နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့
ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားသား အများစု ငယ်ရွယ်တဲ့အချိန်မှာ ပညာပြည့်စုံအောင် ဆည်းပူးတယ်။ အလုပ်လုပ်ရမယ့် အရွယ် ရောက်လာရင်လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သေချာတာဝန်ကျေအောင် ကြိုးစားလုပ်ဆောင်တတ်တယ်လို့ ဖတ်ခဲ့ဖူးတယ်။ မြန်မာအခေါ် တတိယ အရွယ်ပေါ့၊ အလုပ်က အနားယူတဲ့ အချိန်၊ သူတို့ စိတ်နဲ့ အလျဉ်းသင့်သလို သက်သောင့်သက်သာ နေနိုင်အောင် စီမံထားတတ်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဖိအားတွေကို လုံးဝလွှတ်ချထားပြီး အနားယူလေ့ ရှိတာကိုး။ အနောက်နိုင်ငံသား အများစုရဲ့ ရဝ ရာခိုင်နှုန်းဟာ ခရီးသွားပြီး အတွေ့အကြုံသစ်တွေဖွေရှာရတာ စိတ်အဝင်အစားဆုံးလို့ မှတ်သားခဲ့ဖူးတယ်။ သူတို့တစ်တွေဟာ ရည်မှန်းထားသလိုမျိုး ခရီးသွားနိုင်အောင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်လေ့ရှိတယ်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ပြောဖူးတယ်၊ ဘဝမှာ အတွေးအမြင်သစ်တွေရချင်ရင် စာအုပ်စာပေဖတ်ပါ၊ ပြီးရင် နိုင်သလောက် ခရီးသွားပေးပါတဲ့။ […]