ပါကစ္စတန်မှာ ရေကြီးလို့ လူ ထောင်နဲ့ချီပြီး သေဆုံး
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပါကစ္စတန် နိုင်ငံအနံ့အပြားမှာ မိုးကြီးပြီး ရေလွှမ်းမိုးလို့ လူပေါင်း ထောင်နဲ့ချီပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဇွန်လကတည်းက မုတ်သုံမိုးပြင်းထန်စွာ ဝင်ရောက်မှုကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့သလို ရေကြီးမှုဖြစ်စဉ်အတွက် ထောင်ပေါင်းများစွာသောမိသားစုတွေကို ရွှေ့ပြောင်းပေး ခဲ့ရတယ်လို့ ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့ပါတယ်။ မုတ်သုံမိုးကြောင့် တိုင်းပြည်တွင်းက လူဦးရေ ၁၅% ဖြစ်တဲ့ လူပေါင်း ၃၃သန်းကျော်ကို ထိခိုက်ခဲ့တယ်လို့ ဝန်ကြီးချုပ် ရှရစ်က ဆိုပါတယ်။ အခုလိုမျိုးဖြစ်ရတာက ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ရတာလို့ သူက အပြစ်တင်ခဲ့ပါတယ်။ ရေကြီးမှုဒဏ်ခံရသော ဒေသများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၊ အုပ်စုဖွဲ့အကျင့်ပျက်ခြစားမှု ၊ အခြေခံဆောက်အအုံများတွင် ရင်းနှီးမြုတ်နှံမှု နည်းပါခြင်း ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းပါးခြင်းနဲ့ ကြိုတင်ပြင်ဆင်မှု မရှိခြင်းတို့ က ရေကြီးရေလျှံခြင်း ဖြစ်စဉ်ကို ဆက်တိုက်ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းထဲမှာ […]