Art Work

ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပြီး တစ်ဖက်ခြမ်းမှာ လူတွေမနေရ ဆိုတဲ့ စာအုပ်

Half-Earth: Our Planets Fight for Life ( Edward O. Wilson) အီးအိုဝယ်ဆင် ဆိုတဲ့ စာရေးဆရာက တကယ့်သဘာဝဓမ္မ ဝါဒီသမားတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ အကျော်ကြားဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စာပေရေးသားနေတဲ့ စာရေးဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပူလစ်ဇာဆု ၂ကြိမ်ရထားပြီး ဓမ္မဓိဌာန်ကျတဲ့ သဘောတရားတွေ အယူအဆတွေကို တင်ပြတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇီဝစက်ဝန်းပျက်နေတဲ့ ကမ္ဘာရယ် ၊ လူသားတွေရဲ့ အခြေခံလိုအပ်ချက်ရယ် ၊ စက်မှုနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးမှုရယ် ၊ နိုင်ငံရေးဩဇာတည်ဆောက်မှုရယ် ဆိုတဲ့ ညှိမရတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေပေါ်မှာ အခြေခံကျကျ သုံးသပ်ချက်တွေ၊ ကျိုးကြောင်းဆီလျှော်တဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြ နေတဲ့သူပဲဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် ဇီဝမျိုးကွဲတွေကို အစုလိုက်အပြုံလိုက် မျိုးသုဉ်းပစ်နေတာကို ရှောင်ရှားဖို့ နည်းလမ်းတွေ ၊ […]

သစ်ပင် (ဝတ္ထုတို)

၁။ ဖိုးထူးအဖို့ ဒီလိုအဖြစ်အပျက်မျိုးက ရိုးတောင်ရိုးနေပါပြီ။ အိမ်ကလည်း တစ်ခုခုခိုင်းစရာရှိတိုင်း ဖိုးထူးတစ်ယောက် ခေါ်မကြားအော်မကြားပျောက်နေတယ်ဆို အပင်တစ်ပင်ပင်ပေါ် ရောက်နေလောက်ပြီဆိုတာကို အတပ်သိသလို အိမ်မွာတော့ ဖိုးထူးကိုရှာချင်လျှင်ခေါင်းကို မော့ထားရသည်ဟု ပြောတတ်ကြသည်။ ဖိုးထူးအဖို့ကလည်း အပင်ပေါ်တက်နေရတာကို ပျော်လည်းပျော်သည်။ စိတ်လည်းလှုပ်ရှားသည်။ တီဗီမှာလာတတ်သည့် ကာတွန်းကားတွေထဲက လူစွမ်းကောင်းတွေလုပ်လေ့ရှိသလို စွန့်စားတဲ့အရာတစ်ခုခုလုပ်ခွင့်ရသည်ဟုသာ ဖိုးထူးထင်သည်။ ဖိုးထူးတို့အရွယ်တွေအတွက် အိမ်ပတ်ဝန်းကျင်မွာ စွန့်စွန့်စားစားလုပ်လို့ရတာကလည်း သစ်ပင်ပေါ်တက်သည့်အလုပ်လောက်သာ လောက်လောက်လားလားရှိသည် မဟုတ်လား။ အိမ်ကသူ့ကိုတစ်ခုခုခိုင်းဖို့လိုက်ရွာနေပြီဆိုတာနဲ့ အိမ်နောက်ဖေးက သရက်ပင်ပေါ် ဖိုးထူးတက်ပုန်းနေတတ်တော့တာပါပဲ။ ဖိုးထူးတို့ အိမ်နောက်ဖေးဝင်းထဲမွာ သရက်ပင် မာလကာပင် မရမ်းပင်စသည့် တက်စရာအပင်တွေ ခပ်များများရှိပါသည်။ အပင်အားလုံးကလည်း နယ်ကထုံးစံအတိုင်းနှစ်ရှည်မခုတ်ပဲ ဒီအတိုင်းပစ်ထား၍ရသည့်အတွက် အကိုင်းအခတ်တွေ အုပ်အုပ်ဆိုင်းဆိုင်းရွိသည်။ နောက်ပြီး ဖိုးထူးတို့ခြံက နောက်ဘက်မွာအတော်ကျယ်သလို ဘေးပတ်ဝန်းကျင်ကခြံတွေကလည်း ဖိုးထူးတို့ခြံလိုပဲ အတန်အသင့်ကျယ်ဝန်းပြီး ဖိုးထူးတို့ခြံလိုပဲ အပင်တွေရှိသည်။ အပင်တက်တာကိုသိပ်ကြိုက်သည့် […]

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

ကလောသို့ဆိုက်ရောက်ချိန်

ကားပေါ်ကဆင်းလိုက်တာနဲ့ သူ့အထိအတွေ့က အေးခနဲ။ အနွေးထည်ဝတ်ထားပေမယ့် ခြေဖျားလက်ဖျား နှာသီးဖျား နားဖျားလေးတွေ ရေခဲမတတ်။ နှင်းဖုံးနေတဲ့သူ့အကြည့်က ရင်ဘတ်ထဲ ကျဉ်ခနဲ။ နံနက် လေးနာရီဆိုပေမယ့် မြို့ကလေးရဲ့ ဟောက်သံတွေ ပြင်းထန်နေတုန်း။ ကုန်းအမြင့်လေးတွေပေါ် လျှောက်တက်လိုက်တိုင်း ကြယ်တွေနဲ့ပိုနီးလာသလိုလို တစ်စုံတစ်ရာနဲ့ပိုဝေးကွာသွားလေသလား။ ကျွန်တော်လေ… ခိုက်ခိုက်တုန်နေတဲ့ ကြယ်အလင်းရောင်ကိုအားပြုလို့ သူ့ရင်ခွင်ထဲ တိတ်တိတ်ကလေး တိုးဝင်ခဲ့ပါတယ်။ ။ မိုးဟိန်းထက် November 24, 2014 Photo #CrdOrginalUploader

ရာဇူဒိုင်ရဲ့ ပခုံးနှစ်ဖက်နဲ့ နေ့ရက်များ

ဆိုင်ကယ်ပေါ်ကို ဘေးလွှဲထိုင်ဖို့ရာ မဖြစ်နိုင်တဲ့ လမ်းခရီးမို့ ဆိုင်ကယ်နောက်ကနေ ခွထိုင်လိုက်ရတယ်။ ခရီးက မဝေးပါ။ ငါးမိနစ်လောက်သာ စီးရတဲ့ (ကားလမ်းမကြီးလို့ အခေါ်ရှိကြတယ်) လမ်းတာကြီးပေါ်မှာပါ။ အဲ့ဒီငါးမိနစ်လောက် ဆိုင်ကယ်ဘီးတွေကို ကျောက်အကြမ်းခဲတွေ ပွတ်တိုက်တဲ့နှုန်းက ကတ္တရာလမ်းပေါ်က ငါးနာရီလောက် ဆိုင်ကယ်ဘီးတွေ ပွတ်တိုက်တဲ့နှုန်းထက် ဆိုင်ကယ်ဘီးတွေ ထိခိုက်တဲ့နူန်း မလျော့ဘူးပြောရင် လွန်မယ်မထင်မိပါ။ သွားနေကျ လမ်းခရီး။ စီးနေကျ ဆိုင်ကယ်ကယ်ရီ။ ဒါတွေဟာ မြင်ကွင်းအသစ် မဟုတ်သလို၊ ထိတွေ့မှု အသစ်တွေလည်း မဟုတ်ပါ။ ရာစုနှစ်တွေထဲက စီးဆင်းနေတဲ့ အလျင်တွေပါပဲ။ အဲ့ဒီအလျင်ထဲမှာ ကျွန်တော် လိုက်ပါတယ်။ ကျွန်တော့်ဝန်းကျင်က လူတွေ လိုက်ပါကြတယ်။ အသက်ရှူသံတွေ လိုက်ပါကြတယ်။ ညည်းတွားမှုတွေ လိုက်ပါကြတယ်။ အဲဒီလမ်းတာကြီးပေါ်မှာ ကျွန်တော်တို့တစ်တွေ ငြင်းချင်တဲ့အရာတွေ ရှိပေမယ့် ငြင်းဖို့အတွက် ခဲယဉ်းရင်း ရာစုနှစ်ရဲ့ […]

ခေါ်နူးဇုမ်

ခေါ်နူးဇုမ်က လှတယ် တစ်နေ့ ခေါ်နူးဇုမ်ဆီ ငါ သွားမယ် ။ အိပ်မက်နီနီတွေ အထပ်ထပ်ပွင့်နေတဲ့ အဲဒီတောင်တန်းတွေဆီ ငါ သွားမယ် ငါ သွားမယ်ဆိုပြီး ဘယ်တော့မှ ငါမရောက်တော့မယ့် အရပ်ဟာလည်း ခေါ်နူးဇုမ်ပဲ ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ငါ့အရပ်အမောင်းထက် ပေပေါင်းများစွာမြင့်တဲ့ ငါ့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့ ခေါ်နူးဇုမ် သူ့ပေတံကြီးနဲ့ သူ့ကိုယ်သူပြန်တိုင်းပြီး ငါ့ကို သူ့အနားကပ်မရအောင်လုပ်ထားပြီး တိမ်တွေကို တိုးတိုးဖော်လုပ်ထားတဲ့ ခေါ်နူးဇုမ် ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ရောက်ဖို့ မလွယ်ကူတော့မှန်း သိပေမယ့် ငါ့အိပ်မက်တွေက အဆုပ်လိုက် အခိုင်လိုက် နီနီရဲရဲ ငါ ခေါ်နူးဇုမ်ကို သွားမယ် ။ ငါ့ ့ခရီးနဲ့ ငါ တိုးတိုးတိတ်တိတ်ပဲ […]

ပန်းချီ

ဘဲငန်းတွေက ရေထဲကသူ့အရိပ်ကို အတောင်ပံတွေ ထဲ ဖြန့်ကြည့်လို့ တိမ်တွေရေသောက်ဆင်းတဲ့အခါ ကန်ရေပြင်ဟာ အ်ပာ ကမ်းစပ်မှာ ရေတိမ်နစ် မှော်ပင်တချို့ လေ အလာဆို လှိုင်းကြက်ခွပ် တေနရာမွာ သစ်ပင်စိမ်းစိမ်းတွေ ကိုင်းညွှတ် ငါးတစ်ကောင်တစ်လေ ထခုန်လိုက်တဲ့အခါ ကန်ရေပြင်ခမျာ လှုပ်ခတ် နေဝင်ချိန် အမှောင်ဆည်းဆာ မကြာခင်ရောက်လာခဲ့တယ်။ #သင်းရည်လွင် မြားနတ်မောင်၊ ၁၉၉၈ #Photo:MCN

Page 27 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28