ယူကရိန်းက ၃နှစ်အတွင်း သစ်ပင် သန်း ၁ထောင် စိုက်မယ်လို့ ဆို
ဂလက်စကို COP26 ညီလာခံပြီးသွားပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီယီက ၃နှစ်အတွင်း တိုင်းပြည်နဲ့ အနှံ့ သစ်ပင်မျိုးစိတ်အစုံ သန်း ၁ထောင် စိုက်ပျိုးပြုစုပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်တဲ့ သစ်ပင်တွေက ဥရောပ၂၇နိုင်ငံမှာ ၁၀စုနှစ်အတွင်း သစ်ပင် သန်း ၃ထောင် စိုက်ပျိုးဖို့အတွက် ယူကရိန်းအစိုးရက ဦးဆောင်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုလည်း ဆိုပါတယ်။ ယူကရိန်းက သစ်ပင်တွေကို မျိုးဖောက်ပြီး အစေ့ထုတ်မယ့် စင်တာတွေ တည်ဆောက်နေပါတယ်။ ယူကရိန်နိုင်ငံ မြောက်ပိုင်း ဇိုင်တိုမာဒေသမှာ အပင်တွေ မျိုးဖောက်တဲ့လုပ်ငန်းတွေကို လုပ်သားအင်အား အများအပြား သုံးပြီး လုပ်ဆောင်မှု စတင်နေပါပြီ။ “ ဥရောပသမဂ္ဂက အပင်သန်း၃ထောင် စိုက်မယ်ဆိုတဲ့ အစီအစဉ်ထဲကနေ သီးသန့်ခွဲထွက်ပြီး သစ်ပင်သန်း၁ထောင်စိုက်မယ့်ကိစ္စကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျနော်တို့က […]