Biodiversity Forest

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

               အနောက်အိန္ဒိယသမုဒ္ဒရာ (WIO) ဒေသမှာ ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏ ဒီရေတော ၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားကြောင်း အစီရင်ခံစာအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဒီရေတောရဲ့ ၅% ကို ပိုင် ဆိုင်ထားတဲ့ အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ကင်ညာ ၊ တန်ဇန်နီးယား ၊ မာဒါကတ်စကာ နဲ့ မိုဇမ်ဘစ် နိုင်ငံတွေရဲ့ ဒီရေတောတွေက ပြုန်းတီးမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲ့ဒိ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ ( IUCN) နဲ့ ကမ္ဘာ့တောရိုင်းထိန်းသိမ်းရေး ရန်ပုံငွေ ( WWF) တို့ ပူးပေါင်းပြုလုပ်တဲ့ […]

သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

ခွေးတွေက သူတို့ မမြင်ရတဲ့ ရေကန်အောက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒေသခံမျိုးမဟုတ်တဲ့ ငါးမျိုးတွေ ရဲ့ အနံ့ကို ခွဲခြားနိုင်စွမ်းရှိတယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေချို အင်း များ အိုင်များ အတွင်းကို ငါးကြင်း မျိုးစိတ်တွေ ကျူးကျော်ရောက်လာပါက ဒေသခံမျိုးစိတ်တွေ ပျက်းစီး ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်း ဇာတိငါးဖြစ်တဲ့ ငါးကြင်း ငါးမြစ်ချင်းတွေက အခြားဒေသက ရေချိုကန်တွေကို ရောက်တဲ့ အခါမှာ သူတို့ရဲ့အကောင်ပေါက်အား နဲ့ ဒေသတွင်း ရေကန်တွေကို စိုးမိုးပစ်လိုက်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကျူးကျော်မျိုးစိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ အတွက်လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သြစတေးလျှနဲ့ နယူးဇီလန်က ပညာရှင်တွေက ဒေသခံမျိုးစိတ် မဟုတ်တဲ့ငါးတွေ […]

ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးပါလိပ်၏ ၂၅ နှစ်မြောက်မွေးနေ့ ပါတီကျင်းပ

                  ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းနှစ်လုံးလိပ်ဖြစ်သော ဂျန်နက်စ် ၏ ၂၅နှစ်မြောက်မွေးနေ့ ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ မျက်နှာနှစ်မျက်နှာရှိသော ရောမဘုရားကို အစွဲပြုပြီး ဂျန်နပ်စ်ဟု အမည်ပေးထားတာပါ။ ၎င်းကို မွေးစကတည်းက ဂျီနီဗာ သဘာဝသမိုင်းပြတိုက်တွင် မွေးမြူခဲ့ပါတယ်။ ခေါင်းနှစ်လုံးပါသောလိပ်တစ်ကောင်အနေနဲ့ ရန်သူ၏ ရန်ပြုမှုကိုရှောင်ရှားရန် အခွံ့အတွင်းသို့ ပုန်းအောင်း မနေနိုင်သောကြောင့် သဘာဝတွင် သေဆုံးကြတာများပါတယ်။                   ဂျန်နပ်စ်ကို ပြုစုစောင့်ရှောက်ထားသူတွေထဲက အန်ဂျလီကာဘိုဂိုအင်က ” ကျမတို့ သူ့ကို နှစ်အကြာကြီးအသက်ရှင်အောင် မွေးမြူထားနိုင်တာနဲ့ ပတ်သက်လို့ ဝမ်းမြှောက်ဂုဏ်ယူမိပါတယ်” ဟုဆိုပါတယ်။ […]

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ ( အပိုင်း၂ )

            သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ တိုနီ ။။ […]

တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်းသွားပြီ

ပင်လယ်ထဲမှာ အငြိမ်းချမ်းဆုံး သတ္တဝါ တစ်ကောင်ပြပါဆိုရင် ဒူဂေါင်း လို့ခေါ်တဲ့ ရေနွားတွေပါပဲ ။ အဲ့ဒိအကောင်တွေက ရေသူမပုံပြင်တွေမှာ မပါမဖြစ်အကောင်တွေဖြစ်ပါတယ်။ ရေချို ရေငန် ၂မျိုးလုံးမှာတွေ့ရတယ်ဆိုပေမဲ့ အခုတော့ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်တွေထဲမှာ မျိုးတုန်းသွားပြီလို့ သိရပါတယ်။ ရေနွားတွေက သမုဒ္ဒရာ ရေတိမ်ပိုင်းမှာ နေတဲ့ အပင်စား နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အများဆုံး တွေ့ရတာက ပစ္စိဖိတ်သမုဒ္ဒရာရဲ့ အာရှဇုံပိုင်းမှာ ဖြစ်ပါတယ်။ ရေနွားတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသား ၃ဦးက သီးခြား သုတေသန လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ စာတန်းမှာဆိုထားတာက ရေနွားတွေကို နောက်ဆုံး တွေ့လိုက်ရတာက လွန်ခဲ့တဲ့ ၅ နှစ်ကလို့ ကမ်ခြေနေ ဒေသခံတွေ ကပြောတယ်လို့ ပါရှိပါတယ်။ တကယ်လို့ တရုတ်ရေပြင်မှာ ရေနွားတွေမျိုးတုန်း ကုန်တယ်ဆိုရင် အဲ့ဒါက ပထမဆုံး […]

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ

သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။ မွန်ဂါဘေး ။။ ခင်ဗျားက ကုန်းပြောင်တွေပါ်မှာ အပင်တွေရှင်သန်လာအောင် လုပ်နိုင်တဲ့နည်းပညာရှိတယ်ဆိုပြီး လူသိများပါတယ်။ အဲ့ဒါကို […]

ဧရာ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး

မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော                    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction /Alignment) ကို စိုးမိုး ချယ်လှယ်နေပါသည်။ မြန်မာနိုင်ငံ၏ ရေဆင်းအဆင်ပုံစံ (Drainage […]

အိန္ဒိယက ဟိုက်ဒရိုဂျင်သုံး ပြည်တွင်းဖြစ် ဘတ်စ်ကားကိုထွင်နိုင်ပြီ

                       အိန္ဒိယနိုင်ငံ ပူနီပြည်နယ်က KPIT လီမိတက် ပုဂ္ဂိလ ကုမဏီနဲ့ သိပ္ပံစက်မှုသုတေသနကောင်စီတို့ ပူးပေါင်းပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စကား ထုတ်လုပ်ကာ မနေ့က အများပြည်သူကို ပြသနိုင်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ဂျီတန်ဒရာဆင်းဂ် အဲ့ဒိကားပြပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။                     ဟိုက်ဒရိုဂျင်ကား တစ်စီးရဲ့ စွမ်းအင်သုံးစွဲ မှု ကုန်ကျစရိတ် က ဒီဇယ်ကား တွေထက် အများကြီး သက်သာပါတယ်။ ပြီးတော့ ဟိုက်ဒရိုဂျင်ကားတွေရဲ့ အိတ်ဇောပိုက်က ရေပဲထွက်လာမှာ ဖြစ်လို့ […]

ဆင့်ကဲပြောင်းလဲမှု မှတ်တိုင် (သို့) လမ်းလျှောက် ငါးမန်း

အိပ်မက်ဆိုး မက်တယ်လို့ပဲ ပြောရမှာပါ။ သိပ္ပံပညာရှင်တွေ က ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမန်းမျိုးစိတ် တစ်ခုကို လေ့လာနေပါတယ်။ အီပေါ်လက်တီ လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်က ငါးမန်ငယ်တွေက ရေ ထဲမှာရော ကုန်ပေါ်မှာပါ သွားလာနိုင်ကြပါတယ်။ သူတို့က သူတို့ရဲ့ လှော်တက်ပုံစံ ဆူးတောင်တွေကို သုံးပြီး သွားလာနိုင်ကြတာပါ။ အဲ့ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေက ရှင်သန်ခြင်းရဲ့ စည်မျဉ်းအားလုံးကို ရိုက်ဖျက်ချိုး ခြင်းလို့ခေါ်ကြပါတယ်။ သန္တာကျောက်တန်းတွေမှာနေထိုင်တဲ့ အဲ့ဒိမျိုးစိတ်က အောက်စီဂျင်မရှိ ဘဲ ၂ နာရီကျော် ကြာအောင် အသက်ရှင်နိုင်ကြပါတယ်။ သြစတေးလျှတိုက် တောင်ပိုင်းမှာ ရှိတဲ့ မဟာအတားအဆီး ( Great Barrier ) သန္တာကျောက်တန်းကြီး မှာနေထိုင်တဲ့ အီပေါ်လက်တီ ငါးမန်းမျိုးတွေက ဒီရေတက်လာရင် လိုက်လာပြီး ကုန်းပေါ်ကိုတက်လေ့ရှိပါတယ်။ အခြားလမ်းလျှောက်တဲ့ ငါးမန်းတွေကို […]

ရာသီဥတုဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအားကျစေတယ်လို့ ဆို

လေ့လာမှုအသစ်တစ်ခုက လူသားတွေကို ရောဂါဖြစ်စေတဲ့ ပိုးတွေထဲမှ ၅၈% ကျော်က ပိုဆိုး လာတယ်လို့ ဆိုလိုက်ပါတယ်။ မနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ဟာဝိုင်ရီက မာမိုအာတက္ကသိုလ် သုတေသနပညာရှင်တစ်စု က သူတို့ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းများအရ အထက်ဖော်ပြပါအဆိုကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကြောင့်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ၎င်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း က ရောဂါပိုးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့က ကမ္ဘာကြီးပူနွေးလာမှု ၊ မိုးခေါင်ခြင်း ၊ အပူလှိုင်းကျရောက်ခြင်း ၊ တောမီး ၊ မိုးကြီးခြင်း ၊ ရေလွှမ်းမိုးခြင်း ၊ မုန်တိုင်းများ ၊ ပင်လယ်ရေမြင့်တက်လာခြင်း ၊ ဇီဝဘူမိဓာတုပြောင်းလဲမှု နဲ့ အပေါ်ယံမြေမျက်နှာပြင် ပြောင်းလဲမှုတို့ကို […]

Page 7 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19