Art Work

တောင်သမန်

သစ်သားတိုင်လုံးတွေက အတိအကျဝေးနေကြတာလား အင်းရေပြင်နဲ့သိပ်မဝေးချင်လို့ တံတားပေါ်ကဖြတ်မလျှောက်ခဲ့ပါဘူး တိမ်တွေကငုံ့ကြည့်နေမှန်းသိတော့ တိမ်တွေကိုလည်းမော့မကြည့်မိ ကောင်းကင်မှာကြယ်တွေဝှက်ထားမှန်းသိတယ် ဖြစ်ပြီးပျက်တတ်သဘောတရား ဦးပိန်ကဦးပိန် တံတားကတံတား ကန်ရေပြင်နာကျင်လေမလား ကြင်နာသောအတွေး လှေကိုတိုးတိုးလေးသာလှော်မိတယ် လင်းမွန်ခ ဓာတ်ပုံ ခရက်ဒစ်

* နွေတကျော့ *

သစ်ရွက်ဝါတဲ့ရာသီ အမျှော်စိုက်နေပုံများ လည်ပင်းညောင်ရေအိုးဖြစ် သပြေပင်လေးတောင်တော်တော်ကြီးလာပြီ.. အချိန်မှန်ရောက်လာတဲ့ ဥဩငှက်အသံမာထန်ထန်နဲ့ လမ်းဘေးမကျီးပင်ရိပ်က ရေချမ်းစင်မှာရေတွေဖြည့်ကြ… လက်ပံတွေတောင်ဖူးပြီလေ အနီရောင်တွေကြဲချမလို့တဲ့..။ #ကိုစိမ်းလန်း 19.1.2022,am

ငှက်ကလေးတွေ

မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလည်း ငါ့ရှာ ငါလည်း မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)

နှင်းမဝေနိုင်တဲ့ဆောင်း

ဆောင်းရဲ့အငွေ့အသက်တွေကို ပြည့်ပြည်ဝဝ ခံစားရရှိခြင်းမရှိတဲ့ ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု မှာဖြစ်ပါတယ်။လူတစ်စုဟာ ဓားတွေ၊ လွှတွေ၊ ရဲဒင်းတွေ ကြိုးတွေကို အသုံးပြုပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ် ဖြတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။သစ်ပင်ကြီးကို ဘာအတွက်ခုတ်ကြမှာလဲ ၊ဘာ့ကြောင့် ခုတ်ကြတာလဲ။တချို့ အ ကိုင်း၊ အခက်ေတွေကိုပဲ ခုတ်မှာလား ၊ဒါမှမဟုတ် အဲဒီ့အပင်ကြီးရဲ့ ပင်စည်အရင်းကနေပဲ ခုတ်လှဲပြစ်လိုက်ကြ မြာလား ဘယ္လို ခုတ်ကြမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ကျွန်တော် သိတာက အဲဒီ့နေ့က ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးရဲ့ အရိပ် မိုးရဲ့အရောင်တွေ တွဲလွဲဲခိုနေခဲ့ကြတယ် ဆိုတာကိုပါပဲ။ တကယ်လည်း အဲဒီနေ့က ဆောင်းဟာ လိင်ပြောင်းဖို့ စိတ်အား ထက်သန်နေသူတစ်ယောက်ရဲ့ ပုံစံ မျိုးနဲ့ မိုးရဲ့ အရိပ် မိုးရဲ့ အရောင်တွေကို ညို့နေအောင် ပန်ဆင်ထားခဲ့ပါတယ်။(မိတ်ဆွေတစ်ယောက်ကတော့ ဘ […]

လျှို့ဝှက်ချက်

နေ့လယ်ခင်းမှာ နှင်းကျတယ်လို့ သတင်းစကားကြားရလို့ ပြတင်းပေါက်ကို ဝမ်းသာအားရ ငါ ဖွင့်မိလိုက်တယ်။ နှင်းနဲ့တူတဲ့အရာ ဆိုလို့ ဘာမှမတွေ့ အဲ့လို လိမ်ခံရပေါင်းလည်း များပြီ ငါဟာ လူအချို့ရဲ့ သဲ့သဲ့စကားသံကိုသာ လမ်းပေါ်တွေက ကားတွေပေါ်မှာ အမြဲ ကြားနေရတယ်။ လူစိမ်းတွေ အချင်းချင်း ပုံမှန်နေ့တွေထဲ ကိုယ် နဲ့ သူ ဘယ်သူဘယ်ဝါ မိတ်ဆက်မအားဘဲ ဘဝခရီးကို တိတ်တဆိတ် ဖြတ်သန်းသွားလာနေကြရဲ့။ ပြီးခဲ့တဲ့ နှစ်ကလည်း နှင်းကျတယ် သတင်းကြားလို့ ပြတင်းပေါက်ကို ငါ ဖွင့်ကြည့်မိသေးတယ် ကိုယ် ဘာဖြစ်ချင်မှန်း မသိဘဲ ကိုယ့်ကိုကိုယ် လိမ်ညာဖို့ အမြဲကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အထီးကျန်ပြတင်းပေါက်ပေါ့။ ။ #ကန္တာရမိုးစက် ၂.၁.၂၂

ချယ်ရီခရီးသွားများ

ခရီးတစ်ခု အစပြုရာ ပထမဆုံးအနေနဲ့ ဝန်ခံစရာတစ်ခု ရှိပါတယ်။ အလှအပ မြတ်မြတ်နိုးနိုး ခံစားတတ်တဲ့ အသည်းနှလုံး ကျွန်တော်ဆီမှာ ပါမလာခဲ့ဖူး ဆိုတာပါပဲ။ အကြောင်းအရင်း ပြန်တွေးကြည့်လိုက်တော့ ငယ်ဘဝနဲ့ နည်းနည်းတော့ ဆိုင်မယ်ထင်တယ်။ တောရွာမှာမွေး တောမှာကြီးပြင်းခဲ့ပြီး စားဝတ်နေရေးသာ အရေးကြီးဆုံးလို့ ဘဝက ပြဌာန်းပေး လိုက်လို့လည်း ဖြစ်နိုင်ပါတယ်လေ။ ချယ်ရီပန်းပွင့်တဲ့အချိန် ချယ်ရီပင်တွေရှိတဲ့နေရာကို ခရီးသွားဖြစ်မယ်လို့ ကျွန်တော် ကြိုမသိခဲ့ရိုး အမှန်ပါ။ ဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း လှပနေတဲ့ နေရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ အများကြီးရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ အထူးလက်ဆောင်ကောင်းတွေပါ။ “ အစ်ကို ချယ်ရီပန်းတွေ ပွင့်နေပြီ။ ရုံး အားတဲ့ရက် လေထန်ကုန်း သူငယ်ချင်းတွေနဲ့ သွားရအောင်” တဲ့။ စာရေးဆရာမ မနှင်းနွယ်က ပြောလာခဲ့တယ်။ […]

ကမ်းခြေ

လှိုင်းတွေကိုမျဉ်းတားကြည့်တော့ မီးခိုးတွေ အူထွက်လာတယ် သောင်ပြင်ထက်က သဲဖွေးဖွေးတွေမက ဘဝမ်ားစြာ ကျင်လည်လည်ခဲ့လေသလား တိမ်တွေရဲ့တေးသွား လှိုင်းတွေကြား နေဝင်ဆည်းဆာတွေရော လှခဲ့လေသလား ပင်လယ်ရေဘယ်သူသောက်သောက် ပင်လယ်ရေ ဘယ်သူသောက်မလဲ ကျယ်သလောက် ကျယ်စမ်းပင်လယ် ပိုကျယ်လောင်တဲ့ အသံနဲ့အော်ကြည့်လိုက်မယ် အငှားခန္ဓာထဲ ဝင်ကစွပ်လေးတို့ရေ လောင်ကျွမ်းစွာ မရယ်လိုက်ပါနဲ့ အားလုံးဟာ အနွမ်းပြေပြေ မပြေပြေ အိမ်ပြန်ရမယ့် ဧည့်သည်တွေ… လင်းခ(မော်လမြိုင်)

Page 10 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28