ကမ္ဘာကြီးပူနွေးလာမှုအတွက် နယူးယောက်ခ် ကျောင်းသားတွေ လမ်းပေါ်တက်ဆန္ဒပြ
AP သတင်း၏အဆိုအရ သဘာဝဘေးဒဏ်သင့်နိုင်ငံများမှ ခေါင်းဆောင်များသည် ၎င်းတို့၏ပြဿနာများကို ကုလသမဂ္ဂထံ တင်ပြကာ အကူအညီတောင်းခံခဲ့ပါတယ်။ နယူးယောက်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေက စာသင်ခန်းကိုစွန့်ပြီး သူတို့ကို ထောက်ခံဖို့ လမ်းတွေပေါ်တက်ကာ ချီတက်ဆန္ဒကြမှုတွေ လုပ်နေကြပါတယ် ။ တက်ကြွလှုပ်ရှားသူ လူငယ်များက ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကို နိုင်ငံတကာက အာရုံစိုက်လာ စေရန် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်ကို စီစဉ်ခဲ့ကြပါတယ် ။ ဆန္ဒပြသူများက ဆိုးရွားသော ရာသီဥတု ဒဏ်ခံရသော ဆင်းရဲသောနိုင်ငံများအတွက် အကူအညီပိုမိုပေးဖို့အတွက် တောင်း ဆိုခဲ့ကြပါတယ် ။ ၂၀၁၅ ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံများက လုံလုံလောက် လောက် မလုပ်ကြဘူးလို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ ဒါကြောင့် မျိုးဆက်သစ်များသည် မျှော်လင့်ချက်ကို ယူဆောင်လာပြီး အပြောင်းအလဲတစ်ခုပြုလုပ်ရန် […]