ရွှေ့ပြောင်းတွေကို စစ်ပွဲထက် ပိုကြောက်ရတယ်လို့ စစ်တမ်းတစ်ခုက ဆို
မကြာခင်ကျင်းပမယ့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မြူးနစ်ညီလာခံအတွက် အကြိုစစ်တမ်းတစ်ခုကို ပြုလုပ်တဲ့ နေရာမှာ စက်မှုထိပ်သီး ၇ နိုင်ငံအပြင် ဘရာဇီး ၊ အိန္ဒိယ ၊ တရုတ် နဲ့ တောင်အာဖရိကတို့မှ လူ ၁၂၀၀၀ တို့ကို မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ် ။ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မေးခွန်း ၃၂ ခုကို ဖြေခိုင်းရာမှာ အများဆုံး တူညီတဲ့ အဖြေတစ်ခုကတော့ ရုရှားနိုင်ငံရဲ့ ရန်လိုမှုကြောင့် ဖြစ်လာမယ့် စစ်ပွဲထက် ရာသီဥတု အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမယ့် ရွှေ့ပြောင်းတွေရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်မှုအရှိဆုံး ဆိုတဲ့ အဖြေတစ်ခုပေါ်ထွက်လာပါတယ်။ လာမယ့် သောကြာနေ့မှာ ဂျာမဏီနိုင်ငံမြူးနစ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံများက နိုင်ငံရေးနဲ့ ကာကွယ်ရေး အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲအကြို လုပ်တဲ့စစ်တမ်းဖြစ်ပါတယ် ။ […]