Biodiversity Forest

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့် အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများ အတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့်အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေကြ ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာ အတွင်းရှိ ချောင်းရိုးများအတွင်း ပြီးခဲ့သည့် နှစ်များက စုပ်ခွက်ငါး သုံးလေးငါး ကောင်ခန့် သာတွေ့ရှိခဲ့ရသော်လည်း ယခုအခါ အကောင် ရေ ၅၀ ကျော်တွေ့ရှိကြောင်း ချောင်းရိုးများ၌ ငါးပက်သူ ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်း“ကဆက်လက်ပြီး “ဒီငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်ရှိပြီ။ ခါ တိုင်း ဒီငါးတွေက အကောင်သေးပေမယ် အခုနောက်ပိုင်း ဖမ်းမိရင် ငါးတွေက အရင်က ထက် နှစ်ဆ၊ သုံးဆလောက်ပိုကြီးလာတဲ့ အနေအထားမျိုးတွေ့ရတ ယ်။ အရှည်က တစ်ပေလောက်၊ လုံးပတ်က ငါးလက်မ […]

လွန်ခဲ့တဲ့ နှစ်နှစ်သိန်းလောက်က ဖြစ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် လူဝံကြီးများ မျိုးသုဉ်

ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ ခြောက်သွေ့ရာသီတစ်ခု ဝင်ရောက်ခဲ့တဲ့အတွက် ရှေး လူဝံအကောင်ကြီး မျိုးနွယ်စုတွေက ၎င်းတို့ရဲ့ အကြိုက်ဆုံးအသီးအနှံများကို လက်လှမ်းမမီနိုင်တော့တဲ့ အတွက်ကြောင့် မျိုးသုဉ်း သွားခဲ့တယ်လို့ ယူဆရကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းတွင် တစ်ချိန်ကနေထိုင်ခဲ့သည့် Gigantopithecus blacki မျိုးစိတ်သည် သိပ္ပံပညာရှင်များ သိကြသည့် အကြီးဆုံးမျောက်ဝံကြီးမျိုးဖြစ်ပြီး အရပ် ၃ မီတာရှိပြီး အလေးချိန် ၂၉၅ ကီလိုဂရမ်အထိရှိပါတယ်။ သြစတြေးလျနိုင်ငံ Southern Cross တက္ကသိုလ်မှ သုတေသီ Renaud Joannes-Boyau က “ အစားအစာ ရှားပါးလာတဲ့အခါမှာ အဲ့လို အကောင်ကြီးတွေက သစ်ပင်ပေါ်ကိုတက်ပြီး သူတို့ရဲ့ အစာရင်းမြစ်သစ်အတွက် မရှာနိုင်ခဲ့ကြပါဘူး ။ အကောင်က ကြီးလွန်းအားကြီးတော့ သူတို့မတတ်နိုင်ဘဲ သေဆုံးကုန်ကြတာ” လို့ ပြောပါတယ်။ ခေတ်သစ် လူဝံများနှင့် […]

ဝါးတောတွေ ထိန်းသိမ်းကြဖို့

ကျနော်ဟာ ဝါးတောကြီးတစ်ခုလုံး ပျောက်ဆုံးသွားတာကို ကိုယ်တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က မျှစ်ချိုး၊ မာလာဖူးချိူး၊ ကပြင်းရွက်ခူး၊ မှိုရှာရတဲ့ ဝါးတောဟာ ရွာအရှေ့ဘက်မှာရှိတာပါ။ ရွာကနေ ဆယ်မိနှစ်လောက် လမ်းလျှောက်ရင် ဝါးတောကိုရောက်ပါတယ်။ ဝါးတောဟာ လျှိုမြောင်သုံးခုရှိတဲ့နေရာမှာ နေရာအနှံ့ဝါးရုံတောတွေ ပေါက်ရောက်နေတာပါ။ ဝါးရုံပင်တွေပေါ်မှာ ရှဥ့်ကလေးတွေဟာ ဟိုခုန်သည်ကူးနဲ့ အကောင်ပေါင်းများစွာပါ။ ရှဥ်ကလေးတွေ ခုန်ကူးတာကို အတိုင်းသား မြင်နေကြရတာ သိပ်လှပါတယ်။ အိမ်အတွက် ဝါးလိုရင်လည်း အဲ့ဒီဝါးရုံတောကနေ ခုတ်ပြီး သယ်ခဲ့ရပါတယ်။ ကျနော်တို့ငယ်ငယ်က ဒီဝါးရုံတောကနေ ကစားစရာတွေရခဲ့တာကိုလည်း မမေ့နိုင်ပါ။ ပထမကစားစရာက ဝါးလှေပါ။ အလုံးကြီးတဲ့ ဝါးကိုခုတ်၊ အဆစ်နှစ်ခုပါအောင်ဖြတ်ပြီး ဝါးလှေကလေးလုပ်ကာ မြောင်းမချောင်းထဲမှာ ဆွဲခဲ့ရပါတယ်။ နောက်တစ်ခုက ” သစ်စေးဖောင်” လို့ ခေါ်တဲ့အရာပြုလုပ်ပြီး ပစ်ရတာဖြစ်ပါတယ်။ တစ်ကျပ်လုံးလောက်ရှိတဲ့ ဝါးကိုခုတ်ပြီး ဟိုဘက်ဒီဘက် ဒိုးယိုခေါင်းပေါင်ပါအောင် […]

ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

ကမ္ဘာမြေသာယာဖို့ နောင်မျိုးဆက်တွေ အသက်ရှင် ရပ်တည်ဖို့ ဇီ၀မျိုးစိတ်မျိုးကွဲ စုံလင်ကြပါစေ.. မြေကြီးကို၀ယ်လိုက်တာနဲ့ ပိုင်ဆိုင်တာ ကိုယ်တယောက်ထဲလို့ ထင်နေကြတာက လူတွေ တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ […]

လူတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ် ၁၄၀၀ ရှိသွားပြီလို့ ဆို

ယူကေဂေဟဗေဒနှင့် ဇလဗေဒဗဟိုဌာန (UKCEH) ရဲ့အဆိုအရ လူသားတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ်က ၁၄၀၀ ရှိတယ်လို့သိရပါတယ်။ အဲ့ဒိပမာဏက ငှက်လောက တစ်ခုလုံး ရဲ့ ၁၂ % ရှိပါတယ်။ သိပ္ပံပညာရှင်တွေအရင်က ထင်ထားခဲ့တာ မျိုးစိတ် ၅၀၀ ကျော်လောက်ပဲလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း သုတေသနလုပ်တော့ ထောင်နဲ့ ချီနေတာကို တွေ့ခဲ့ရပါတယ်။ ပျောက်ဆုံးသွားတာကလည်း အရင်တုန်းက ပျောက်တာက ၃ % လောက်ပဲ ရှိပြီး ခေတ်သစ်လူ့သမိုင်းမှာတော့ ကျန်တဲ့ ၉% လောက်မျိုး ပျောက်သွားတာပါ ။ အဓိကကတော့ တောပြုန်းခြင်းကြောင့်ဖြစ်ပြီး အမဲလိုက််ခြင်း နဲ့ ကျူးကျော်မျိုးစိတ်များကြောင့် ပျောက်ဆုံးသွားရတာလည်းပါပါတယ် ။ နောက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရင်းကနေ အုပ်လိုက်ပျောက်ဆုံးပြီး မျိုးသုဉ်းသွားတာလည်း ပါပါတယ် ။ ပြဿနာက […]

ငယ်ငယ်က အော်ဂင်းနစ်သီးနှံတွေကိုသာ လွမ်း

ကျနော်ငယ်ငယ်က ကျနော်တို့ဒေသအခေါ် အင်ဒိုင်းတောထဲမှာ ကျနော့်အဒေါ်ကြီးနဲ့အတူ ခရမ်းချဥ်ခင်းလေး စိုက်ပျိုးခဲ့ဖူးတာကို ခုထိ အမှတ်ရနေတယ်။ ခရမ်းချဥ်ခင်လေးက ပေနှစ်ဆယ်၊ ပေလေးဆယ်လောက်တော့ရှိမှာပါ။ ဒီခင်ရမ်းချဥ်ခင်းလေးစိုက်စဥ်က ကျနော်ဆယ်နှစ်သားပဲရှိသေးတယ်။ အခင်းလေးကို အရိပ်တကြည့်ကြည့်ပေါ့။ ခရမ်းချဥ်ပင်ကနေ သီးကင်းတွေထွက်လာတော့ ပျော်လိုက်တာ။ ဒီအခင်းလေးထဲကို ကျနော်တို့ ဓာတ်မြေသြဇာမပြောနဲ့ ရိုးရိုးနွားချီးတောင် မထည့်ခဲ့ပါဘူး။ ပြောသာပြောရ အဲ့ဒီအချိန်တုန်းက မြေဆီလွှာပျက်စီးမှုဆိုတာ ကြားတောင်မကြားဖူးသေးပါ။ အခင်းကိုပေါင်းထိုးပေးရတာကလွဲရင် ဘာမှလုပ်စရာမလိုပါ။ ခရမ်းချဥ်သီးတွေကြီးလာတော့ နေ့တိုင်းသွားသွားကိုင်ကြည့်ပါတယ်။ စားလို့ရပြီလားပေါ့။ တစ်ရက်တော့ သုပ်စားလို့ရလောက်မယ့် ခရမ်းချဥ်သီးဆယ်လုံးနီးပါး အခင်းထဲကနေရှာလို့ရပါတယ်။ ညနေအိမ်ရောက်ရောက်ချင်းသုပ်ပြီး ညစာစားကြပါတယ်။ ဒီခရမ်းချဥ်သီးသုပ်ရဲ့အရသာကို ကျတော် အခုထိမမေ့နိုင်ပါ။ နှစ်ပေါင်းသုံးဆယ်ကြာတဲ့အထိပါပဲ။ ဒီနှစ်ခရမ်းချဥ်သီးတွေပေါ်တော့ ဒီလိုအရသာမျိုး နည်းနည်းမှရရဆိုပြီး ပေါ်ဦးပေါ်ဖျား စျေးကိုခဏခဏသွားရှာဝယ်သုပ်စားဖြစ်တယ်။ ဘယ်ကလာရပါတော့မလဲ။ ပြီးခဲ့တဲ့အပတ်က ကျတော်ဝမ်းချုပ်တော့ အမေက သင်္ဘောသီးစားလိုက်ဆိုပြီးပြောပါတယ်။ သင်္ဘောသီးက အမေစျေးကဝယ်လာတဲ့ ထိုင်ဝမ်သီးလို့ခေါ်ကြတဲ့ […]

ကိုလိုနီခေတ် သစ်တောထဲက သစ်ပင်တစ်ပင်ခုတ် ခွင့်

သစ်တောထဲက သစ်ပင်တစ်ပင်ကို ခုတ်ခွင့်ဘယ်သူ့ခွင့်ပြုချက်လိုပါသလဲ။ သစ်ပင်တစ်ပင်ခုတ်လို့ရပြီလို့ ဘယ်သူက သတ်မှတ်ပေးပါသလဲ။ ခုခေတ်တော့ ဘယ်လိုလုပ်ကြသလဲမသိပါ။ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင်တော့ ကိုလိုနီခေတ် သစ်ပင်ခုတ်ယူ ခွင့်သတ်မှတ်ပုံကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ ဆရာကြီးသည် ၁၉၁၇ ခုနှစ်ကျော်လောက်က ထီးချိုင့်မြို့နယ်၊ မြတောင်ရွာမှာ သစ်တောအကောက်ဝန်ထောက်လုပ်နေသည့် သူ့သူငယ်ချင်း ကိုဝင့်မော်ထံအလည်အပတ်သွားခဲ့ပါသည်။ ထိုသို့အလည်အပတ်သွားရင်း သူ့သူငယ်ချင်း ကိုဝင့်မော်နှင့်အတူ သစ်တောကြီးထဲ သစ်သင်းလိုက်သွားခဲ့သည်။ သစ်သင်းသည်ဆိုသည်မှာ ကျွန်းပင်ကြီးများကို အပင်လုံးပတ် ပတ်ခြာလှည့် ခွန်နဲ့ခုတ်ပြီး အပင်ကို သင်းသတ်ပေးရခြင်း ဖြစ်သည်။ တောထဲရှိကျွန်းပင်များအနက်မှ ဥပဒေစည်းကမ်းနဲ့ညီသော ကျွန်းပင်များကို ဝန်ထောက်ကိုဝင့်မော်နှင့် တောအုပ်၊တောခေါင်းများက သတ်မှတ် ပေးကြရသည်။ ပထမဦးစွာ ဥပဒေစည်းကမ်းနဲ့ညီသော အပင်များကို တောအုပ်၊တောခေါင်းများက ရွေးချယ်ပြီး အကောက်ဝန်ထောက် ကိုဝင့်မော်ကို ခေါ်ပြရသည်။ ဝန်ထောက်ကိုဝင့်မော်ကဥပဒေစည်းကမ်းနဲ့ညီသည်ဟု သတ်မှတ်ကာ လက်မှတ်ထိုးပြီးမှ ထိုအပင်ကို […]

၂၀၂၃ မှာ အပင်နဲ့ အကောင် မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့

သိပ္ပံပညာရှင်တွေက အပင်နဲ့ အကောင် မျိုးစိတ်သစ်တွေကို ဆက်လက်ရှာဖွေနေရာ ၂၀၂၃ တုန်းက မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒိအထဲမှာ အချို့သော မျိုးစိတ်တွေက လူတွေမသိလိုက်ရဘဲနဲ့ မျိုးသုဉ်းပျောက်ကွယ်သွားတာတွေလည်း ရှိနေပါတယ် ။ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဇီဝမျိုးကွဲများစွာက အကျပ်အတည်းနဲ့ရင်ဆိုင်နေရပေမဲ့ ၂၀၂၃ မှာတော့ ဗြိတိန်သဘာဝသမိုင်းပြတိုက်က မျိုးစိတ်သစ် ၈၁၅ မျိုး စံချိန်တင် စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်ုပ်တို့မသိသေးတဲ့ အရာကို ကာကွယ်နိုင်စွမ်းမရှိသည့်အပြင် မျိုးစိတ်သစ်များကို ဖော်ပြခြင်းသည် သဘာဝကမ္ဘာအနှံ့ရှိ ဇီဝမျိုးစုံမျိုးကွဲများ ကျဆင်းလာမှုကို ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြောင်းပြန်လှန်ခြင်း တွင် အလုပ်များစွာကို အထောက်အပံဖြစ်စေသည့် အဓိကကျသော ရှုထောင့်တစ်ရပ်ဖြစ်သည်” ဟု ပြတိုက်က ရေးသားထားပါတယ်။ ဗြိတိန်သဘာဝသမိုင်းပြတိုက်အဆိုအရ ၂၀၂၃ ခုနှစ်က နကျယ်ကောင်နှစ်လို့ပြောရမှာဖြစ်ပြီး နကျယ်မျိုးစိတ် ၆၁၉ […]

ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

မိုးရာသီ ကုန်ဆုံး၍ တိမ်များကင်းစင်သော ဆောင်းဝင်စ ညနေခင်းများတွင် ကောင်းကင်၌ငှက်ကလေးများ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြသည်ကို မြို့ပြတွင်နေနေ၊ ကျေးလက်တွင်နေနေ မြင်ဖူးကြပါ လိမ့်မည်။ ထိုငှက်လေးများသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားနေကြသည် ဆိုတာကို မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မည် ထင်ပါသည်။ ထိုသို့ အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိသော ငှက်အုပ်စုတစ်မျိုးကို ရေပျော်ငှက် (Shorebirds)ဟူ၍ ခေါ်ကြပါ သည်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားများသည် ရေပျော်ငှက်အုပ်စုဝင်များ ဖြစ်ပါသည်။ ရေပျော်ငှက် (ဆောင်းခိုငှက်) ဆိုသည်မှာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များဖြစ်ကြပါသည်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် […]

လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ

ဂျာမနီနိုင်ငံတစ်ဝှမ်းမှ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များကို ဘာလင်မြို့လယ်တွင် မောင်းနှင်ကာ ၎င်းတို့ကို ထိခိုက်စေမည့် ဘတ်ဂျက်ဖြတ်တောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ လယ်သမား ၃၀၀၀ ခန့်သည် ရာနှင့်ချီသော လယ်ထွန်စက်များပေါ်တွင် တက်ရောက်ကြပြီး အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ် အနီးတဝိုက်တွင် စုရုံးပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားသွားပါတယ် ။ လယ်သမားများက ၎င်းတို့လက်ရှိခံစားနေကြရသော အခွန်အခွင့်အရေးများနှင့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ် ပါတယ် ။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေကို ကာကွယ်ဖို့ အစိုးရက ကူညီသင့်တယ်လို့ ၎င်းတို့က ပြောပါတယ်။ အစိုးရရဲ့ အစီအစဉ်အရ လယ်သမားများအနေနဲ့ လယ်ယာ စိုက်ပျိုးနေစဉ်အတွင်း အသုံးပြုသည့် ဒီဇယ်ဆီ အတွက် အခွန် ဖြတ်တောက်ခြင်း […]

Page 2 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19