Art Work

မဲလုံး (ဝတ္ထုတို)

မဲလုံးက ဆရာ၀န်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ္သက္လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လွဲ၍ေန ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။ သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ္သက္လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ […]

ဂဏန်းကျရေတံခွန်သို့သွားကြမယ်

#တည်နေရာ– ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ မြိုင်စံပြကျေးရွာ ဆိုင်းဘုတ်ကျော်ကျော် မြိုင်စျေးနားမရောက်ခင်မှာ လမ်းညာဘက်ကို ချိုးတဲ့ လမ်းတစ်ခုရှိပါတယ်။အဲ့လမ်းအတိုင်းသာဝင်သွားပါ။ ခန့်မှန်းချိန် ၁၅ မိနစ်ခန့် ဝင်ရပါတယ်။ ကားအနိမ့်များကတော့ ရေကျော်လေးတစ်ခုနားထိ သွားလို့ရပါတယ်။ ကားထားပြီး ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိ လမ်းလျောက်ချိန် ၁၀ မိနစ်ခန့် မြေပြန့်သွားရပါမယ်။ light truck ခွေးဘီလူးများ ကားအမြင့်များ ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိသွားလို့ရပါတယ်။ ကား၊ ဆိုင်ကယ်များ ထားခဲ့ပြီး ရေတံခွန်ရှိရာသို့ ၁၅ မိနစ်ခန့်ဆင်း​ြးြရင် ရောက်ပါပြီ။ အဆင်းလမ်းအနည်းငယ်ချော်ပါတယ်။ လမ်းဘေးဝဲယာမှာ ဖက်ယားဆိုတဲ့ အပင်တွေရှိပါတယ်။အရွက်အကြီးကြီးတွေနဲ့ ကိုင်မိလိုက်ရင် ဆူးစူးပါတယ်။ သတိပြုပါ။ အဆိပ်တော့မတက်ပေမယ့် ဆူးစူးခံရတာ တစ်မျိုးတော့ နေရခက်ပါတယ်။ ရေတံခွန်က ရေကျနည်းပါတယ်။ ရေချိုးဖို့ ရေအိုင်များမရှိပါ။ ဂဏန်းကျရေတံခွန်တစ်ခုထဲသွားမယ်ဆို သွားရတဲ့ခရီးမတန်ပါဘူး။ ဂဏန်းကျကို ဝင်ပြီး […]

သိပ္ပံပညာရှင်တွေ ဝိုင်းဝေဖန်တဲ့အထိဖြစ်သွားတဲ့ နေလို့မရတော့မယ့်ကမ္ဘာကြီး စာအုပ်နဲ့ ဂျာနယ်လစ်

The Uninhabitable Earth by David Wallace-Wells ဒေဗစ်ဝေါ်လေ့စ်ဝဲလ် ဆိုတဲ့ နယူယောက်တိုင်းက လက်ထောက် အယ်ဒီတာက ၂၀၁၇ မှာ The Uninhabitable Earth ဆိုတဲ့ စာအုပ်ကို ထုတ်တယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လူတွေခံစားနေရတဲ့ ဒုက္ခတွေကို တုတ်ထိုးအိုးပေါက်ရေးတယ်။ နောက်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ပြောတယ်။ စာအုပ်ထွက်ပြီး မကြာမီမှာပဲ သူ့ရဲ့ ကြိုတင်ဟောပြောချက်တွေကို သိပ္ပံပညာရှင်တွေ က ဝိုင်းဝေဖန်တော့တာပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ စာတွေ မရေးခဲ့တဲ့ ဂျာနယ်လစ်တစ်ယောက် ၊ နောက်ပြီး တော့ တက္ကသိုလ်က သမိုင်း နဲ့ ဘွဲ့ရလာတဲ့ သူတစ်ယောက်က ကမ္ဘာ့ရာသီပြောင်းလဲမှု နဲ့ ပတ်သက်ပြီး ရေးတယ်ဆိုတော့ လူပြောသူပြော များခဲ့တာလည်း ဖြစ်မှာပါ။ […]

ရထားစီးခြင်း

(၁) Greta Thunberg (ဂရီတာ သွန်းဘာ့ဂ်) က ကာဗွန်ထုတ်လုပ် မှုလျှော့ချဖို့အတွက် လူအများကို ရထားစီးကြရန် မတိုက်တွန်းခင် အချိန်ကတည်းက ကျွန်တော် ရထားစစီးခဲ့တာ။ ဆရာလှသန်းရဲ့ ညရထားကဗျာကို ကျွန်တော် မဖတ်ဖူးခင်အချိန်ကတည်းက ရထားစစီးခဲ့တာ။ ဒါပေမဲ့အဆို တော်ကိုင်ဇာရဲ့ ကိုယ်လေရထား လေးနဲ့ မွေးဌာနီသွားတဲ့ခရီးဝယ်၊ စိုပြည်စိမ်းလန်းလို့ သာယာတဲ့ မြေ၊ တောအထပ်ထပ် တောင်အ သွယ်သွယ်ကွေ့ဝိုက်လို့ရယ် ဖြတ် ကျော်ရင်းတွေ့ခဲ့ရတယ်ကွယ် စတဲ့ ရထားစီးတဲ့အကြောင်း သီ ချင်းစာသားပါတဲ့ သီချင်းလေးကို တော့ ကျွန်တော်နားထောင်လို့ပြီး ပြီပဲဖြစ်တယ်။ (၂) ကျွန်တော် ရထားစစီးတော့ အသက်က (၁၈) နှစ်။ အထက် တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန်။ ဘယ်အရာကိုမဆို ပြုလုပ်ဖို့အ တွက် စိတ်ဓာတ်တက်ကြွနေတဲ့အ ချိန်။ အပူအပင်တွေ […]

ဒုဋ္ဌဝတီ

တောင်ကို လက်ဆွဲတက်နေတဲ့ သစ်ပင်နဲ့ တောင်ကို ဆင်းနမ်းနေတဲ့ တိမ်ဆိုင်နဲ့ တောင်ကို ကွေ့ဆင်းနေတဲ့ လမ်းခရီးနဲ့ တောင်ကို ခြဲထြက္သြားတဲ့ လမ်းမကြီးနဲ့ တောင်ကို ဖမ်းယူနှုတ်ဆတ်နေတဲ့ ရေစိမ်းစိမ်းနဲ့ ဒုဋ္ဌဝတီဟာ ခွဲခွာခြင်း သင်္ကေတဖြစ်သလို ရှမ်းပြည်နှစ်ခု ပေါင်းဆုံပေးရာတံတား မြစ်က ကျဉ်းတယ် ရေစီးက သန်တယ် ဖြတ်ကူးသွားမယ်ဆို စိတ်ခိုင်ခိုင်ထားဖို့လည်းလိုတယ်။ သုခေတ်အိမ် 23.4.2018

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့ အာဆီယံအမှိုက်ကင်းစင်ဆုံးဆုရတဲ့မြို့။တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိတဲ့ကမ်းခြေလေးပါ။အရေးတော်ပုံကြီးပြီးသွားရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ #Dawei #LaungLon #ThaintharyiRegion #Myanmar #Burma #Tavoy #SouthernMyanmar #BeautifulDaweiBeach #BeautifulMyanmar #photocrdAungThuPhyo

မျှော်လင့်သစ်ပင်

သူနမ်းလျှင် ပန်းပွင့်ဖြစ် သူပစ်တော့ ဝါရွက်ကြွေ.. မျှော်လင့်ခြင်း ဆိုတဲ့အပင်အောက် ခင် လျှောက်ရင်း.မြင်စေ.. ပန်းမပွင့်တဲ့ အခန်းဆက်နွေ အလွမ်း ရွက်တွေကြွေနေရဲ့။ အပင်ရင်းမှာတော့ ခင်နင်းလျှင်ရွက်ကြွေပျောက် ခင်လျှောက်မှရွက်ကြွေစင် ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး… မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်.. ပန်းပွင့်ဝေမတဲ့။ မောင်စိန်ဝင်း(ပုတီးကုန်း) (သမုဒယနှင်းဆီပြာ ကဗျာပေါင်းချုပ် မှ)

Page 20 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28