ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်
ရှေးကျေးလက် ကဗျာတွေထဲမှာ ရာသီဥတု၊သစ်ပင်တွေအကြောင်းပါနေတာလေးတွေကိုပြောချင်ပါတယ်။ ဒီကျေးလက်ကဗျာတွေလေးဟာ ဘယ်သူက စပ်ဆိုခဲ့တယ်ရယ်လို့ မသိကြရပါဘူး။ မြန်မာပြည်သူတွေ နူတ်ဖျားကနေ ရွတ်ဆိုလက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ ” ကောက်တီနဲ့ မယ်စော ရောနှောပါလို့ ပျိိုးတောင် မိုးလေက ခေါင်။ သည်ပျိုးရေအောင်မှ မယ်နဲ့မောင် အလှူပေးမယ် မိုးကူပလေး။” တောင်သူဇနီးမောင်နှံနှစ်ဦးက သူတို့အလှူပြုနိုင်ဖို့ မိုးကိုအကူအညီတောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ရှေးခတ်အခါကလည်း ရာသီဥတုဟာ ခုခေတ်လို မဆိုးဝါးပေမယ့် မိုးခေါင်တဲ့နှစ်တွေဆိုတာ ရှိခဲ့ကြတာပေပဲလို့ နားလည်ရပါတယ်။ ဒါပေမယ့် ကဗျာရဲ့လေထဲမှာ ပူပန်မှုမပါ။ ကဗျာထဲမှာ မိုးကိုချစ်တဲ့စိတ်ကလေးကိုလည်း တွေ့မြင်နေရပြန်တယ်။ မိုးဟာရွာလာမှာပဲရယ်လို့ ယုံကြည်မှုကိုလည်း တွေ့ရပါတယ်။ ပျိုလေးတို့ အိမ်စွန်း ကျွန်းဆယ့်နှစ်ပင် စောင့်ရှောက်စေချင်။ မငြိုငြင် ရှင်အောင်ပမွေး။ မယ်နှင့်မောင် ကံဆိုင်တော့ ကျောင်းတိုင်ဖို့လေး။ ဒီကဗျာလေးကတော့ ချစ်သူနှစ်ဦးကံဆုံကြတဲ့အခါ ကျောင်းဆောက်လှူဖို့ […]