Biodiversity Forest

“သစ်တောမရှိတော့ဘူးဆိုရင်´´

#ဒေါက်တာဦးထွန်းလွင်(မိုးလေ၀သ) ★ သစ်တောမရှိတော့ဘူးဆိုရင် ရာသီဥတုက နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မိုးမရွာတဲ့အချိန်ဆိုရင် အလွန်ပူတယ်။ အပူချိန်က ပိုပူလာတယ်။ နောက်တစ်မျိုးက မိုးရွာပြီဟေ့ဆိုရင် ရွာတဲ့မိုးက ဒလဟောပဲ။ ★ မြန်မာနိုင်ငံမှာ ရေကြီးရတဲ့အကြောင်းရင်းတွေမှာ မိုးများတာကတော့ နံပါတ်တစ်ပေါ့။ ဒါပေမဲ့ အခါတိုင်းလည်း မိုးများတယ်လေ။ ခါတိုင်း မိုးများတုန်းက ဒီလောက်မှ ရေမကြီးတာ။ ဒါဖြင့် ဘာကြောင့်လဲ။ မိုးစများတဲ့ဒေသက မြန်မာနိုင်ငံမြောက်ပိုင်းက။ ဘယ်လိုဒေသလဲဆိုတော့ အင်္ဂလိပ်လို Hilly region လို့ ခေါ်တယ်။ တောင်တန်းဒေသတွေ၊ ကုန်းမြင့်တွေ အများကြီးရှိတယ်။ အဲဒီတောင်ကုန်းတွေဟာ အရင်တုန်းက သစ်တောတွေ ညို့နေတယ်။ အောက်ကမြေပြင်တွေမှာလည်း သစ်ပင်တွေက ဖုံးနေတယ်။ မိုးရွာလိုက်ရင် ရွာလိုက်တဲ့မိုးရေကို သစ်ပင်တွေကလည်း ထိန်းတယ်။ သစ်ပင်ဆိုတာက ရေကို စုပ်တယ်။ အောက်ကျလာတဲ့ရေကလည်း စီးဆင်းတဲ့အခါ […]

လာအိုမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင် သစ်တောစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်ကတည်းက လာအိုနိုင်ငံရဲ့ အန်နမိုက် အလယ်ပိုင်းဒေသတစ်ခုလုံး သစ်တောပြုန်းတီး မှုတွေ ဖြစ်ပေါ်နေရာ ဒေသခံတွေက တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်ပျိုးရေး နဲ့ ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းကို ဘယ်သူရဲ့ အကူအညီမှ မယူဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ကိုင်နေကြပါတယ်။ အဲ့ဒိဒေသ သစ်တော ၃၀% ကျော်က သစ်ထုတ်လုပ်ငန်းတွေ ကြောင့် တောပြုန်းခဲ့တာကို ဒေသခံတွေ လယ်ယာ လုပ်ငန်းလုပ်ဖို့အတွက် တောတွေကို ချဲ့ထွင်လိုဆိုပြီး အပြစ်ပြော ခံရတာတွေကြောင့် ဒေသခံတွေက သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ပြကြတာပါ။ သစ်တောတွေ ပြုန်းတီးလာလို့ ရေကြီးရေလွှမ်းမိုး ဒဏ်ကို သူတို့ လက်တွေ့ခံစားလိုက်ရပါတယ်။ လယ်ယာတွေ ဆုံးရှုံးတယ် ၊ ဒေသတွင်း ဇီဝမျိုးကွဲတွေ ရှားပါးကုန်လို့ အမဲလိုက်ရာမှာ အခက်အခဲကြုံ နေရပါတယ်။ […]

ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ် သြဂုတ်လ(၁၂) ရက်နေ့တွင် ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းတို့၏နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန် အတွက် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် ရည်ရွယ်ကျင်းပကြပါသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုးရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက်သတ္တဝါများထဲတွင် အကြီးမားဆုံးသောသတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန်မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်း(၂၀) ခန့်က ကျင်လည်ကျက်စားခဲ့သည့်နေရာများကိုပင် ပြန်လည်၍ ကျင်လည်ကျက်စားနိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ကြပါသည်။ ဆင်သွားလျှင်လမ်းဖြစ်သည်ဆိုသည့် စကားအတိုင်း သဘာဝတောတွင်း ဆင်များသွား သည့်စွပ်ကြောင်းများကိုပင် အခြားသော သတ္တဝါများမှ လမ်းဖြစ် အသုံးပြုနိုင်သည့်အပြင် ဆင်သွားရာလမ်းတွင် ဆင်များစားသောက်၍ ကျန်ရှိသည့် သစ်ခက်၊ သစ်ကိုင်းများနှင့် သစ်သီး များကိုလည်း အခြားသောသတ္တဝါများမှ စာသုံးနိုင်သည့်အတွက် အခြားသောမျိုးစိတ်များ အပေါ် တွင် များစွာအကျိုးသက်ရောက်သည့် မျိုးစိတ်ဖြစ်သည့်အတွက် ယင်းမျိုးစိတ်တည်ရှိမှုသည် […]

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။ ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။ “Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။ အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက […]

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။ ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ #News Watch

သစ်ပင်များကို မိမိဘာသာ ကြီးထွားနိုင်သည့်အထိ ရှင်သန်အောင် စိုက်ပျိုးပေးပါ

ဆေးပညာတွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသကဲ့သို့ပင် သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးသွားပြီးမှ ပြုပြင်ပေးခြင်းထက် ပျက်စီးနိုင်ခြေရှိသည့်အချိန်ကို ဆန်းစစ်ကာ လိုအပ်သလို ထိန်းသိမ်းပေးခြင်းက များစွာ ပိုမိုကောင်းမွန် အကျိုးရှိလေ့ ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ပျက်စီးခါနီး သို့မဟုတ် ပျက်စီးပြီးကာမှ အရေးပေါ် နှင့် ပင်ပမ်းတကြီး လုပ်ဆောင်ရခြင်းထက်၊ ပျက်စီးနိုင်ခြေရှိသည့်အချိန်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းက အချိန်၊ လုပ်အားနှင့် ကုန်ကျစရိတ် စသည်များကို များစွာ သက်သာစေပြီး ဂုဏ်ယူစရာ အလုပ်များ ဖြစ်လာစေမည် ဖြစ်သည်။ သက်ရှိ သက်မဲ့ ဝတ္ထုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယင်းတို့၏ ဘဝဖြစ်စဉ်များနှင့်အတူ ဖြစ်တည်ပျက်စီးမှုပုံစံများကိုပါ သိရှိနားလည်ရန် လိုအပ်သည်။ ဘဝဖြစ်စဉ်များအတွင်း ပျက်စီးနိုင်မှုဖြစ်နိုင်သည့် အဆိုးဆုံးအခြေအနေများတွင် ဂရုတစိုက် အလေးထား ထိန်းသိမ်းပေးခြင်းဖြင့်၊ ယင်းတို့၏ ဘဝဖြစ်စဉ်များကို ပိုမိုကောင်းမွန်အောင် […]

ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ ကိုယ်က မြေ၀ယ်ပြီး ကိုယ်ပိုင်တယ် အထင်နဲ့ လူတွေက သူတို့သန်ရာ မျိုးတွေ သီးသန့်သာ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးမွေးမြူကြမယ်ဆိုရင် နဂိုရှိ […]

ဆယ်လ်မွန်ငါးတို့အပြန်

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်.. ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ….. အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။ တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့…. ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်…ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက […]

အစောဆုံးလာရောက်တတ်ကြသည့် ဆောင်းဧည့်သည် ငှက်လေးများ

ယနေ့နံနက်စောစော လမ်းထလျှောက်သောအချိန်တွင် မြူနှင်းများ ပိတ်ဖုံးစွာ ကျနေသည်ကို တွေ့လိုက်ရပါသည်။ မိုးအကုန် ဆောင်းအကူး ရာသီကာလကို ရောက်လာပြန်ပြီဟု သတိပြုမိလိုက်သည်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာနေကျ ဆောင်းခိုငှက်တွေ ရောက်နေကြပြီလားလို့လည်း တွေးမိလိုက်သည်။ တဆက်တည်းမှာပင် ငှက်ချစ်သူ ကဗျာဆရာကြီး မင်းသုဝဏ်၏ ၁၉၅၆ ခုနှစ်က ရေးသားခဲ့သော မှတ်တမ်းတစ်ခုထဲတွင် ဆောင်းခိုငှက်လေး ကောက်လျင်ငှက် (Brown Shrike) ၏ ကျစ် ကျစ် ကျစ် အော်မြည်သံကို စက်တင်ဘာလ ၁၄ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်တွင်းမှာ စတင်ကြားရကြောင်း ရေးထားသည်ကို အမှတ်ရမိသည်။ ထိုကောက်လျင်ငှက်ငယ်သည် မြောက်ဘက် ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တရုတ်ပြည် စသည်တို့တွင် သားပေါက်ကြပြီး၊ အလွန်အေးခဲသော ဆောင်းရာသီနီးချိန်တွင် ပူနွေးသောတောင်ဘက်ပိုင်း တိုင်းပြည်များသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ဧပြီလထိအောင် […]

သမုဒ္ဒရာတွေ ကျန်းမာမှ လူသားတွေ ကျန်းမာမယ်

လူသားတွေအတွက် အစားအသောက် ၊ အပန်းဖြေမှုနဲ့ ဆေးဝါတွေကို ထုတ်လုပ်ပေးနေတဲ့ သမုဒ္ဒရာကြီးတွေက အခုတော့ ပလက်စတစ်အမှုန်တွေနဲ့ ကျန်းမာရေး မကောင်းဘူးဖြစ်နေပါတယ်။ ဖျားနာနေတဲ့ သမုဒ္ဒရာကြီး က လူသားတွေကို ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေတော့တာပေါ့။ ဥပမာပြောရရင် ရောဂါပိုးမွှားတွေကို ဖန်းတီးပေးတယ်၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေတယ် ၊ ရေညှိအဆိပ်သင့်မှု ကို ဖြစ်လာတယ် ။ အဲ့ဒါတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေတာပေါ့ ၊ သမုဒ္ဒရာဆိုတာ ကုန်းပေါ်က လူသားတွေ စွန့်ပစ်တဲ့ အမှိုက်တွေကို နောက်ဆုံး လက်ခံတဲ့နေရာဖြစ်တော့ နှစ်စဉ်လူသားတွေ လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေ စုပုံနေတော့တာပေါ့ ။ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိ၈၀% လောက်က သမုဒ္ဒရာထဲမှာ နေထိုင်တာပါ။ အဲ့ဒိသက်ရှိတွေ အဆိပ်သင့်လာပြီဆိုရင် ကုန်းနေသတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာတော့တာပါပဲ။ ရေမှာပေါက်ပွားတဲ့ […]

Page 18 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19