါမည်။ ဆည်တော်လေး ရေလွှဲတံတားကိုဖြတ်ပီး တည့်တည့်သာသွားပေတော့။တောင်ခြေမရောက်မခြင်းသာမောင်းပေတော့… #တောင်ပေါ်ဘုန်းကြီးကျောင်းသို့ခြေလျင်တက်ရန် 10 မိနစ်ခန့် #ဘုန်းကြီးကျောင်းမှရေတံခွန်သို့ 2 မိနစ်ခန့် ဆိုင်ကယ်ကျွမ်းကျင်ရင် ဘုန်းကြီးကျောင်းအထိတက်လို့ရပါသည်။ ( အန္တရာယ်မဖြစ်ဖို့ ဂရုတော့စိုက်ပါ) #ကြာချိန် အုန်းချောမှ စကားတောင်ခြေအထိ မိနစ် 30 ခန့် #လမ်းအနေအထား စကားတောင်ရောက်ခါနီး 10 မိနစ်အလိုမှာ […]

သစ်ရွက်ခြောက်

မကြာခင် အိပ်ရေး၀၀ အိပ်ရတော့မယ် ဇောက်ထိုးမြင်တဲ့ ကောင်တွေဘေး စိတ်အေးရတော့မယ် နွေဦးမှာ ကိုယ်ဖော့တတ်ရုံနဲ့ လေရူးနောက် လိုက်ရတာလည်း ပျော်စရာကောင်းပါတယ် ကြွေကျပြီးမှတော့ ဒီလောက်ပဲ။ ။ #ရွှေပိုးအိမ်(ပဲခူး) ၂၀၁၉

Page 19 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28