Art Work

ကလော

အမြဲတမ်း ရှင်းသန့်သော လမ်းများနဲ့ သင်းပျံ့သော ပန်းများနဲ့ လတ်ဆတ်သော လေနဲ့ ကြည်နူးဖွယ်ရာ ရှုခင်းများနဲ ရာသီဥတု ဘယ်လောက်အေးအေး အပြုံးနွေးနွေးနဲ့ ထွေးပွေ့ထားတဲ့မြို့လေး ကလော….တဲ့လေ လာချင်သော်လည်း မနီးသေးလို့ လွမ်း မျော် လို့သာ နေရတဲ့ မြို့လေး…။ ခိုင်သွေးကို #Greenness photo:Credit

နွေးစေထွေး ဝေးဝေးနေ မိုးစက်တွေ

ညနေစောင်းလာတော့ အေအးဓာတ္က အနည်းငယ်ဝင်လာခဲ့ပြီ။ခြံရဲ့ တာထိပ္ကေန လယ်ကွင်းပြင်ဘက်ကို အကြည့်က အလိုလို ရောက်သွားခဲ့တယ်။တချို့ ထောင်လျက်သား စပါးပင်တွေ၊တချို့ ကိုင်းညွှတ်နေတဲ့ စပါးပင်တွေကို ကျွန်တော် ငေးကြည့်နေမိတယ်။မြောက်လေနဲ့အတူပါလာတဲ့ လယ်သင်းရနံ့တွေက ကျွန်တော့်စိတ်ထဲ တစ်မျိုးတစ်ဖုံ ကြည်နူးသွားသလို ခံစားလိုက်ရတယ်။ကျွန်တော် အသက္ကို တဝကြီး ရှုလိုက်မိတယ်။ကျွန်တော့် အဆုတ်ထဲမှာ ရိတ်သိမ်းလို့ရပြီဖြစ်တဲ့ စပါးနှံတွေ လေအတိုးမှာ ဝင်ရောက်လှုပ်ယမ်းသွားသလိုပဲ ခံစားလိုက်ရတယ်။ကောက်ရိတ်ပြီး ပြန်လာကြတဲ့ လယ်သူမတချို့ကို ဟိုးခပ်ဝေးဝေး လယ်ကန်သင်းရိုးပေါ်ကနေ လမ်းလျှောက်ပြန်လာကြတာကိုလည်း တွေ့နေရတယ်။တချို့က သီချင်းညည်းလို့။တချို့က ရယ်မော စကားပြောလို့။တချို့က တံစဉ်တွေကို ဘဝအပေါ် ထမ်းတင်လို့။ ညက ပျိုမျစ်လာခဲ့ပြီ။ဝန်းကျင်က အနည်းငယ် မှောင်လာခဲ့ပြီ။မြေမျက်နှာသွင်ပြင်က အရောင်တချို့ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေခဲ့ပြီ။လယ်ကွင်းပြင်ထဲမှာလည်း အနည်းငယ် မှောင်လာခဲ့ပြီ။စပါးပင်တွေလည်း ဝိုးတဝါး။သစ်ပင်တောတန်းတွေလည်း ဝိုးတဝါး။ကောင်းကင်ပြင်လည်း ဝိုးတဝါး။ဒါပေမဲ့ လပြည့်ကျော်ရုံ လမင်းကြီးကတော့ တောက်ပမှုအရောင် […]

စကားရင်ကွဲ

ဇာပုဝါပါး မြူတွေ… မှိုင်းညို့တောင်တန်းတစ်ဖက် စိမ်းတစ်ဝက် ပြာရည်လဲ့ ညိုမှောင် ဝါးရွက်ကလေး မြေပြင်ပေါ် နားနေပေါ့ ကိုင်းခြောက်ခို ရင်ကွဲနေသူရယ် လေချွန်သံထဲ အငိုတွေ ထပ်ထပ်ထည့် တောင်တွေဆီ… ပဲ့တင်ထပ်စေခဲ့တယ်။ သင်းရည်လွင်

နှင်းတွေဆင်းတဲ့လမ်း

ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။ ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် […]

သဘာဝ၏ ဟာမိုနီ

ကျွန်တော် ကြည့်နေစဉ်မှာပင် လမ်းဘေးရှိ သစ်ပင်များ နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသည်။ ထိုသစ်ပင်များသည် ဘယ်တော့မှ ဆုံး တော့သည့် အတိုင်းပင်။ သစ်ပင်တစ်ပင်နောက်သို့ သစ်ပင်တစ်ပင်က လိုက်ပါသွားသည်။ တစ်ပင်ပြီး တစ်ပင် … နောက်တစ်ပင်ပြီး နောက်တစ် ပင်။ ထိုအခါ စီတန်းနေသော သစ်ပင် အတန်းကြီးသည် တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့ကြတော့သည်။ ကျွန်တော့် စိတ်ထဲမှာ ကားစီးရင်း ကြည့်နေရသည်ဟု မထင်ဘဲ ခြားရဟတ်စီးရင်း ကြည့်နေရသလို ထင်မိလေသည်။ နေရောင်သည် ညနေချိန်််ဖြစ်သောကြောင့် စူးလည်းစူး၊ တောက်လည်းတောက်ပလှသည်။ ပြဇာတ်ခင်းနေသည့် ဇာတ်ခုံပေါ်မှာ စလိုက်မီးတွေ ပြိုင်ထိုးသည့်အတိုင်းပင်။ ကျွန်တော်သည် ပြေးနေသည့် ကားပေါ်မှာ လိုက် ပါလာရင်း ညနေခင်းပြဇာတ်ကို ထိုင်ကြည့်ရသည်နှင့် တူနေလေမလားမသိ။ သဘာဝက်လွေသာ ပြဇာတ်တစ်ပုဒ်။ သို့မဟုတ် ညနေခင်း […]

ဗျိုင်းအိုနှင့် ထွေးညို

နေမင်းညိုရင် ဟိုကန်စောင်းက ငါးတွေချောင်းတဲ့ ငွေဗျိုင်းအို ။ နေမင်းကွယ်တောင် ဘယ္မရေတာ့ နွမ်းလျပါလို့ စိတ်မချို ။ ပြာလဲ့ရေညို ဟိုကန်စောင်းက အပျိုချောင်းတဲ့ မောင်ထွေးညို ။ ငွေဗျိုင်းအိုနှယ် ဘယ္မတွေ့လို့ မရွှင်ချမ်းမြေ့ သောကပို ။ ဗျိုင်းအို၊ ထွေးညို ။ #ငွေတာရီ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ ခုနှစ်တွင် (ဒုတိယအကြိမ်) ထုတ်ဝေသည့် ငွေတာရီ ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။

Page 13 of 28
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28