သစ်ပင်ချစ်သူများအဖွဲ့တွေကို လေးစားစွာဦးညွှတ်ခြင်း
(၁) သစ်တော သစ်ပင်နဲ့ပတ်သက်တဲ့ အသံဗလံတွေ ဒီနှစ်မှာမှ ပိုမို ကျယ်လောင်လာသလားလို့။ “သစ်ပင် တွေ စိုက်ကြပါ။ ရှင်အောင် စိုက်ကြပါ။ သစ်ပင်တွေကို ကာကွယ်ကြပါ။ ထိန်းသိမ်းစောင့်ရှောက်ကြပါ” စသဖြင့် တိုက်တွန်းစကားတွေ။ “သစ်ပင်စိုက်ပါ” စတေကာ ကမ်ပိန်းတွေဟာ မြို့အများစုကနေ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့ ခဲ့တယ်။ လမ်းနဲ့မလွတ်လို့ အခုတ်ခံရတော့မယ့် သစ်ပင်ကြီးတွေကို ကာကွယ်ကြတဲ့ သစ်ပင်ချစ်သူများ အဖွဲ့ တွေ၊ ကမ္ဘာမြေ စိမ်းလန်အောင်၊ အပူဒဏ်တွေ လျော့ကျအောင်၊ လေထုညစ်ညမ်းမှု လျော့ကျအောင် အပါအဝင် ရည်ရွယ်ချက်မျိုးစုံနဲ့ သစ်ပင်စိုက်ဖို့နှိုးဆော်နေတဲ့၊ သစ်ပင်စိုက်နေတဲ့ အဖွဲ့တွေလည်း တိုးပွားလာခဲ့တယ်။ ပခုက္ကူမြို့ လမ်းချဲ့ထွင်တဲ့လုပ်ငန်းမှာ မလွတ်တဲ့ သစ်ပင်ကြီးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခုတ်ပစ်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဒေသခံ သစ်ပင်ချစ်သူများအဖွဲ့က နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ခဲ့တဲ့ […]