Art Work

အချုပ်တန်းဆရာဖေ၏ #ဆောင်းဘွဲ့

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လဲ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။ ။ မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လဲ ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ ခုန်။ ။ ယမ်းယောင်ကာ တ,လျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗ်ာဆုံတဲ့ ရာသီပဲ။ ။ ငွေနှင်းငယ်မှုန် လေညှင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ်ဘာကို ဗြဟ္မာတို့ပြုခဲ့တယ် ဆောင်းရတုပွဲ။ ။

မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ…တဲ့

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက် ————————————- ရေသားပြုစုသူ.. လင်းအောင်ပြည့် ၂၀၂၁ ခုနှစ် နှစ်ဦးမှာ ဦးဦးဖျားဖျား ထူးထူးခြားခြား ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ၊ စာအုပ်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သိပ်ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ခဲ့ပါဘူး။ မြန်မာပြည်အတွက် တကယ်လိုတဲ့၊ တကယ်လည်း ကောင်းမွန်တဲ့စာအုပ်လေးမို့ ရောင်ခြည်သစ်စာပေကနေ ရောင်းချပေးဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ အုပ်ရေ အတော်များများမှာယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ရေမြေထဲက ငှက်အမျိုးပေါင်း ၆၀ ကျော်ကို လွန်ခဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက ကိုယ်တိုင်မှတ်တမ်းတင်၊ ငှက်တွေရဲ့ ဓလေ့စရိုက်သဘာဝကို ကိုယ်တိုင်လေ့လာပြီး စာအုပ်တစ်အုပ်လုံးကို art paper တွေန့ချည်း သပ်သပ်ရပ်ရပ်လှလှပပ ဝေဝေဆာဆာ ထုတ်ဝေလိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ငှက်ဓာတ်ပုံတွေနဲ့ ငှက်တွေရဲ့ဓလေ့စရိုက် သဘာဝတွေကို ယှဥ်တွဲ ဖော်ပြထားပြီး […]

ကောက်ရိုးနွယ်

ရွှေရောင်စပါးခင်းလေးတွေ ဘ၀နဲ့ရင်း တာ၀န်ကျေပြီးနောက် အရိုးပြိုင်းပြိုင်းပြတ်နေတဲ့ ရိုးပြတ်တောထဲက ခေါင်းထောင်ထွက်လာသူ ကန်စွန်းနွယ်လေးတွေလို အမူအရာနဲ့ ခရမ်းသွေးတစ်၀က်၊ ကျောက်စိမ်းရောင်တစ်၀က်အသားအရေနဲ့ ကျစ်လစ်လစ်ခန္ဓာကိုယ် သွယ်လျလျလေးပေါ်မှာ သေးမျှင်မျှင် အရွက်ချွန်လေးတွေကို ခပ်ကျဲကျဲ ထိုးစိုက်လို့ အားပါတဲ့ အမြစ်မွှားကလေးတွေနဲ့ ခြောက်သွေ့ကြမ်းရှနေတဲ့ မြေကို ကုပ်တွယ်လို့ ကောက်ရိုးပြတ်ပင်တွေပေါ်ကိုမှ တွယ်ကပ်နွယ်ရစ်ခဲ့သူလေ.. ‘ကောက်ရိုးနွယ်’တဲ့ ဆောင်ယွန်းစ၊ နွေရင်ခွင် ပပ်ကြားအက်နဲ့ မြက်ရိုင်းပင်တွေကြား (မိုးလည်းမလို၊ ရေလည်းမလို) နှင်းမြူလွကိုသာ ခေါင်းမြီးခြုံလို့ သူ့မျက်ရည်နဲ့သူ ရဲရင့်စွာအမောက်ထောင် ရပ်စရာမြေကြီးရှိရင် ရှင်သန်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းကိုမော့၊ ရင်ကိုကော့ နွေလေစီးကြောင်းထဲမှာ ယိမ်းနွဲ့ရင်း စိန်နားကပ်ပန်းလေးတွေ ပန်လို့.. ကျေးလက်ထမင်းဝိုင်းတွေရဲ့ဇာတ်လိုက်ကျော် ကောက်ရိုးနွယ်လေးပေါ့…။ ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ သူ့အသက်ကလေး တိုတိုသွားရင်း ကောက်ရိုးပြတ်တွေမရှိတော့တဲ့လယ်ကွင်းတွေထဲ နစ်မြုပ်ပျောက်ကွယ်နေခဲ့ပြီလေ။ #မိုးဟိန်းထက်

ကုက္ကိုလ်တန်း အလှ

ဂွေးပင်ရွာအနီးက အရိပ်ကောင်းလှသည့် ကုက္ကိုလ်တန်း အလှ   (ရေနံချောင်း- ချောက် ရေနံချောင်း – ကျောက်ပန်းတောင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။   Photo Credit ဆရာဌေးဝင်း(စလေ)   #သစ်ပင်လူသား Tree Man

ကျိန်စာ

မိုးရွာခြင်းအကျိုးတရားဆိုတာလည်း ခိုင်လုံတဲ့အကြောင်းတရားကိုယ်စီနဲ့။ လေတိုက်တော့လည်းအတူတူ။ မိုးနတ်သားလေနတ်သားဆိုတာ ညီမျှခြင်းကိုချောင်မှာထိုး ထင်ရာကိုအစိုးမရသူရယ်မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသားလေးပါပဲ စဉ်းစားပါ ဆင်ခြင်ပါ ကိုယ့်မျက်နှာပေါ်ကျတဲ့တံတွေးစက်က ကိုယ်ကိုတိုင်ပက်လက်လှန်မထွေးခဲ့တာ သေချာရဲ့လား။ ခုတော့ … ကိုယ်ထိုင်တဲ့ကိုင်းကိုမချိုင်သင့်တော့ကြောင်း တဇွတ်ထိုးရာသီဥတုများ အလွဲလွဲအမှားမှားနဲ့ တို့တတွေအနားမှာလမ်းသလားရင်း နာဂစ်ဆိုတဲ့ဓာတ်ပြားဟောင်းက သတိပေးလို့တံခါးခေါက်ပြထားလေရဲ့။ ခို င် လွ င် ကောင်း ဇံ

ပုံတောင် ပုံညာကို ဖြတ်ကာ…..

ဗိုလကို (ပန်းတနော်)- ရေးသည်၊ ———————————- ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီဝင်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ထိုလမ်းကိုဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ စော၊ ယော စသည့်အလွယ်တကူ အမှတ်ရခေါ်ဆိုရလွယ်သည့် နာမည်တွေသာဖြစ်သည်။ တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့်ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။ […]

Page 14 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28