Art Work

နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း

ထုံကျင်အေးစက်နေသော ခြေထောက်များကို ကြိုးစားမယူ လျှောက်လှမ်းရင်းက walking shoe စီးမလာမိတာ မှားပြီဟု တွေးလိုက်မိသည်။ ထင်းရူးပင်များ ဝဲယာခြံရံထားသော လမ်းကလေးအတိုင်း လမ်းလျှောက်နေရာက ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသော ဆရာလေးသုံးပါးကို မြူနှင်းဖွေးဖွေးအောက်တွင် တွေ့ရသည်။ ဆရာလေးတွေက ဆောင်းနှင့် အသားကျနေပုံရသည်။ သူတို့ကိုကြည့်ရသည်မှာ ထွေထူးပြီး အအေးဒဏ်ကို ခံစားရသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကို ထိန်းမရအောင် တုန်ခါနေသည်။ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဆောင်းကို တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးသော ကျွန်တော့်အတွက် ရှမ်းပြည်ဆောင်းဆိုတာ ဒီလိုမျိုးပါလားဟုတွေးလိုက်မိရင်း ဘာမှ ကောင်းကောင်းမမြင်ရသော တောရကျောင်းဝန်းထဲ ဖွေးဖွေးလှုပ် ပြိုဆင်းနေသော နှင်းဖတ်မျှင်မျှင်လေးများကြားတွင် လိုက်လံစူးစမ်းနေမိသည်။ တောရိုင်းပန်းဖြူဖြူလေးများသည် နှင်းဖွေးဖွေးအောက်တွင် ပျောက်နေသည်။ ရှမ်းတောင်တန်း၏ သင်္ကေတ နေကြာရိုင်းဝါဝါများကိုလည်း ကောင်းကောင်းမမြင်ရ။ စေတီခြေတော်ရင်းတွင် ဖိနပ်ကိုချွတ်ကာ စေတီရင်ပြင်ပေါ်သို့ ခြေထောက်ချလိုက်တော့ […]

” ဇာတိမြေလွမ်းချင်း”

အခြေအနေ အကြောင်းကြောင်းကြောင့် ရေကြည်ရာ မြက်နုရာအရပ်သို့ ရွှေ့ပြောင်း ရောက်ရှိ နေ ထိုင်နေခဲ့ရသော်လည်း ကျွန်တော်၏ ဇာတိက ရန်ကုန် တစ်ဖက်ကမ်းမှ “သန်လျင်” ဟု အမည်ရသည့် မြို့ကေ လးဖြစ်ပါသည်။သန်လျင်သည် တစ်ချိန်က ဟံသာဝတီခရိုင်၊ သန်လျင်နယ်၏ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပါသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းတည်ရှိရာ မြို့လည်း ဖြစ်ပါသည်။ယခင်က သန်လျင် နယ်တွင် ကျောက်တန်း၊ သုံးခြ ၊ ခရမ်းမြို့နယ်တို့ ပါဝင်ခဲ့ပါသည်။၎င်းအစုအဝေးကိုပင် အင်္ဂလိပ်တို့က (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြပါသည်။ သန်လျင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသော မြို့တစ်မြို့ အဖြစ်ရှိခဲ့ပါသည်။မြို့ ကိုတည်သူ ငသန်လျင်အား အစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်း သန်လျင် သမိုင်း၌ဆိုသော်လည်း အချို့သော မှတ်တမ်းများကတော့ […]

ရိုင်းတဲ့မြစ်

နွေဦးရဲ့သောင်ခပ်မှုထဲ မြစ်ဝမှာ ခေါင်ရေဆုတ်တော့ သောင်လွဲကမ်းများ အစီအရီပေါ်လို့ ဒီရိုက်သံချိုအလင်္ကာမှာ ရိုးရေစစ်ပြီ နဒီ။ ကြည့်စမ်းပါဦး လတာနုန်းပြင် မဲကျံလိမ်းလျက် ဆူးခက်တင်ရင်း ဒီမျှော်ဆင်းသည် မျက်နှာမွဲချို ကပ်ပါးအိုလဲ ကမ်းပျိုငယ်ဝယ် လှေငယ်ခေါင်ထီး နေစောင်းပြီးလျှင် နဒီလွမ်းတေးဖွဲ့မိသည်။ ကေဇော်မိုး

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင် အရင်တုန်းက နာမည်တွေအတိုင်းပဲ သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ် ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့ ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့ ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။ #စိုးခိုင်ညိမ်း illustration-Amadeus

ပွင့်နှစ်သွယ်

ကောက်ယဉ်နှင့် ခွာညို မိမိငယ် ဘယ်ဟာကြိုက်တယ် မေးလိုက်ပါဆို။ ငွေနှင်းက စိုစိုမွာ ခွာညိုက ယဉ်ကြော့။ ကောက်ယဉ်ဆန်းပြန်တော့ ဘယ်ပန်းရယ် မယ်မရွေးနိုင်ဘူး ပွင့်နှစ်သွယ် ဆင့်သွယ်ထွေးကာ မွှေးမိပြီပေါ့။ ။ #နုယဉ်

နှင်းကျနေခြင်း

ရေဒီယိုအစီအစဉ်မှာ နှင်းများကျနေခြင်းကို မီးလောင်ခြင်းသတင်းက ဖုံးလွှမ်းသွားတယ်။ လောကဓံရှစ်ပါးထက် ပိုတဲ့အပူပဲ အခြားသူတွေဆိုသော်ငြား ကိုယ့်စိတ်ထဲထိ ကူးစက်လောင်ကျွမ်းတယ်။ သဘာဝရဲ့အေးစက်ခြင်းကို မဖွဲ့နွဲလိုတော့ပါ နှင်းတွေရဲ့အပူကို အလွမ်းနဲ့ ငြိမ်းသတ်နေရတယ်   ပိုင်သစ်နွယ် 8:17AM Wed, Dec.29.2021 Photo-#crd

ဆီးနှင်းတွေရောက်လာပုံက

ဆီးနှင်းတွေရောက်လာပုံက ခရီးဆောင်အိတ်ပါမလာဘူး ရေနွေးဗူးပါမလာဘူး အညာစောင်မခြုံဘူး ။   ဆီးနှင်းတွေရောက်လာပုံက ထင်းတွေကိုနေရာရွှေ့ချိန်မရ မီးကိုငြိမ်းမယ့်နှင်းတွေ ။   ဆီးနှင်းတွေရောက်လာပုံက မနှစ်ကနဲ့ဒီနှစ်မတူဘူး သတိရခြင်းတွေကလည်း တံစက်မြိတ်ကနေတစ်စက်ပြီးတစ်စက်ယိုစိမ့်နေ ။   ခရမ်းရောင် ခန္ဓာကိုယ်နဲ့မိန်းကလေးနှင်းရေ ချမ်းနေတဲ့အပူတွေအတွက် မင်းဟာဆွယ်တာလို ဂျာကင်လို သတိရခြင်းတွေကိုနံပါတ်စဉ်တပ်ပြီးလွမ်းနေမယ် ။   ဆီးနှင်းတွေရောက်လာပုံက ကိုယ့်ဆီ မရောက်လာသလိုလိုပါပဲ ဒီစာလေးဖတ်ပြီး နွေးပါစေဆောင်း။   #သျှစ်လှိုင်း 31.12.21

နှင်းမြမြသစ်သီး

စူးနစ်ပြင်းရှ လဝကည- နှင်းစစချည် မျက်ရည်မြို့သစ်- အိမ်ပြစ်လွင့်ဝေး ကြယ်လေးဖိတ်လက်- စိတ်ပုခက်လှိုင်း ရစ်သိုင်းမှုံ ရီ- မေ့မျက်ရည်စ လမျက်ဝန်းဝ- စိုစထိရှ ပွင့်မြမြကြွ ကြယ်လေးများလှပကြစေသား ။   #ဝါကျဖြူ 16/12/21

Page 11 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28