Art Work

ဝါကောက်ချိန်

ဆောင်းအကြောင်းပြောတော့ နှင်းတွေက တပေါက်ပေါက်နဲ့။ လရောင်က တိမ်တွေကို ခစရာ မလိုတော့တဲ့ အချိန်။ ဝါပင်တွေသာ စကားပြောတတ်မယ် ဆိုရင် ဖြည့်စွက်ရေလိုတဲ့ အချိန်ပဲ။ မြန်မာပြည်မှာ မိုးနှောင်းဝါကို ရေသွင်းပြီး သိသလောက်တော့ မစိုကျနိုငျကွသေးဘူး။ ကုန်းမြင့်တဲ့ ယာတွေချည်းမှာပဲ အများစုက စိုက်ထားကြတာ။ ကြက်ဥတထောက် ဝါတပေါက်တဲ့။ ဝါတွေ သစ္စာရှိလိုက်ပုံများ ပြောပါတယ်။ လက်ဖျားသီးတဲ့။ လက်ရင်းသီးတဲ့။ ဝါသီးတာနဲ့ ပက်သက်ပြီး သုံးနှုံးကြတဲ့ ဘာသာ စကား။ ဝါထွက်ကောင်းမကောင်းက နောက်မိုးကောငျး မကောင်း အပေါ်မှာ မူတည်နေတယျ။ ယာထဲမှာ အဖေနဲ့ ဝါကောက်ရတယ်။ ကိုယ့် ယာထဲ ကိုယ်ပါပဲ။ အဖေကြီးက ဝါကောက်သမ မခေါ်ချင်ဘူး။ ဝါ လှိုင်လှိုင် ပေါက်ရင်တော့ တမျိုး။ သူကိုယ်တိုင် စိတ်တိုင်းမကျလို့တဲ့ လေ။ […]

မလိုချင်တဲ့ကမ္ဘာ

ရောဂါဘယတွေ ပွေလီနေတဲ့ ကမ္ဘာ အကြမ်းဖက်မှုတွေ တောထနေတဲ့ ကမ္ဘာ တောရိုင်းဥပဒေတွေ မျိုးပွားနေတဲ့ ကမ္ဘာ ဂေဟစနစ်တွေ ပျက်ယွင်းနေတဲ့ ကမ္ဘာ စစ်မီးလျံတွေ တောက်လောင်နေတဲ့ ကမ္ဘာ ကဗ်ာဆရာ တန်ခိုးရှင်သာဆို အဲဒီကမ္ဘာကို စကြာဝဠာအပြင်ရောက်အောင် ကိုင်ပေါက် လွှင့်ပစ်လိုက်ချင်တာ…။ မောင်ခင်မှိုင်း(ချောက်)

နှင်းရည်စက်လက်

မေမေ့ဆီမှာ စိတ်ရဲ့အသုံးစရိတ်အနေနဲ့ စာရင်းပြပြီး ခရီးစဉ်လေးတစ်ခုကိုတောင်းယူခဲ့ ၊ တောင်ကုန်းလေးပေါ်မှာ တည်ရှိနေတဲ့ မြို့ကလေးလို့ ပြောမယ့်အစား တောင်ကုန်းလေးပေါ်မှာ ဖူးပွင့်နေတဲ့ မြို့ကလေးလို့ ပြောကြရအောင်ပါ၊ နေလုံးနီနီရေ ကိုယ် ကျေးဇူးအထူးတင်ပါတယ် ပန်းတွေဝတ်ထားတဲ့ နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ သဘာဝရဲ့ ကိုယ်ထည်လှလှကို အထင်းသား ကိုယ်မြင်ခွင့်ရတယ်။ ဒီနေရာလေးဟာ တကယ်တော့ ကဗျာရေးဖို့မကောင်းပါဘူး ၊ ဘာမွမေရးဘဲ မွှေးရနံ့တွေကိုသာ ငေးကြည့်နေဖို့ ကောင်းပါတယ် ။ ကဲ ကိုယ့်ရာဇဝင်အတွက်တော့ 101ဆိုတဲ့ အိပ်ခန်းလေးမပါလည်း ဖြစ်တယ် ၊ ဥရောပတိုက်ကြီးမပါလည်း ဖြစ်တယ် ၊ ပန်းပွင့်နဲ့ နေရောင်ခြည်တွေ မပါလည်းဖြစ်တယ် ၊ မြို့ကလေးရေ မင်းကတော့မပါလို့ မဖြစ်ပါဘူးကွယ် ဒါပေမယ့် မေမေရယ် မြို့ကလေးသာ သူလှနေတာ သူသိမနေရင် သူဟာဒိထက်ပိုပြီး လွေနမွာပဲ […]

မိန်းမလှကျွန်းတမ်းချင်း

တစ်ချိန်က မိန်းမလှကျွန်းဆိုတာ ဂေဟစနစ်တွေကို ကာကွယ်ပေးထားတဲ့ အဖိုးတန်ဒီရေတောကြီးလေ နေဝင်မခင် တောခြင်တွေ သောင်းကျန်းလွန်းလို့ ပိတ်ခြင်ထောင် ထူထူကြီးထဲ ထမင်းဝင်းစားခဲ့ရတဲ့နေ့ရက်တွေကို မှတ်မိသေးရဲ့ ”နောက်မီးရွာ ” နောက်မီးချောင်းကိုကျော် ပင်လယ်ကို မျှော်ကြည့်လိုက်တာနဲ့ ”မိန်းမလှကျွန်း” တောကြီးဟာ ဟိန်းလို့ ဟည်းလို့ အုံ့ဆိုင်းစိမ်းရီ သဘာ၀ပန်းချီကားကြီးတစ်ချပ်လို ကိုယ်တိုင်ခြေချဖူးလို့ မြင်တွေ့ခံစားခဲ့ရ မျော၊ ကနစို၊ မဓမ၊ သင်ပေါင်း လိုတာအကုန်ရ အကုန်ရတော့ အကုန်ခုတ် အကုန်လှဲကြ အကန့်အသတ်မရှိ၊ အထိန်းအချုပ်မရှိ နောက်ဆုံးတော့ မိန်းမလှကျွန်းတောကြီးဟာ တောသင်္ချိုင်းဖြစ် ဆို့နစ်ဖွယ် ကောင်းလှတယ် အခုတော့ အမည်နာမ တအားလှခဲ့တဲ့ မိန်းမလှကျွန်းဟာ မိန်းမပျက်တော ဖြစ်ခဲ့ရ သူ့ခမျာ အငိုလွယ် အရှိုက်ခက်ခဲ့ရ သူ့ဒုက္ခတွေအကြောင်း တောအပေါင်းကိုတပ်လှန့်ပြီး သူဟာ တစ်ချိန်က မိန်းမလှ အခုတော့ […]

ဧရာ၀တီမြစ်ကြီးရဲ့ ကျန်းမာရေးအခြေအနေ

ဒီဓာတ်ပုံလေးဟာ ဧရာ၀တီမြစ်ကြီးရဲ့လက်ရှိကျန်းမာရေးအခြေအနေကို သိသိသာသာကြီး ဖော်ညွှန်းနေလိမ့်မယ်လို့ ထင်ပါတယ် (မိခင်မြစ်ကြီး အမြန်ဆုံးပြန်လည်ကျန်းမာနိုင်ပါစေ) ဓာတ်ပုံ-Lin Aung Pyae

ရွေးကဗျာ

ပတ်ဝန်းကျင် ကဗျာ တကယ်တော့ ” ရွေး ဟာ မြို့ကလေးရဲ့အစ ။ တကယ်တော့ ရွေး ဟာ တောမကျ မြို့မကျ မြို့လေးကို ဖက်တွယ်ရှင်သန်ရင်း ငေးမျှော်ကြည့်ရင်း “ဒီရဲ့ နရီစည်းမှာ ကလိုက် ခုန်လိုက် ။ နှစ်ပေါင်းများစွာ မြို့ကလေးကို ထွေးပိုက်ရင်း တခါ တခါ ကြည်နူးပျော်ရွှင်ရင်း တခါ တခါ အနာတရ ဒါဏ်ရာတွေနဲ့ မြို့ကလေးကို ဖေးမရင်း မြို့ကလေးရဲ့အခင်အကျင်းမှာပျော်ဝင်နေခဲ့ ။ ခုတော့ ရွေးရဲ့ ရင်ခွင်ထဲ အတင်းကျူးကျော်လာတဲ့ မြို့ကလေးဟာ ရွေးကို အကျည်းတန်စေခဲ့ပြီလား ရွေးကို အထီးကျန်စေပြီလား ရွေးကို မသိချင်ယောင် ဆောင်နေပြီလား… ရွေး ဟာ မြို့လေးကို ဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေရင်း နာနာကျင်ကျင် ကြေကြေကွဲကွဲ ဖြစ်နေရှာ တကယ်တော့ […]

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ(တလုတ်ချရေတံခွန်)

တလုတ်ချရေတံခွန်သည် ဒလပင်ကျေးရွာ (ထန်းလှပင်ကျေးရွာ)၊ ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တလုတ်ချရေတံခွန်သို့ ရွာငံမြို့နယ် ရေဦးကျေးရွာမှတစ်ဆင့် သိမ်ကုန်းအင်းကြီးဒလပင် လမ်းအတိုင်း သွားရောက်နိုင်သည်။ ဒလပင်ကျေးရွာမှ (၃)မိုင်ခန့်ကွာဝေးပြီး ရေတံခွန်အောက်ခြေအထိ ကားလမ်းဖြင့်သွားရောက်နိုင်သည်။ တလုတ်ချရေတံခွန်သည် အမြင့်ပေ ၃၇၅ ပေ မြင့်မားသည်။ Credit Sai_Swan

Page 17 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28