Art Work

နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားသား အများစု ငယ်ရွယ်တဲ့အချိန်မှာ ပညာပြည့်စုံအောင် ဆည်းပူးတယ်။ အလုပ်လုပ်ရမယ့် အရွယ် ရောက်လာရင်လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သေချာတာဝန်ကျေအောင် ကြိုးစားလုပ်ဆောင်တတ်တယ်လို့ ဖတ်ခဲ့ဖူးတယ်။ မြန်မာအခေါ် တတိယ အရွယ်ပေါ့၊ အလုပ်က အနားယူတဲ့ အချိန်၊ သူတို့ စိတ်နဲ့ အလျဉ်းသင့်သလို သက်သောင့်သက်သာ နေနိုင်အောင် စီမံထားတတ်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဖိအားတွေကို လုံးဝလွှတ်ချထားပြီး အနားယူလေ့ ရှိတာကိုး။ အနောက်နိုင်ငံသား အများစုရဲ့ ရဝ ရာခိုင်နှုန်းဟာ ခရီးသွားပြီး အတွေ့အကြုံသစ်တွေဖွေရှာရတာ စိတ်အဝင်အစားဆုံးလို့ မှတ်သားခဲ့ဖူးတယ်။ သူတို့တစ်တွေဟာ ရည်မှန်းထားသလိုမျိုး ခရီးသွားနိုင်အောင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်လေ့ရှိတယ်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ပြောဖူးတယ်၊ ဘဝမှာ အတွေးအမြင်သစ်တွေရချင်ရင် စာအုပ်စာပေဖတ်ပါ၊ ပြီးရင် နိုင်သလောက် ခရီးသွားပေးပါတဲ့။ […]

၂၀၂၁ တောရိုင်းဟာသ ပြိုင်ပွဲဝင်ဆုရဓာတ်ပုံများ

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောရိုင်း ဟာသ ဓာတ်ပုံ ပြိုင်ပွဲရဲ့ ဆုရ ဓာတ်ပုံ စာရင်း ထွက်ပေါ်လာပါပြီ ။ ဒီနှစ်မှာ ကမ္ဘာအနှံ့က ပြိုင်ပွဲဝင် ဓာတ်ပုံ ၇၀၀၀ ရခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ပုံစာတပ်ပေးလိုက်တာတွေက ကတယ်ပဲ ရီစရာကောင်းပါတယ်။ အဲ့ဒိအထဲက ဆုရဓာတ်ပုံ အချို့ ကို ဖော်ပြလိုက်ပါတယ်။ ပထမဆု ကန်ဂျန်ဆန် ဆိုတဲ့ ဓာတ်ပုံ ဆရာက တရုတ်နိုင်ငံ က လောင်ရှန်ဂျော့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ ကြိုးတန်းပေါ်ကို ပြုတ်ကျတဲ့ မျောက်တစ်ကောင်ရဲ့ ပုံ ကို အမိအရ ရိုက်ယူပြီး “ အောင်မလေးဗျ” ဆိုပြီးပုံစာထိုးခဲ့ပါတယ်။ မောင်ယဿ – ရေးသည်၊ ဒုတိယ အန်ဒရူး ပါကင်ဆန်ဆိုတဲ့ သူက ကမ်ချက်ကာ ဝက်ဝံပေါက် […]

အလွမ်းကုထုံး

နှင်းတောတိုးတဲ့လရောင် အလင်းက ပုလင်းခွံထဲကမြို့ပြ ဆောင်းတွင်းကြီး ရေငတ်တယ် လပြည့်ညမှည့်မှည့်ကြီး လရောင်ကဘယ်ကိုမှမစီးဘူး ဘုရားရင်ပြင်တော်မှာနှင်းတွေ။   တိုးနှောင်မိုး ၁၈.၁၂.၂၀၂၁ နတ္တော်လပြည့်ည photo- crd

သဘာဝမလွန်ပါစေနဲ့ဆောင်းရယ်

ဒီဇင်ဘာဆောင်းဆိုတော့ အေးစိမ့်လာတတ်တဲ့ ညတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။ရေနွေးပူပူ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်းသာ အအေးဒဏ်ကို ရနိုင်သမျှ တွန်းလှန်နေခဲ့မိတယ်။ ဒါပေမဲ့လည်း ခဏပဲ နွေးသလို ခံစားလိုက်ရတယ်။ အေးစိမ့်လာတဲ့ ညအစိုင်အခဲကိုတော့ ဖျော်ချမပစ်နိုင်ခဲ့ဘူး။ ညဦးပိုင်းလောက်ကတည်းက အေးလာတဲ့ အအေးဓာတ်က ညနက်လာလေလေ အေးလာလေလေဆိုတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် မလွယ်ကူတော့။ဖျာကလည်း အေးစက်။ကိုယ့်ခန္ဓာက အသားတွေကလည်း အေးစက်။ဖတ်လက်စစာအုပ် ကိုင်ကြည့်တော့လည်း အေးစက်လို့နေတယ်။ဒီလိုနဲ့ပဲ အိပ်စက်ခြင်းဆိုတာထက် စာဖတ်ခြင်းဆီကိုသာ စိတ်က အမြဲ ရောက်နေခဲ့တယ်။စာအုပ်ရဲ့ မျက်နှာဖုံးနဲ့ နောက်ကျောဖုံး အေးစက်နေတာကိုတော့ သည်းခံနိုင်ပါတယ်။စာအုပ်ကိုင်ထားရင်းနဲ့ တစ်ခါတစ်ရံမှာ လက်တွေအေးစက်ထုံကျင်လာသလား ထင်မှတ်ရတယ်။စာအုပ်ကို ရင်ဘတ်ပေါ် ခဏတင်ပြီး လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လက်ပူတိုက်ရပြန်တယ်။ဒါပဲ တက်နိုင်တယ်လေ။အတော်လေး နွေးလာတယ်ထင်တော့မှ စာအုပ်ကို ပြန်ကိုင်ဖတ်ဖြစ်တော့တယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပူလောင်အိုက်စပ်ခဲ့တဲ့ ညတွေကို […]

နမ့်ပန်မြစ်နဲ့ ကွန်အော်ရေတံခွန်

ငြင်သာစွာစီးဆင်းနေတဲ့ နမ့်ပန်မြစ်ထဲက လှပလွန်းတဲ့ ကွန်အော်ရေတံခွန်။ နှစ်စဉ်နှစ်တိုင်းရဲ့ နိုဝင်ဘာလပိုင်းကတော့ ကွန်အော်ရေတံခွန်ရဲ့ အလွဆုံး၊ အသာယာဆုံးအချိန်တွေဖြစ်ပါတယ်။ ကွန်ဟိန်းမြို့အနီး၊ ကွန်ဟိန်းမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပါတယ်။ Credit:Sai Swan ဓာတ်ပုံ၊ စိုင်းစွမ်

ဝက်သစ်ချပင်လေး

မင်းအချစ်ကိုကွေ့ချမိတော့ နှင်းများ သစ်တော်ပင်ထိပ် ခြံဝကစံပယ်ပင်ရိပ်မှာ ဘာပန်းကဘုရားလိုပွင့်နေလဲ။ တစ်လမ်းခြား ဝက်သစ်ချပင်ရွက်တွေ ဆွေးမြေ့နေတာ အခေါင်းပေါက်ထဲက ပန်ဒါဝက်ဝံလေးထွက်လာတယ်။ မင်းတို့မြို့လေးနှင်းကျပလား ငါ့နှလုံးသားနှင်းကျတာ အမွဲ။ လမ်းမှာ အလွမ်းက ဝက်သစ်ချပင်ရွက်ကနှင်းတွေ။ တိုးနှောင်မိုး ၁၄.၁၂.၂၀၂၁ ဓာတ်ပုံ- မူလပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်၊  

ရွှေစက်တော်သွား တောလား (ရှင်မဟာရဌသာရ)

အပိုဒ် (၂)။ စူးစူးနိဗ္ဗာန်၊ … … ၊ တောကြက်တွန်သံ မြူးမြူးတည်း။ စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွ၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ (အကြင်ပျောင်းသူ)၊ လွမ်းစေဟူသို့၊ လျှံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင့်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျာမလျော့ (နှုတ်လျှာမလျော့)၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ […]

ဆောင်း

မေ့နိုင်သွားပြီလားတဲ့ သူငယ်ချင်း မေ့ဆေးဆရာဝန်ကမေးတော့ သူ့ဖုန်းနံပါတ်လေး စိတ်ထဲကရွတ်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်မိတယ်။ ခက်ပါတယ် ခွဲသွားတာကြာပေမယ့် အရင်လို အသည်းခိုက်အောင် အေးဦး​​‌တော့မှာပဲ။ ။ #မိုဃ်းဇက်သော် ၉၊ ၁၁၊ ၂၀၂၁

Page 12 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28