မိုးရာသီ
နေ လေ ပင်လယ် မိုးတိမ်နှင့်ကမ္ဘာ အသံရှာနေတာကို ကြိုက်တယ်။ ရေတွေ အလုပ်များတဲ့ရာသီ တောတွေ ထကတဲ့ရာသီ ငေးရတယ်။ ပန်းပွင့်တွေနေရာမှာ ပန်းတွေရောက်လာပြီ ချုိင့်ခွက်လေးက ရေအိုင်လေးလို နေထိုင်ပြီ။ ပန်းတွေကြားက ပိုးတွေ ပျုိးပင်တွေကြားက ပေါင်းတွေ မြက်ခင်းတွေကြားက ခြင်တွေ သူပုန်မဆန်ချင်ပါနဲ့။ အဝါနေရာအဝါ အစိမ်းနေရာအစိမ်း အနီနေရာအနီ မိုးရာသီအလံ အသံမှန်ပါစေ။ ။ ဆောင်းခူးလက်