Art Work

ထမင်းတစ်နပ်ကိုရှာဖွေခြင်း

တစ်စုံတစ်ခုကိုကြားရသောအခါ ဖတ်ရသောအခါ တွေ့ကြုံရသောအခါ ထိုအကြောင်းအ ရာနှင့်စပ်ယှက်ပြီး အတွေးပွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော သဘာတရားဖြစ်သည်။ ထိုသို့သောတိုက်ဆိုင်မှုမှတဆင့် အတိတ်မှတွေ့ကြုံဖူးသော အဖြစ်အပျက်များ၊ ကြားဖူး နား၀စကားမ်ားကို ပြန်လည်သတိရတတ်သည်မှာလည်း လူသားသဘာ၀တစ်ခုပင်ဖြစ်သ ည်။ လတ္တေလာ ကျွန်တော်စာအုပ်ဖတ်နေသည်။ ကျွန်တော်ဖတ်နေသောစာအုပ်မှာ ဆရာငြိမ်းအေးအိမ်၏ ညို့ငင်တောင် ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ဖျားဒေသ ဆွမ်ပရာဘွမ် အီမောဘွမ်ဒေသအကြောင်းရေးထားသောစာအုပ်ဖြစ်သည်။ သူကိုယ်တိုင် ထိုဒေသဘက်တွင်နေခဲ့သောကြောင့်လား သို့မဟုတ် ဆရာ၏စာအေရးအသား စကားလုံး အသုံးအနှုံးများကို သဘောကျနှစ်သက်မိသောကြောင့်လားမသိ စာအုပ္ကိုစဖတ္ကတ ည်းက လက်ထဲမှမချချင်အောင်ဖြစ်ရသည်။ စာအုပ်ဖတ်ရင်း ကြည်နူးပီတိဖြစ်ရတာတွေရှိ သလို ရင်မောနာကျင်ရတာတွေလည်းပါသည်။ စာဖတ်နေရင်းကမတွေးပဲမနေနိုင်သောအ တွေးများရောက်လာသည်။ မစဉ်းစားပဲမနေနိုင်သော စဉ်းစားစရာများရောက်လာသည်။ အသက်၏အစေ့အဆန်…တဲ့။ ခေါင်းစဉ်ကိုနာမည်ပေးတာကအစ စွဲမက်ဖွယ်ကောင်းသ ည်။ စာကိုဖတ်တဲ့အခါ တွေးစရာတွေပါလာသည်။ ဆင်ခြင်နှလုံးသွင်းစရာတွေပါလာသည် ။ အထူးသဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေနဲ့ဘကြီးကိုတိုက်တိုက်ဆိုင်ဆိုင် သတိရသြား […]

က​​လော ဗျိုက်​တောင် အလှ

ရန်ကုန်​မြို့ရဲ့ နံနက်ခင်းမှာ မီးခိုးတွေအူပြီးနောက် မိတ်ဆွေတို့ ခဏတာလေးဖြစ်ဖြစ် အေးချမ်းစေဖို့ ရည်ရွယ်ပါတယ်.. မြန်မာပြည်မှာ အဲဒီလို စွဲမက်နှစ်လိုဖွယ်ရာ သဘာဝအလှတရားတွေ အများကြီးရှိပါတယ်။ ဒါတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရပါမယ်။ ၃၀.၈.၂၀၂၁ Photo ခရက်ဒစ် ပေးပါတယ်..

ရှုခင်းတွေက လှတယ်

တိမ်တွေဟာ မမြဲဘူး ဒါကြောင့် လှတယ် ကျောက်ဆောင်တွေက ရင့်ကျက်တယ် ဒါကြောင့် လှတယ် မင်းအတွင်းစိတ်အလှကို သိရအောင် ငါက အိတ်စရေးစက်ကြီး ထမ်းသွားနေတာမဟုတ်ဘူး မင်းရုပ်ဆိုးရင် ရုပ်ဆိုးတာပဲတဲ့ ရောဘတ်မူဂါဘီရဲ့စကား ရယ်ရသားပဲ နေရာတိုင်းမှာ အလှရှိသတဲ့ ရှုခင်းတွေက လှတယ်။ #ထွန်းကို

သီချင်းရဲ့အဆုံးမှာ

ရုတ်တရက် လေတိုက်နှုန်း ငြိမ်သွားတယ် ရေအောက်ကြမ်းပြင်ထိ မြင်ခဲ့ရတဲ့ ကြည်လင်မှုဟာ နှောက်ကျိသွားတယ် မြစ်ကမ်းပါး တစ်ဖက်တစ်ချက်ပေါ်မှာ အငွေ့ပျံနေဆဲ ဒေါသအခိုးတွေ ရေလယ်ခေါင်မှာ နဂါးအဖြစ် အသွင်ပြောင်းသွားတဲ့ ရေဘဲတစ်ကောင် ကလေးတွေကို ခိုးယူသွားကြတယ် စဉ်းစားဆင်ခြင်ခြင်းတွေ ထုတ်ပိုးထားတဲ့ မီးပုံးကြီး ကောင်းကင်ပေါ် တအိအိတက်သွား သီချင်းအစကနေ အဆုံးထိ မားမားမတ်မတ်ရပ်ခဲ့သူ သူရဲကောင်းဟာ မြစ်ထဲကို ခုန်ချသွားတယ် အိမ်မက်က နိုးလာတယ် နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆိုညည်းဖို့ မြစ်ရှိရာကို ထွက်လာခဲ့ကြတယ်။ ။ ရွှေပိုးအိမ်(ပဲခူး) ၂၀၂၀

အိပ်တန်းပျံ ငန်းရိုင်း

သုနာ ပရန္တတိုင်းက ငန်းရိုင်းတို့ အိပ်တန်းပျံ သဏ္ဌာန်က မြားဦး။ ကောင်းကင်မှာ မြားတံစူးပြီမို့ စကြဝဠာ ရင်ညွန့်ဦးမှာ တိမ်သွေးတွေ လူး ။ ။ ကြည်အောင်

“ဝါခေါင်ရက်ဆက်မိုး”

(၁) အခုတေလာ မိုးကပိုပြီး ရက်ဆက်လာသည်။ သြဂုတ်လ၏ အုံ့အုံမှိုင်းမှိုင်း အေးအေးလူလူရက်တွေလို့ပဲ ဆိုရမည်ပင်။ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ဘက်တွင် မုန်တိုင်းရယ်လို့စသည်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ကို မိုးလေဝသသတင်း မကြည့်လည်း ဧရာဝတီသားမှန်လျှင် သိပြီးသားဖြစ်သည်။ ‘ဝါဆိုဝါခေါင် ရေဖောင်ဖောင်’ ဆိုသည့်အတိုင်း မိုးမစဲလေမစဲသည့် ဝါခေါင်လရာသီကို ရောက်ခဲ့ပြီ။ စာဆိုတော် ဦယာကေတာ့ – “ရွှေသိဟ်ရာသီ၊ ခါမှီဆန်းစ ခန်းဝလေ။ တေဇောတစ်ခါ လှည့်ပြန်လာသော် လမှာဝါခေါင် မိုးမှောင်လျှပ်စို့၊ သက်တံညို့သား” ဟု သည်ရာသီကို ဖွဲ့ဆိုခဲ့သည်။ သည်ရာသီက Alexandrian Laurel ခေါ် ပုန်းညက်ပန်းများ ကြိုင်နေအောင် မွှေးပြီး မြိုင်နေအောင် ပွင့်သည့် ဝါဆိုအကုန် ဝါခေါင်အကူး လအထူး ဖြစ်သည်။ (၂) ကိုယ့်အိမ်ခေါင်းရင်းဘက် ခြံအစပ်နားမှာ ပုန်းညက်ပင်တစ်ပင်ရှိသည်။ […]

မင်းကိုချစ်တဲ့အကြောင်း- ၂၆

ပေါ့ပါးသွားမလားလို့ သစ်ရွက်တစ်ရွက်ဖြစ်ကြည့်ပါတယ် နေလောင်ခံရတာသာအဖတ်တင်ခဲ့ အေးအေးမြမြ အသံလွင်လွင်လေးနဲ့ စီးဆင်းခွင့်ရမလားလို့ စမ်းချောင်းကလေးဖြစ်ကြည့်တယ် မိုးသည်းမုန်တိုင်းကျတဲ့အချိန်နဲ့မှတိုးတယ် စိမ်းစိမ်းစိုစိုနေချင်လို့ တောအုပ်တစ်ခုဖြစ်ကြည့်တော့ သစ်ခုတ်သမားများတဲ့တိုင်းပြည်တဲ့ ကိုယ့်မှာ အခြေကအပိုင်းခံလိုက်ရတာချည်းပဲ ခိုင်ခိုင်မာမာ တောင်တန်းကြီးဖြစ်ကြည့်တယ် ကံဆိုးတယ် ကိုယ့်တစ်ကိုယ်လုံးကိုဖြိုပြီး စီမံကိန်းအသစ်လုပ်သွားတယ် တော်ပါပြီ ဘာမှမဖြစ်ချင်တော့ဘူး တစ္သက္တာထာဝရ မင်းကိုချစ်နေရသူပဲဖြစ်တော့မယ် မင်းကိုချစ်တဲ့စိတ်နဲ့ အမှန်တရားအတွက်တိုက်ယူမယ် မင်းကိုချစ်တဲ့စိတ်နဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် ။ ။ ခိုင်သွေးကို

သူ့ တစ်နေရာ (ဝတ္ထုတို)

၁။ သည်အရပ် သည်ဒေသတွင် သူ, ဘယ်အချိန်ကတည်းက တည်ရှိခဲ့မှန်း သူ,ကိုယ်တိုင်ပင် သေချာမသိ။ သူ, သိသည်က ကျယ်ပြောလှသော ကောင်းကင်ကြီးတစ်ခု သူ့,အပေါ် မှာ အုပ်မိုးနေသည်။ထို ကောင်းကင်ကြီး မှောင်လာသည့်အခါ ကြယ်ကလေးတွေကို ငေးခွင့် ရှိပြီး၊ကောင်းကင်ကြီး လင်းလာသည့်အခါ သူ့,တစ်ကိုယ်လုံး နွေးနေတတ်သည်။နေသာရုံ အနွေးဓာတ်မှတစ်ဆင့် တရိပ်ရိပ်မြင့်တက်လာသည့် အပူရှိန်နှင့်အတူ ခြောက်သွေ့ညစ်ညူးဖွယ် ကောင်းသော နေ့ရက်များကို မရှောင်သာ၊မလွှဲသာ ရောက်ရပြန်သည်။ထိုအချိန်မျိုးတွေဆီရောက်လာသည့်အခါ သူ့,အပေါ်ယံ မြေဆီလွှာတချို့ မခံမရပ်နိုင်အောင် အက်ကွဲလာ၏။ ထိုကာလကား သိပ်တော့မကြာပေ။သူ့, ခံနိုင်ရည်စွမ်းတို့ မကုန်ဆုံးမီပင် မိုးစက်မိုးပေါက်များ ရွာလေ့ရှိသည်။နေ့စဉ်ရက်ဆက် ရွာပါများတော့ သူ့,ကျောပေါ်က တောတန်းကလေးမှာ သက်ရင့်ပင်တို့ မြူးရွှင်ကြ၏။လိပ်ပြာရောင်စုံ၊ပန်းပေါင်းစုံဖြင့် ကျေးငှက်မျိုးစုံ တွန်သံအောက်ဝယ် သူ့,အသွင်က ကြည်နူးဖွယ်အတိ။ သူ,တင်မဟုတ်။ သူ့,ဝန်းကျင် တစ်ခွင်လုံးမှာလည်း အမျိုးတူ တောင်တန်းများက […]

ကမ္ဘာမြေအား ချစ်သူများ

ကမ္ဘာမြေအား ချစ်သူများက စိတ်ထားဖွေးလက် ယုံကြည်ချက်ဖြင့် ခက်လက်ဝေဆာ အေးရိပ်သာအောင် ပြည်ရွာအလှ ဖန်တီးကြသည် စိုက်ကြသစ်ပင် ပြေ(ပြည်)တစ်ခွင်ဝယ် ချစ်ခင်သူများ သူတို့အားကို တို့များအားကျ မိပါသည်။ အားကျမိခါ စိတ်လက်ပါ၍ ကိုယ့်ရွာဒေသ ကိုယ်စိုက်ကြသော် လှပဝန်းကျင် စိမ်းလန်းရွှင်၍ ပြည်ခွင်အလှ စိမ်းစိုမြ၍ လောကအပူ တလူလူသည် ဘယ်မူဘယ်ရေး ဘယ်သို့ဝေးလိမ့် အတွေးမှာပဲ ပျော်မိသည်။ အတွေးကိုယ်စီ အလီလီကို ညီညီညာစု အတူပြု၍ ယခုကာလ သမယက အစပြုကာ မြေကမ္ဘာကို သေချာကျန စိမ်းစိုမြအောင် အလှဖန်တီး စေချင်သည်။ တကယ်လို့သာ ဒီကမ္ဘာမြေ ဖြာဝေအလှ စိမ်းစိုမြသော် နေရထိုင်ရ အေးချမ်းလှ၍ သောကလည်းကင်း စိတ်လည်းရှင်း၍ လက်ငင်းချမ်းသာ သံသရာပါ ဘယ်ခါအလှ မဆုံးရသော် လုံးဝ အကျိုး များသတည်း။ […]

အလွမ်းစာစီ မူးအင်းဆီသို့

  ဝသန်ချိန်ခါ ဝါဆိုမှာလေ ရွာကာမိုးများ မြောင်းချောင်းကြားက ရေအားကြီးသည် မူးအင်းဆီ ။ သွန်းဖြိုးနောက်ထက် မိုးကောင်းဆက်လျှင် မြေပက်ကြားမှ ပြည့်လျှံစကာ အင်းကရေများ ပြည့်သည်သား ။ ရေထဲပျော်ပါး နိုင်လွန်ငါးနှင့် စလားပီယား ပုဇွန်များရ ငါးမြှားဖမ်းကြ ပိုက်ချကြ ။ ရွာကမူးအင်း ရေချိုးခြင်းနှင့် ကူးရင်းကစား အဝတ်များလျော် ကမ်းပါးပေါ်အောက် ပြေးကာလျှောက် ။ သြော်——- ခုများဝေးရောက် အသက်ထောက်ခဲ့ ရှေးနောက်ဖြစ်စဉ် ပြေး၍မြင်ပြီး ငယ်စဉ်ဘဝ တမ်းတရသည် ရွာ က မူအင်း မြင်ယောင်ရင်း ။ ။ ခေတ်သစ် (ကြွေပုဂံ) Photo -ကြွေပုဂံကျေးရွာ မူးအင်းမြင်ကွင်း

Page 22 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28