ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်း
ကျွန်တော်တို့တိုင်းပြည် အေးချမ်းသာယာပြီး ပြည်သူတွေ လုံခြုံစွာနဲ့ ပျော်ရွှင်ခွင့်ရတဲ့နေ့ကျရင် သဘာဝပတ်ဝန်းကျင် ရှုခင်းတွေ၊ သဘာဝအလှအပတွေ၊ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ နေရာလေးတစ်ခုဆီ အလည်သွားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့… ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးမှာရှိတဲ့ ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်းပဲ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာကားလမ်းအတိုင်းဆိုရင်ကွင်းကောက်မြို့ မရောက်ခင် ၅မိုင်အလိုလောက်မှာ တောင်ဇင်းရွာတည်ရှိပါတယ်။ တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကို လမ်းညွှန်ဆိုင်းဘုတ်အတိုင်းအတွင်းကို၃မိုင်ခန့်ဝင်သွားရင် ကြပ်ပြင်တောရသာသနာ့နယ်မြေ ရှေးဟောင်းဂဝံမြို့ဟောင်းကို ရောက်ရှိပါပြီ။ ယခုအချိန်သွားရင် စိမ်းစိုလှပပြီး စမ်းချောင်း ကလေးနဲ့ အရမ်းသာယာတဲ့နေရာလေးပါ။ ရှေးဟောင်းသုတေသနဋ္ဌာနမှ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာ ကို ပျူမြို့ဟောင်းလို့ ပြောဆိုထားပါတယ်။ ဘီစီ ၃ရာစုနဲ့ ၆ရာစုအတွင်း တကောင်းခေတ်ဟုခေါ်တွင်တဲ့ ပျူခေတ်မှာ ပျူမြို့၃၂မြို့ တပ်မြို့ ၉မြို့ မြို့ငယ်ပေါင်း၂၀၀ကျော် ရှိတဲ့အနက် ပင်လယ်ပျူမြို့ဟာ ဧရာဝတီတိုင်းအတွင်းတည်ရှိပါတယ်။ ယခုမြို့ဟောင်းဟာ […]