Climate Change

စပိန်မှာ မိုးခေါင်လွန်းလို့ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာရပြီ

ကားရေးဆေးတာတွေ ၊ အိမ်ကမြက်ခင်းရေလောင်းတာတွေ ပြုလုပ်တဲ့ ဘယ်နိုင်ငံသားမဆို ပြစ်မှုကျူးလွန်တယ်လို့ သတ်မှတ်ကာ ကြီးလေးတဲ့ငွေဒဏ် ခံရမှာဖြစ်ပါတယ်။) လပေါင်းများစွာကြာအောင် သတိပေးချက်တွေပေးပြီးနောက် မှာတော့ စပိန်နိုင်ငံ ကာတာလန်ပြည်နယ် အာဏာပိုင်တွေက ဒီကနေ့ မှာ မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေကို ကြေငြာလိုက်ရပါတယ်။ ဘာစီလိုနာရှိ လူခြောက်သန်းနှင့် စပိန်အရှေ့မြောက်ပိုင်းရှိ မြူနီစီပယ် ၂၀၁ ခုအတွက် ပိုမိုပြင်းထန်တဲ့ ရေသုံးစွဲမှု ကန့်သတ်ချက် ကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ် ။ ကားရေဆေးကြောခြင်း ၊ ခြံထဲက ဥယျာဉ်ကို ရေလောင်းခြင်းလို ပြစ်မှု အငယ်စားတွေ အတွက် ဒဏ်ငွေ ယူရို ၅၀ အထိ ပေးဆောင်ရမှာဖြစ်ပြီး ရေ ကို သောက်သုံးခြင်းမှလွဲပြီး အခြား မလိုအပ်တဲ့ သုံးစွဲမှုအတွက် ဘာစီလိုနာမြို့သားတွေ ‘ရေပြစ်မှု’ ကို […]

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဥရောပက တကယ်ခံနေရပြီလား

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နော်ဝေကမ်းလွန်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ရုတ်တရက် မုန်တိုင်းအသွင်ကို ပြောင်းလဲသွားပြီး ဒီကနေ့မနက်မှာ နော်ဝေနိုင်ငံထဲကို ဦးတည်ပြီး ဝင်ရောက်တိုက်ခတ်ပါတော့တယ်။ တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ အပြင်းအထန်ဝင်လာတာပါ ။ မုန်တိုင်းတိုက်ခတ်မှုအားက နှစ် ၃၀ ကျော်အတွင်း အပြင်းထန်ဆုံး ပါပဲ ။ ဒီနှစ်ဆောင်းတွင်းမှာ အတ္တလန်တစ် သမုဒ္ဒရာကို ဖြတ်ပြီး တိုက်ခတ်နေတဲ့ မုန်းတိုင်းတွေက အားအလွန် ကောင်းလာပြီး ခပ်စိတ်စိတ်လည်း ဖြစ်နေပါတယ်။ နော်ဝေလို နို်ငငံမျိုးက မုန်တိုင်းအဝင်နည်းတဲ့ နိုင်ငံပါ။ ၁၉၉၂ ခုနှစ်က ဟာရီကိန်းမုန်တိုင်း တစ်လုံးဝင်ပြီး နောက်မှာ လက်ရှိတိုက်နေတဲ့ အင်ဂန်းလို မုန်တိုင်းမျိုး မဝင်ဖူးသေးပါဘူး ။ နော်ဝေမိုးလေဝသပညာရှင်တွေအမည်ပေးထားတဲ့ အင်ဂန်းဟာရီကိန်းနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အနီရောင်အဆင့်သတိပေးမှု ထုတ်ပြန်ထားပါတယ်။ […]

ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

မိသားစုကို စံပယ်ခူးပြီးရှာကျွေးလာတဲ့ ဆိုဘာရင်တစ်ယောက် အခုဆိုရင် အသက် ၇၀ ထဲကို ဝင်လာပါပြီ ။ သူတို့က ဟိုး ၁၀ စုနှစ်များစွာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ အခြေချနေထိုင်ပြီး ဂျာဗားပင်လယ်ကမ်းခြေနားမှာ စံပယ်ခင်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်လာခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ ဒီရေအတက်ကြမ်းပြီး ကမ်းတွေပြိုလို့ စံပယ်ခင်းတွေပါသွားတာကြောင့် ဝင်ငွေထိခိုက်မှုတွေ စဖြစ်နေပါတယ်။ ဂျာဗားကျွန်းရဲ့ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ကန်ဒန်ပန်ဂျန်ဒေသက ပင်လယ်ရေမြင့်တက်လာလို့ တဖြည်းဖြည်းနဲ့ ရေ အောက်ကို ရောက်လာပါတယ်။ “ ကန်ဒန်ပန်ဂျန်က စံပယ်စိုက်စားတဲ့ ဒေသပါဗျာ ။ အခမ်းအနားတွေအတွက် စံပယ်လိုချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာကြရုံပါပဲ ။ နောက်ပြီးတော့ လက်ဖက်မှာ စံပယ်အနံ့ထည့်ဖို့ ကျနော်တို့ဆီမှာ စံပယ်ပန်းကို ကီလိုပေါင်းများစွာလာဝယ်ကြပါတယ်။ စံပယ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့ဒေသကို မီဖို့က မလွယ်လောက်ပါဘူး ။ […]

ရာသီဥတုပြောင်းလဲမှုမှာ AIက အသွား နှစ်ဖက်နဲ့ဓားလိုပါပဲ

Artificial intelligence ( AI ) ဉာဏ်ရည်တုက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရေးနဲ့ပတ်သက်ပြီး သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်လာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ နည်းပညာ ကုမ္ပဏီတွေက ပြောလာပါပြီ။ နည်းပညာကုမ္ပဏီများသည် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် အစွမ်းထက်သည့် ကိရိယာတစ်ခု အဖြစ် ဉာဏ်ရည်တုကို တီထွင်ခဲ့ကြသော်လည်း အေအိုင်ကြောင့်ဖြစ်လာမယ့် ပြဿနာများကိုအရင်ဆုံး ဖြေရှင်ဖို့ ကြိုးစားနေကြပါတယ်။ Google DeepMind မှ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်ကို ဦးဆောင်သူ Sims Witherspoon က “AI သည် စွမ်းအင်သုံးနည်းပညာတစ်ခုဖြစ်ကြောင်း လုံးဝမှန်နေပါတယ် ။ အဲ့ဒိနေရာမှာ သန့်ရှင်းသောစွမ်းအင်ဖြင့် လုံး၀လည်ပတ်နိုင်သည့် ဇယားကွက်တစ်ခု မရှိမချင်း ထိုနည်းပညာများက ကာဗွန်ခြေရာရှိနေမှာပဲဖြစ်ပါတယ် “ လို့ ဆိုပါတယ်။ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ ဒေတာစင်တာများတွင် တစ်ကမ္ဘာလုံးလျှပ်စစ်ဓာတ်အားအသုံးပြုမှု၏ […]

ရဝမ်ဒါလို နိုင်ငံမျိုးတောင် အစိမ်းရောင်တော်လှန်ရေးကို စနေပြီ

ရဝမ်ဒါရဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေးရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မော်တော်ဆိုင်ကယ်များကို မှီခိုနေရတာပါ။ အရှေ့-အာဖရိက နိုင်ငံဖြစ်တဲ့ ရဝမ်ဒါက အာဖရိကတိုက်ကို ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိအောင် ကြိုးပမ်းမှုတစ်ရပ်ကို စပြီးလုပ်နေပါတယ်။ အဲ့ဒိအသွင်ကူးပြောင်းမှုအတွက် Rwandan startup Ampersand ကုမ္ပဏီ က ငွေကုန်ကြေးကျခံပြီး လုပ်နေတာပါ ။ ကုမ္ပဏီသည် Kigali တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၆သိန်း ဖြန့်ချီရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒိမြို့အပြင် နိုင်ရိုဘီ၊ ကင်ညာနှင့် ကမ်ပါလာ၊ ယူဂန်ဒါတို့ကိုလည်း နောက်ပိုင်းမှာ ဆက်ပို့သွားဦးမယ်လို့ လည်း ပြောပါတယ်။ “လမ်းပေါ်မှာ ဓာတ်ဆီဆိုင်ကယ်တွေ သန်းချီရှိနေပြီ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နှစ်အနည်းငယ်အတွင်းမှာ လမ်းမပေါ်မှာ လျှပ်စစ်စက်ဘီးတွေပဲ ရှိတော့မှာ သေချာစေဖို့အတွက်ပါ ။ အဲ့ဒိလိုဖြစ်ဖို့အတွက် ကျနော်တို့ […]

စပိန်မှာ ရေဘယ်လောက်တောင်ခမ်းလည်းဆိုတော့ ရေမြုပ်နေတဲ့ ဘုရားကျောင်းတောင် ပေါ်

စပိန်မှာမိုးခေါင်ရေရှားဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ နှစ်၆၀ က ရေကာတာတစ်ခုထဲမှာ မြုပ်သွားတဲ့ ၁၁ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ကျောင်းက ကုန်ပေါ်မှာ အထင်အရှားကို တွေ့လာရလို့ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်၆၀က ဘာစီလိုနာမြို့ကို သောက်သုံးရေထောက်ပံ့ရန် အတွက် Sant Romà de Sau ရွာနားမှာ Sau ရေကာတာ တစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ။ ရေလှောင်ကန်ကြောင့် အထပ် ၃ ထပ်နဲ့ မျှော်စင်တစ်ခုပါတဲ့ ဘုရားကျောင်း တစ်ခုက ရေအောက်ကို နှစ်မြုပ်သွားပါတယ် ။ ဆည်ထဲမှာ ရေအပြည့်ရှိတဲ့အချိန်မှာ အဲ့ဒိ ဘုရားကျောင်းရဲ့ မျှော်စင်ထိပ်ကိုတောင် မမြင်ရပါဘူး ။ အခုတော့ ဘုရားကျောင်းက ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ အခိုင်အမာရပ်တည်နေပြီး ခရီးသွားတွေ လာလည်လို့ရအောင် […]

ဖေဖော်ဝါရီနဲ့ မတ်လမှာ အားအကောင်းဆုံးဖြစ်လာနိုင်တဲ့ ၂၀၂၄ အယ်လ်နီညို

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညိုသည် အားအကောင်းဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုအားဆန့်ကျင်သည့် အိန္ဒိယသမုဒ္ဒရာမှ အိုင်အိုဒီဖြစ်စဉ်သည် အားလျော့လာနေပြီး ဖေဖော်ဝါရီလအတွင်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနိုင်မည်လို့ ကြိုတင်ခန့်မှန်းရေး model များ၊ အမေရိကန်အခြေစိုက်-အမျိုးသားမိုးလေဝသဌာန(NOAA – National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ အယ်လ်နီညိုက ဘယ်အချိန်ကာလအထိ ဆက်ဖြစ်နိုင်မလဲ? လက်ရှိအချိန်မှာ Madden -Jullian Oscillation(MJO)က ဆက်လက်အသက်ဝင်နေကာ၊ အိန္ဒိယသမုဒ္ဒရာရဲ့ အိုင်အိုဒီ(Positive Indian Ocean Dipole) ကလည်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရဲ့ အထက်လေထုလွှာများအတွင်း အနောက်လေစီးကြောင်းတိုက်ခတ်တဲ့ ဧရိယာသည် ကျယ်ပြန့်အားကောင်းနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ အထက်လေထုလွှာများအတွင်းက အရှေ့လေစီးကြောင်းအားကောင်းလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ မုတ်သုံကာလ-မုန်တိုင်းရာသီစတင်ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာတော့ နောက်လာမဲ့ ရက်ပေါင်း ၄၀ ကျော်(ဖေဖော်ဝါရီလအကုန်-မတ်လအတွင်း)နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာတော့မှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အယ်လ်နီညိုက ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ […]

အလည်ရောက်လာတဲ့ဆောင်း

” ဒါမျိုးအေးတာများ အေးစမ်းပါစေ” လို့ ဆရာကြီးတစ်ဦးကဆိုပါတယ်။ ကျနော်တို့လို တောင်တန်းတွေဝိုင်းနေတဲ့ လွင်ပြင်ကလေးဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစပြီး အအေးစဝင်တာပါ။ ခုဇန်နဝါရီလထဲကြမှ သိသိသာသာအေးလာတာ။ ဆောင်းနဲ့တူအောင်အေးလာတာပါ။ ဒီလိုအေးလာတာဟာ အအေးလှိုင်းဖြတ်လို့မို့ ဆိုပြီး မိုးလေဝသဌာနတွေကို ကိုးကားပြီး လူတွေကပြောကြတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ အအေးပိုမယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။ ဒါဟာတကယ်တော့ ကျနော်တို့ ငယ်ငယ်က ပုံမှန်အေးနေကြဆောင်းအအေးဓာတ်လောက်သာရှိတာပါရယ်။ ဒါပေမယ့် ဆောင်းရာသီအအေးဓာတ်နဲ့မတွေ့ရတာကြတဲ့ လူတွေဟာ အပူကန်ပြီးလည်ချောင်းနာတဲ့သူတွေကနာကြ။ တချို့ကလေးတွေကတော့ တစ်ရက်ကို ထမင်းငါးခါစားတာမဝနိုင်ဘူးဆိုလို့ ပြုံးရသေးတယ်။ ရာသီဥတုကအေးတော့ ခန္ဓာကိုယ်ကအပူဓာတ်ထုတ်ရတဲ့အခါ အစာချေအားကောင်းတာကိုး။ ချင်းတောင်ပေါ်မှာတော့ နှင်းဖွေးဖွေးတွေ တွေ့နေရပြီလို့ ပြောပါတယ်။ဆောင်းရာသီချင်းတောင်ပေါ်ကိုသွားရင် ထမင်းသိပ်စားနိုင်ကြတာပါ။ မြေပြန့်မှာ တစ်ပန်းကန်ကုန်အောင်စားတဲ့သူက တောင်ပေါ်ရောက်ရင် နှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းဆိုးဆိုး၊ကောင်းကောင်း ဘာဟင်းနဲ့ဖြစ်ဖြစ် တောင်ပေါ်မှာဆို သိပ်စားလို့ကောင်းပါတယ်။ အစာမကျေတာဆိုတာမျိုးလည်းမရှိ။ […]

အအေးပို‌နေတဲ့ ဥရောပက နော့ဒစ်နိုင်ငံတွေ

လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းများထူထပ်စွာ တိုက်ခတ်မှုကြောင့် နော်ဒစ်နိုင်ငံများတွင် ကြာသပတေးနေ့က လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယာဉ်မောင်းအများအပြားမှာ အန္တရာယ်ရှိသော အဝေးပြေး လမ်းမကြီးများပေါ်တွင် ပိတ်မိနေခဲ့သည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အပူချိန် -၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင် စံချိန်တင်ခဲ့ပြီး အအေးဆုံး ဆောင်းရာသီ ဖြစ်ခဲ့ပြီး ကျောင်းများပိတ်ခဲ့ရကာ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အာတိတ်ဒေသအတွင်း ကျရောက်နေသော ဆွီဒင်နိုင်ငံ၏ အချို့ဒေသများတွင် အပူချိန် -၃၈ ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းသွားသည့်အတွက် ကြာသပတေးနေ့တွင် အိမ်ခြေ ၄ထောင် ခန့် အမှောင်ထဲတွင် နေခဲ့ရကြောင်း ဆွီဒင် အများပြည်သူ ရေဒီယိုမှ ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နေ့က အပူချိန် သည် -၄၃.၆ ဒီဂရီစင်တီဂရိတ်သို့ကျဆင်းသွားခဲ့ပြီး ဆွီဒင်တွင် ၂၅ နှစ်အတွင်း အနိမ့်ဆုံး ဇန်နဝါရီအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၂)

(၃ ) ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရာသီဥတု ဖောက်ပြန်မှုက ဖိအားတစ်ရပ်ဖြစ်ပေါ်နေ ပါရီသဘောတူညီချက် မတိုင်မီက ရာသီဥတုပြောင်းလဲမှုသည် ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ ကြားတွင် အရေးပါသောအကြောင်းအရာတစ်ခုမဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ယခုအခါတွင်တော့ အဲ့ဒါက ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါပြီ ။ ယခုအခါ ကော်ပိုရေးရှင်းများစွာသည် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကို အစီရင်ခံတင်ပြရကြပြီး၊ အချို့မှာမူ ထိုသို့လုပ်ဆောင်ရန် တရားဝင်ပင် တာဝန်ရှိလာနေပြီဖြစ်ပါတယ် ။ စီးပွာရေးလုပ်ငန်းတွေက ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်တဲ့ အစီအမံတွေ မလုပ်ဘူး ဆိုရင် လူကြိုက်နည်းလာပါတယ်။ အစိမ်းရောင်စီးပွားရေးဖြစ်ဖို့အတွက် ဆန်းသစ် တီထွင်မှုတွေက သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေ ထက်ပိုးပြီး လူကြိုက်များလာတာကို တွေ့လာရပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများ အတွက်ဆိုရင် ရာသီဥတုဆိုင်ရာ အစီအမံတွေက အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်နေပါတယ် ။ […]

Page 3 of 25
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25