Art Work

စီးဆင်းနေသော မိုးတိမ်များ

(ဒီရက်ထဲ ဘာက သွယ်ဝိုက်စေ့ဆော်နေတယ်မသိ၊ စာရေးချင်စိတ်အတော်ပေါက်နေပါတယ်။ စာရေးချင်စိတ်ပျောက်နေတာ နှစ်နဲ့ချီခဲ့ပြီမို့ ဘာကိုစရေးရမှန်းမသိတာနဲ့ မိခင်မြေနဲ့ဝေးစ အမေရိကန်ဘဝအစမှာရေးခဲ့ဖူးတာလေးပြန်ဖတ် ပြန်မျှရင်း စျာန်ပြန်သွင်းမိပါတယ်။ ဇာတိမြေလွမ်းချင်းတပုဒ်ပါပဲ။ ပုံကတော့ ၁၉၉၀ စွန်းစလေးတုန်းက ဒီအက်ဆေးလေးထဲကဇာတ် ကောင် မလက်တိုချောင်းကလေးမှာ ရိုက် ထားတာပါ။ မဂ္ဂဇင်းတွေမှာ ကျမ ဝတ္တုတိုလေးတွေဆက်တိုက်ပါစပေါ့။ အခုအချိန်မှာ ကျမမြို့ ကျမရွာဟာ ဒီအက်ဆေးလေးထဲက ဘဝတွေနဲ့ ဘယ်လောက်ကွာသွားပြီလဲ မသိဘူးတွေးမိတော့ စာရေးစရာ တွေ့သွားသလိုပဲ။ ) ချမ်းချမ်းစီးစီး ညလည်ခေါင်ကြီးတွင် အိပ်ပျော်ဖို့ကြိုးစား၍မရသောအခါ ကြည်အေးကဗျာကိုသတိရမိသော် လည်း ရွတ်ဆိုဖို့စိတ်မပါတော့ပြန်။ ပြတင်းပေါက်မှဟိုဟိုဒီဒီငေးကြည့်မိပြန်တော့လည်း မြင်သမျှက နှင်းများ ဖြင့်ဖွေးဖွေးဖြူနေလေသည်မို့ အချမ်းပိုရသည့်အပြင် အဖြူအမည်းပန်းချီကားနှင့်တူသောဆောင်းညက ဘ၀ အလွမ်းကိုပင် အားပေးပိုကဲစေပြန်သည်။ ဒီတော့အိပ်ရာဆီပြန်လှည့်၊ထုံးစံအတိုင်းစောင်ထူထူအောက်မှနေ၍ ဂြိုလ်ကမ္ဘာနေရာအနှံ့ စိတ်ဖြင့်လည်ပတ်လွန်းထိုးဖို့ကိုသာ ရွေးချယ်ရတော့သည်။ အိပ်ရာနှင့်ကျောထိမိလိုက်တာနှင့် ထိုအသံကိုကြားလိုက်ရတာဖြစ်သည်။ ရေစီးသံ…။ […]

အလွမ်းတောင်တန်း

ဟားခါးမြို့သည်ဆောင်းရာသီဆိုလျင်နေပူကြီးထဲမှာပင်တုန်နေအောင်ချမ်းသည့်မြို့ ဖြစ်သည်။ ရေချိုးသည့်အခါ ဓာတ်လိုက်သလို၊ ကြိမ်လုံးသေးသေးလေးတွေနှင့် ကိုယ် တစ်ခုလုံးအရိုက်ခံရသလို ခံစားရသည်။ မနက်စောစော အပြင်ထွက်လျင် ခြေအိတ် လက်အိတ်မပေါဘဲထွက်လို့မရ။ ဟားခါးမြို့ကိုရောက်ပြီးပထမဦးဆုံး ဆောင်းမနက်ခင်း ကို ကျွန်တော်မှတ်မိနေသည်။ ဟားခါးဆောင်းမနက်အကြောင်းကို မသိသေးသည့် ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ခြေအိတ်၊လက်အိတ် တွေမပါဘဲ မြို့ ထဲလဘက်ရည်သောက်ရင်း လမ်းလျောက်ထွက်ကြရာ ခဏကြာတော့ ကျွန်တော်တို့ ခြေလက်တွေ ခံစားမူတွေကင်းမဲ့အောင်ထုံကျင်သွားခဲ့သည်။ လမ်းဘေးပလက်ဖောင်း ပေါ်မှာရောင်းသည့် ခြေအိတ်၊လက်အိတ်တွေကို အမြန် ဝယ်ဝတ်ခဲ့ကြရသည်။ ညဆို လျင် အိမ်တခါးကိုစေ့နေအောင်ပိတ်ပြီးမှအိပ်ရသည်။ လေဝင်ပေါက်လေးသေးသေး ရှိနေလျင်တောင် အိမ်ရှိလူအကုန်နိူးလာအောင်ထိ အေးတတ်သည်။ဟားခါးမြို့သည် ဆောင်းရာသီတွင် စောစောအိပ်ယာဝင်ပြီး၊ အိပ်ယာထနောက်ကျတတ်ပါသည်။ မိုးရာသီဆိုလျင် တိမ်နှင့်မိုး တစ်လှည့်စီ အဆက်မပြတ်လာတတ်သည်။ တိမ် တွေကိုငုံ့ကြည့်ခဲ့ရသည့် ဘဝကိုကျွန်တော်လွမ်းသည်။ တစ်တောင်နှင့်တစ်တောင် ကြား တွင်တိမ်ပင်လယ်ကြီးဖြစ်နေသည်။ တောင်အောက်ကိုမမြင်ရ။ […]

မြန်မာ့မုတ်သုံ

ဒီစာအုပ်ကတော့ ဆရာ နိုင်ရွှေမိုးရေးသားထားတဲ့ ပင်လယ်လေညင်း၊ ကုန်းလေညင်း ၊ နွေမုတ်သုံဖြစ်စဥ် ၊ ဆောင်းမုတ်သုံဖြစ်စဥ်၊ ရုရှားသုတေသီ သတ်မှတ်ထားသော မုတ်သုံရပ်ဝန်းတွေအကြောင်း ၊ ပါမောက္ခရာမေ့ချ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုညီသော မုတ်သုံရပ်ဝန်းများ ၊ အီကွေတာအောက် ကမ်းရိုးတန်းအောက် ရေလှန်မှု ဖြစ်စဥ်တွေနဲ့ အခြား ဗဟုသုတ များစွာရရှိစေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု၊ မိုးလေဝသဆိုင်ရာ စိတ်ဝင်စားသူတွေအနေနဲ့ ဖတ်ရှု သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၃ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၅၀၀ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်က ဆိုဒ်ကြီးဖြစ်ပြီး စာမျက်နှာ ၁၅၁ ပါဝင်ပါတယ်။

ဥတုရာသီတည်ငြိမ်ရေး

ဒီစာအုပ်ကတော့ တက္ကသိုလ် တင်လကျာ် ရေးသားထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်းဆိုင်ရာ အကြောင်းအရာတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဖတ်ရှုသင့်ပြီး ဗဟုသုတများစွာ ရရှိစေမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ချင်တယ်ဆိုရင် မိမိကိုယ်တိုင်လည်း ပါဝင် ဆောင်ရွက် ဖို့လိုကြောင်း အသိပေးထားပါတယ်။ သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်းအပါအဝင် သစ်တောပညာရှင်တွေက အမှာစာ ရေးပေးထားပါတယ်။ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၁၄၈ ပါဝင်ပါတယ်။ စာအုပ်ကတော့ စာအုပ်အဟောင်းဆိုင်တွေမှာ တခါတရံတွေ့ရတတ်ပါသေးတယ်။

”ချောင်းလေးမှာမျက်ရည်စတွေနဲ့”

ဇူလိုင်လ ၏ တနင်္ဂနွေနံနက်ခင်း ကမိုးလေးဖွဲဖွဲကျ နေသည် ။ နံနက်ခင်းမှ စ၍ ရွာသည့်မိုးဖွဲ ‌လေးများမဟုတ်။ ညကတည်းက ရွာ နေသော စွေမိုး ကလေးဖြစ်သည်။ ရွှံထူထူ လမ်းမများသည်ပျစ်ချွဲ၍နေပေတော့မည်။ အလားတူ ကျွန်ုပ်၏က လေး လေးများလည်း စောင်ခြုံထဲ ကွေးနေ ရော့မည်ထင်၏။ ကျွန်ုပ်တို့‌ရွာကလေး‌‌တွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသန့်ရှင်းရေးအတွက် ပလတ်စတစ်များ ကောက်ကြသည် ။ ပြီးလျှင်မီးရှို့ကြသည်။ထိုအလုပ်ကို လုပ်ကိုင်ကြသူများမှာ အသက်ဆယ်နှစ်နှင့် ဆယ်နှစ်အောက် ကျွန်တော့်ကလေးလေးများဖြစ်ပါသည်။ အပတ်စဉ်တနင်္ဂနွေတိုင်း ပြုမြဲဝတ်တစ်ခုနှယ်ဖြစ်‌နေ‌သော်လည်း သည်တနင်္ဂနွေကိုမူ သူတို့လာမည်မထင် ။ မိုးသည် စွေလွန်း နေသည်ကို ။ ကျွန် တော့်အတွေးမဆုံးလိုက်ပေ။ အိမ်ရှေ့လမ်းမထက်မှ ဆူဆူညံညံအသံများ ၊ကလေးတို့ဘာသာဘာဝ စိတ်ကူးတွေ့ရာဆိုလာ သော ကဗျာများ ၊သီချင်းသံများကိုကြားရတော့၏။ လာကြပေပြီ။ ထီးကလေးများဆောင်းသူဆောင်း၊မိုးကာတွေ […]

အနူမြူဗဟုသုတ

ဒီစာအုပ်ကတော့ ဆရာ ဦးခင်လေး ဘာသာပြန်ဆိုထားတဲ့ အနုမြူ အခြေ ခံသဘောတရား ၊ ဖြစ်တည်မှု ၊ ပေါက်ကွဲ ခြင်း ၊ သေးငယ်သော အနုမြူမှ ကြီးသော အနုမြူ သို့ပြောင်းလဲ ပုံနဲ့ လူအများအတွက် ပို၍ လျှပ်စစ်ဓာတ်အားအသုံးချနိုင်ရေးအတွက် အနုမြူစွမ်းဆောင်ချက်တွေကို အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အကြောင်း စိတ်ဝင်စားသူတွေအနေနဲ့ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၆၅ ခုနှစ် တွင် ဒုတိယအကြိမ် အဖြစ် ထုတ်ဝေခဲ့ ပြီး စာမျက်နှာ ၃၂၀ ပါဝင်ပါတယ်။ စာအုပ်သက်တမ်းကကြာနေပြီဖြစ်လို့ ဝယ်ယူရရှိနိုင်ဖို့တော့ မသေချာပါဘူး။

မြန်မာပြည်တွင်းက သဘာဝအလှအပများ

ဇိန်မှုတောင်သည် ဟားခါးမြို့နယ် အဆုံး ဖလမ်းမြို့နယ်အစတွင်တည်ရှီပြီး ချင်းပြည်နယ်၏တတိယအမြငိ့ဆုံးတောင်တန်းဖြစ်သည် ။ပေပေါင်း ၈၄၁၄ ကျော်မြင့်ကာ ကုလားတန်မြစ် မြစ်ဖျားခံရာ နေရာ(Lai TiLi)လည်းဖြစ်သည် ။ ဇိန်မှုတောင်သည် ချင်းပြည်နယ် ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာနားမှာ ရှိပါသည်။ ဇိန်မှုတောင်သည် ဖလမ်း-ဟားခါး ကြားမှာ တည်ရှိပါသည်။ ဖလမ်း-ဟားခါးနဲ့ (၂၂)မိုင် ဝေးပါသည်။ ဒီ တောင် တက်ဖို့အသင့်တော်ဆုံးရာသီက နွေရာသီဖြစ်ပါသည်။ မိုးရာသီမှာဆိုလျှင် တောင်ထိပ်ရောက်ဖို့မဆိုထားနဲ့။ ဖလမ်း-ဟားခါးသွားလျှင် ဇိန်မှုတောင်နားရောက်ရင် မိုးရွာတတ်တယ်။ နွေရာသီတက်လျှင် တောင်ထိပ်ပေါ်ကနေ ဖလမ်းမြို့၊ ဟားခါးမြို့ကိုမြင်ရပါသည်။ မိုးရာသီက တိမ္မ်ား ဖုံးအုပ်ထားသောကြောင့် မြင်ကွင်းမမြင်ရပေ။ မိုးရာသီတွင် ဆိုင်ကယ်နဲ့တောင်ပေါ်တတ်ဖို့လမ်းပန်းခက်ခဲလျက်ရှိပါသည်။ တောင်ကျရေကြောင့် လမ်းများ ပျက်စီးလျက်ရှိပြီး အချို့နေရာတွင် သစ်ပင်အိုများ လမ်းတည့်တည့်ကျိုးကျသောကြောင့် ခုလို မိုးရာသီတွင် အလွန်ပင် ခက်ခဲလျက် ရှိသည်။ […]

ကန်ထဲကရေ ၊ သဲထဲကရေ

ဒီစာအုပ်ကတော့ ဆရာအေးမြင့် ( ညောင်တုန်း) စီစဥ်တင်ပြထားတဲ့ ရေကန်ငယ်များတွင် ရေငွေ့ပြန်ခြင်းကြောင့် ရေခန်းခြောက်မှု သက်သာစေသောနည်းများနဲ့ ရေရှားပါးသောဒေသသဲချောင်းများတွင် မြေအောက် ရေလှောင်ကန်များတည်ဆောက်ရေးနည်းလမ်းများနဲ့ သောက်သုံးရေကန်များ ၊ ဆည်ကန်ငယ်များ ရေမခန်းခြောက်စေသောနည်းလမ်းများ ၊ သဲချောင်းများတွင်ရေစုဆောင်းရေးနည်းလမ်းများနှင့်မြေအောက်ရေအကြောင်း ၊ပါဝင်ရေးသားကြသူ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့ အခြား စိတ်ဝင်စားဖို့ကောင်း တဲ့ အကြောင်း အရာ ကောင်း များစွာကို ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၂၃ ခုနစ် တွင် ပထမအကြိမ် အဖြစ်အုပ်ရေ ၈၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၃၉၈ ပါဝင်ပါတယ်။ အသစ်ထုတ်ထားတာမို့ စာအုပ်က ဆိုင်တွေမှာရနိုင်ပါသေးတယ်။

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

မြို့ကလေးနှင့် ရာသီစာ

ယခုလို ဆောင်းဦးကာလ၏နှင်းရည် စိုစွတ်နေသော နံနက်ခင်းအစတွင်သံပုရာပွင့် ရနံ့ များကို ရှူရှိုက်ရသည်ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းလှသည်။ တစ်ချို့ ကတော့ဆောင်း နံနက်ခင်းတွင် ရတတ်သော ပြင်သစ်ပန်း ဒီဇင်ဘာ ပန်းရနံ့များကို ပို၍နှစ်ခြိုက်ကောင်း နှစ်ခြိုက်ပါလိမ့်မည်။ ကျွန်မကတော့ သံပုရာ ပွင့်ရနံ့များကို ပို၍စွဲလန်းနေမိပြီ။သံပုရာ ပင်တွေမှာ ပန်းပွင့်တတ်ကြောင်း ထို အပွင့်သည် ရနံ့ ရှိကြောင်း အရင်ကတော့ မသိခဲ့ ပါ။ ကျွန်မ၏ အမေက သစ်ပင် ပန်းမာန်များစိုက်ပျိုးရတာ ဝါသနာ ပါသောသူမို့ ခြံဝန်းထဲ မှာတစ်ပိုင်တနိုင်စိုက်ပျိုးထားသည်။ တစ်ခုသော ဆောင်းရာသီ၏နံနက်ခင်း စောစောတွင် ထူးခြား၍ညံ့သက်သော အမွှေးနံ့ တမျိုး ရခဲ့သည်။ ခြံ အနောက်ပိုင်း ရေကန်နားတွင် မွှေးသော ပန်းပင်ဘာမှမရှိ။ဒန့်သလွန်ပင်တွေ အဖူး ဖူးပြီးအပွင့် ပွင့်ချိန်ဆိုလျှင်တော့ ထိုအနံ့ကို […]

Page 3 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28