Art Work

ရေမျောသီးတွေကြွေတဲ့ည

ည၏လရောင်သည် ပါးပါးဝပ်ဝပ်ကလေးဖြင့်သာ ရိုးချောင်းကလေး၏ ရေလွှာအပေါ်သို့ ဖြန့်ကျက်အုံ့ဆိုင်း လွှမ်းခြုံလျက်ပင်ရှိပါသည်။ ဓနိတောများဆီသို့ တိုးဝှေ့လာခဲ့သော ညလေပြည်ကလေးများ၏ တဖျပ်ဖျပ်တချပ်ချပ်လက်ခတ်သံများသည် အနုစိပ်မှုန်းခြယ်တီးခတ်ထားသော နဒီဂီတတစ်ရပ်နှယ်ပင် အလှဆင်လျက်ရှိပါသည်။ လရောင်ညတစ်ည၏ ဆွဲအားထံ၌ ဒီရေများသည် လျင်မြန်သောအဟုန်ဖြင့် လှိုင်းပွက်ရိုက်ခတ်သံများဖန်တီးကာ ရွေ့လျားစီးဆင်းလျက်ပင်ရှိပါသည်။ သာမောဖွယ်ရာ လအဆင်းသည် နဒီသားလွှာ၏ ခုံးကြွလှိုင်းဖန်သားနှင့် အလင်းခတ်မိလေသောအခါ ငွေလဲ့ရောင်ပုလဲတန်းကလေးများသည် ရေလွှာပေါ်ဝယ် ပြေးလွှားဆော့ကစားနေသကဲ့သို့ပင်။ ညဥ့်နက်ပျိုကလေးတစ်ခု၏နရီသည် စည်းချက်ကျနစွာဖြင့် ရွာရိုးကလေးအား အုံ့သိုင်းလွှမ်းပတ်ထားလျက်ပင်ရှိပါသည်။ ဒီရိုးကလေးထံ မှေးတင်လျက်ရှိသော ရေဆင်းတံတားကလေးသည် လရောင်ကြဲကြဲအောက်ဝယ် ငြိမ်သက်တိတ်ဆိတ်လို့နေဆဲ။ မလင်းတလင်း ဆိုလာမီးရောင်များအောက်တွင်မူ ရွာရိုးကလေး၏ ငြိမ်ဆိတ်ခြင်း အနုရသများသည် လရောင်ညတစ်ခုကိုရေးဆွဲထားသော သက်ငြိမ်ပန်းချီတစ်ချပ်နှယ်ပင်ဖြစ်ပါသည်။ လေနရီသည် ညင်းပြေရာမှတစ်ဆင့် ညင်းထန်မှုအဆင့်သို့ ကူးပြောင်းဝင်ရောက်စပြုလာခဲ့ပါပြီ။ ညင်းထန်စပြုလာခဲ့သော လေနရီသည် ညတစ်ည၏ သင်းရနံ့တချို့ကို ဆွတ်ယူဆောင်လာခဲ့ပါသည်။ ဖြည်းဖြည်းညင်းညင်းကလေးဖြင့် အဆုပ်ထဲသို့ ရှိုက်သွင်းလိုက်မိတော့ […]

ငလျင် သို့မဟုတ် အနီးအနားက အကြီးမားဆုံး သဘာဝဘေးအန္တရာယ်

ဒီစာအုပ်ကတော့ ငလျင်စတင်ဖြစ်ပေါ်လာပုံ ၊ ငလျင်လှိုင်းများ ၊ ငလျင်ဗဟိုချက် ၊ နောက်ဆက်တွဲငလျင် ၊ ​ဆူနာမီငလျင်လှိုင်းများ ငလျင်အလင်းရောင်၊ ငလျင်လှုပ်ရတဲ့ အကြေင်းအရင်းအပေါ် ဗုဒ္ဓနဲ့ သိပ္ပံ တို့ရဲ့ အမြင်များ ၊ ကမ္ဘာ့အကြီးဆုံး ငလျင်ကြီးများအကြောင်း ၊ မြန်မာနိုင်ငံ ငလျင်များ ၊ မြန်မာ့ဝေဒပညာနဲ့ မြေငလျင်ကို လေ့လာခြင်းနဲ့ ငလျင် အန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပါတယ်။ ဝယ်လို့ရမယ်ဆိုရင် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ၊ လေ့လာစရာ ဗဟုသုတဖြစ်စရာတွေ အများကြီးပါပါတယ်။

လူနှင့် မိုးလေဝသ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက်) ဒီစာအုပ်ကတော့ ဆရာမောင်ယဥ်လှိုင်း ရေးသားထားတဲ့ မိုးလေဝသနဲ့ ပတ်သကပြီး လူတိုင်းသိသင့်တဲ့ အကြောင်းအရာတွေ၊ လေ အကြောင်း ၊ မိုးလေဝသရဲ့ အရေးပါမှု ၊ စစ်မှု ရေးရာ နဲ့မိုးလေဝသအကြောင်း ၊ မိုးလေဝသနဲ့ အပျက်အစီးများ ၊ ပညာရှင်တွေအကြောင်း ၊ ထိန်းချုပ်ရေးအကြောင်း ၊ လူ့ပယောဂနဲ့ မိုးလေဝသအကြောင်းတွေအပြင် လူသားတွေနဲ့ မိုးလေဝသ ဆက်နွယ်ပုံတွေကို ဖတ်ရှု ရမှာပဲ ဖြစ်ပါတယ်။ မိုးလေဝသသည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးကိုလည်း ပေးပုံ ၊ မိုးလေဝသကြောင့် လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး ရသလို လူ့ပယောဂကြောင့်လဲ မိုးလေဝပျက်စီးရပုံတွေကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၈၆ ခုနှစ် တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အဖုံးပန်းချီကို လွယ်လွယ် ကရေးဆွဲထားပါတယ်။ […]

ကျွန်ူပ်တို့အတွက် လေနှင့်ရေ

  ဒီစာအုပ်ကတော့ စာရေးဆရာ ဒေါက်တာအာလောက ရဲ့ ၁၉၈၄ ခုနှစ်တွင် အုပ်ရေ ၂၁၀၀၀ ထွက်ရှိခဲ့ပြီး ၁၉၈၂ ခုနှစ်၊ စာပေဗိမာန် စာမှုဆု ဘာသာပြန်စာပေ၊ ပထမဆုရရှိထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ ဒီစာအုပ်ထဲတွင်သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာ အကြောင်းအရာအမျိုးစုံ ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးနဲ့အနာဂါတ် ၊ သောက်သုံးရေများအကြောင်း ၊ လေထဲမှ ရေဒီယိုသတ္တိကြွ နှင့် အခြားညစ်ညမ်းပစ္စည်းတွေအကြောင်း ၊ မီးခိုးနှင့် မော်တော်ယဉ်တွေအကြောင်း ၊ကျောက်မီးသွေး သုံးမီးဖိုများမှ မီးခိုးများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ ဘေးတွေ့ကြ ရပုံ စတဲ့သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာ စိတ်ဝင်စား ဖွယ်အကြောင်း အရာတွေကို ဖတ်ရှု့ရမယ့် စာအုပ်ကောင်း တစ်အုပ်ပါ။ CAKE #greenness

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ပျံ့နန်းလှန်……. ရွှေဘိုမင်းဆက်မှန်နန်းစံ အင်းကြီးတောင်သမန် ” ဆရာတင်တောင်သမန် သီးချင်းမှ )   တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။ […]

တမာနုချိန်စစ်တမ်း

အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ ” ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝုိးဝါးထွေးလျက်” နေသော စပ်ကူးမပ်ကူး အချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင်ဆင်တို့၏ နှစ်ပတ်လည် ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကို ရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ […]

ရန်ကုန်မြို့အနီးနားက ပန်းတစ်ပွင့်တောင်

ရန်ကုန်မြို့အနီးမှာလည်း တောင်တက်လို့ရပါတယ် အမြင့်ကြီး တော့ မဟုတ် ဘူးပေါ့ ဒါပေမဲ့လည်း ခရီး အဝေးလဲ မသွားနိုင် တောင်တက်ပြီး ခဏတာ စိတ်အပန်းဖြေချင်သူတွေ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေနဲ့အတူ လှပနဲ့ ကောင်းကင် ကြီးကို ခံစားချင်သူတွေအတွက်တော့ သွားလို့ အဆင်ပြေတဲ့တေနေရာလေးပါ။ ပန်းတစ်ပွင့်တောင် ပန်းတစ်ပွင့်တောင်ဘုရားကိုဖူး​မျှော်ပြီးသူတိုင်းဟာတဒင်ဂစိတ်အေးချမ်းမှုတွေကိုခံစားရပြီး ရင်ပြင်ပေါ်ကနေလှမ်းမျှော်ကြည့်ရင်မြင်ရတဲ့ရှုခင်းအလှအပတွေကြောင့် စိတ်အေးချမ်းမူရရှိစေမှာအမှန်ပါ လေကောင်လေသန့်လေတွေရှူရှိုက်ရင်းတောင်တန်းအလှအပများစွာကိုကြည့်ရူခံစားရင်းနဲ့အမောပြေစေမှာပါ။ ပန်းတစ်ပွင့်တောင် တောင်ပေါ်ရောက်ပြီဆိုတာနဲ့ ရှမ်းပြည်ရောက်သလိုမျိုးခံစားရတဲ့ ခံစားချက်လေးကဘာနဲ့မှလဲလို့မရတဲ့ခံစားမူမျိုးရမှာအသေချာပါ။ တောင်ပေါ်ဘုရားမှာအေးအေးဆေးဆေး လေငြင်းခံစားကြမယ် အခုလိုမိုးရာသီဆို အရင်ကထက်ပိုပြီစိမ်းလန်းစိုပြေတယ် တောင်တန်းကြီးအလှအပကိုတဝကြီးခံစားကြမယ် ပန်းတစ်ပွင့်တောင်ကျောင်းတိုက် (မှော်ဘီမြို့နယ်) လေထီး၁၆ မှတ်တိုင် ရောက်ရင် ညာဘက်ချိုး၍ 30 မိနစ်လောက်သွားရပါမယ် လမ်းနှစ်ခွတွေ့လျှင် ဘယ်ဘက်အတိုင်းသွားပါ။ နောက် ၁၅ မိနစ်ခန့်သွားလျှင် လမ်းခွဲ ထပ်တွေ့ပါမယ်။ ညာဘက်သွားရပါမယ်။ ဘယ်ဘက် ကသွားရင် ဖူးဂျီဆည် […]

ထန်းတောင်သူ့တဲ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက် ) ဒီစာအုပ်လေးကတော့ ပဒေသာပင်ဘ၀တွေထဲမှထန်းတောင်သူတွေရဲ့ဘ၀အကြောင်းနဲ့အညာမြေရဲ့ထန်းအလှကို ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်‌ဖြစ်ပြီး ထန်းပင်တွေနဲ့ပတ်သက်တဲ့သတင်း၊ ဆောင်းပါး၊ ကဗျာစတဲ့ ခံစားမှုအစုံကို ဖတ်ရှုရမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အမှာစာကို မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က ရေးသားထားပြီး ထန်းမိတ်ဆက်ကို စာရေးဆရာကြီးမောင်မောင်ဖြူ၊ စောနိုင်ဦး ၊ ကာတွန်းကြည်ဝင်းတို့က ရေးသားထားပါတယ်။ စာအုပ်ထဲမှာ ထန်းရဲ့အသုံးဝင်ပုံအမျိုးမျိုးကို ဓာတ်ပုံများနဲ့ ဝေဝေဆာဆာဖော်ပြထားပြီး ၂၀၁၇ ခုနှစ် ဇွန်လက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ စိမ်းရောင်စိုစာပေက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာအုပ်ကို ဆိုင်တွေမှာ ဝယ်ယူရရှိဖို့ မသေချာပါဘူး ။ Greenness အနေနဲ့ ဗဟုသုတအနေ ဖြင့် ဖော်ပြရခြင်း ဖြစ်ပါတယ် ။ CAKE #greenness

ရေဇလာသင်ဖျာခင်းရင်ပေါ့ (၆)

“ရေသေရေထ ရက်တွက်မနေနဲ့။ ကြုံရာတက်နဲ့ဖြစ်အောင်ခတ်ပါ”တဲ့။ ဒီဒေသမှာ နေထိုင်ခေါင်းချသွားခဲ့သော ရှေးလူကြီးများက အစဉ်အဆက်တလျောက် နူတ်တိုက်ချပေးထားခဲ့တဲ့ စကားပုံတစ်ခုပါ။ ဒီစကားပုံက ဘယ်သူတွေကို အထူးပြု ရည်ညွှန်းဆိုထားသလဲဆိုတာ တွေးမိကြပါသလား။ အခြားသူတွေအတွက် ဟုတ်နိုင်ရိုးလို့လား။ ကိုသာအေးတို့လို ကပ်ပါးတံငါသည်တွေအတွက် သီးသန့်ညွှန်း ထားပေးခဲ့တဲ့ စကားပုံတစ်ခုပါပဲ။ လရာသီကား ဗမာပြက္ခတိန်မူအားဖြင့်ဆိုပါလျှင် တော်သလင်းလကွယ် လွန်မြောက်လို့ သီတင်းကျွတ်လအနီးအနားသို့ပင် ချဉ်းကပ်နေခဲ့ပါပြီ။ မိုးကုန်စပြုပြီဆိုတော့ လယ်တွေထဲရေခန်းစပြုလာခဲ့ပါတယ်။ ရှူ့မြင်လေရာအရပ်ရပ်မျက်နှာထံဝယ် ရွှေမြသားအဆင်းနှယ် ပမာဆောင်ထားသော စပါးနှံများက လယ်တောတစ်ခိုဝယ် ကိုင်းညွှတ်အိကျလျက်ပင်ရှိနေပါ၏။ လယ်တောထဲမှာ သားငါးရှာဖွေရသော ရာသီကတော့ ကုန်ဆုံးလွန်မြောက်သလောက်ဖြစ်ရပြီပေါ့။ ကိုသာအေးအဖို့ စားကျက်အသစ်ဆီသို့ ရွှေ့ပြောင်းရှာဖွေရပါတော့မယ်။ ဘယ်ကိုရွှေ့ရမလဲဆိုတော့ ချောင်းမကြီးကခွဲထွက်လာတဲ့ ရိုးတိုကလေးတွေဆီကိုပါပဲ။ ဒီအခါကာလမှာ ရိုးတိုလေးတွေထဲ ကျက်စားနေလေ့ရှိသော မျှင်ပုစွန်များကိုဖမ်းဆီးလုပ်ကိုင်ရတဲ့ မျှင်ရာသီသို့ တစ်ကျော့ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။ သင်္ဘောစင်အပေါ်မှာတင်ထားသော မြှုံးပိုက်အသီးသီးရဲ့ အပေါက်အပြဲအနာအဆာများကို ဖာထေးလို့ပြီးစီးပြီမို့ […]

မြစ်နှင့်လူ

မြစ်ကတော့ ဖြစ်ချင်ရာဖြစ် သူချစ်တဲ့ ပင်လယ်ဆီ မရောက်ရောက်အောင် ချီမှာပဲ။ နွေတုန်းက အားသေးလိုက်တဲ့မြစ် သောင်တွေ အထစ်ထစ်ထွန်း ကျောက်စွန်းကျောက်ခက်ရှရှ မီးယပ်သည်မကလေး။ မုတ်သုံဦးနဲ့ ဖူးကြွလာတဲ့ လှိုင်းတွေ ကျောက်နဲ့သောင် ရှာဖွေအတွေ့ သမင်မွေ့ ခြင်္သေ့မွှေသလို နေစွေး မိုးဝေး မြစ်သေးတုန်းက ကုန်းရုန်းကြိုးဆွဲခဲ့ရသမျှ မြစ်ဝ လေထလာတော့ လိပ်ပြာလှကလေးတွေ ရောင်စုံပျံ။ မြစ်ကတော့ ဖြစ်ချင်ရာဖြစ် သူချစ်တဲ့ ပင်လယ်ဆီ မရောက်ရောက်အောင်ချီမှာပဲ။ မြစ်ကမ်းစပ် တစ်လျှောက် ထင်းကောက်သူ ငါးရှာသူ ရွှေကျင်သူ ရေချိုးသူ အားလုံး အားလုံးကို ကြည်ဖြူ။ … အံ့မောင် #Greenness (ကွယ်လွန်သွားပြီဖြစ် ဆရာကြီး အံ့မောင်ကို သတိရလျက်)

Page 6 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28