Biodiversity Forest

ဂေါ်ရီလာတွေနေတဲ့ ယူဂန်ဒါက ကမ္ဘာ့အလှဆုံးသစ်တော

ယူဂန်ဒါနိုင်ငံဆိုတာ အာဖရိကတိုက်အလယ်က ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ် ။ အရှေ့ဖက်မှာ ကင်ညာ ၊ အနောက်ဖက်မှာ ကွန်ဂို ၊ မြောက်ဖက်မှာ တောင်ဆူဒန်နဲ့ တောင်ဖက်မှာ ရဝမ်ဒါနဲ့တန်ဇနီယား နိုင်ငံတို့ တည်ရှိပါတယ် ။ ကမ္ဘာ့အကြီးဆုံး ကုန်တွင်းပိတ်ရေကန်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယား ရေကန်ကြီး ရဲ့ တစ်စိတ်တစ်ပိုင်းက ယူဂန်ဒါနိုင်ငံတောင်ဖက်မှာ တည် ရှိပါတယ်။ ကမ္ဘာ့ကျော် မျောက်မျိုးနွယ်တော်တော်များများက ယူဂန်ဒါက Bwindi Impenetrable သစ်တောထဲမှာရှိပါတယ် ။ ဂေါ်ရီလာတွေကိုမှ ခြေရာခံပြီးလေ့လာချင်တယ်ဆိုရင်တော့ အဲ့ဒိတောထဲကို သွားမှဖြစ်မှာပါ ။ ကမ္ဘာပေါ်ရှိ မျောက်ဝံများ အများဆုံးနေထိုင်ရာ ဤသစ်တောသည် စိမ်းလန်းစိုပြေသော တောနက်နှင့် အပူပိုင်းတောရိုင်း တိရစ္ဆာန်များကြောင့် ကျော်ကြားပါတယ် ။ ဂေါ်ရီလာ မိသားစု ၁၀ စုခန့်သည် Bwindi အမျိုးသား […]

ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသရှိ လက်ရှိနဲ့အနာဂတ် စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းအပေါ် အကျိုးသက်ရောက်စေနိုင်

အာတိတ်ဒေသသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့ ဒေသဖြစ်ပါသည် ။ နှင်းကဏန်းနှင့် ပိုလာကော့ဒ်တို့ကို အဓိကထား အာရုံစိုက်သည့် ငါးဖမ်းလုပ်ငန်းသည် အဆိုပါဒေသတွင် အရေးကြီးဆုံးသော စီးပွားရေးနှင့် လူမှုရေးအရအကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဖြစ်သည်။ ဒေသဆိုင်ရာ ရာသီဥတုပြောင်းလဲမှု များနှင့် ပင်လယ်ပြင်ပူနွေးလာမှု လမ်းကြောင်းများသည် စီးပွားဖြစ်အရေးပါသောမျိုးစိတ်များအပါအဝင် အခြား မျိုးစိတ်များ တည်နေရာအသစ်သို့ ပြောင်းရွှေ့သည်နှင့်တပြိုင်နက် မြောက်ပိုင်းရေပြင်တွင် အဓိကဂေဟ စနစ်များ အပြောင်းအလဲဖြစ်စေသည်။ နှင်းကဏန်း (Chionoecetes opilio) သည် မြောက်ပိုင်းရှိ ငါးဖမ်းလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုသည် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် ဤမျိုးစိတ်များ ဖြန့်ဖြူးမှု အပြောင်းအလဲကို ဖြစ်စေသည်။ နှင်းကဏန်းများသည် အအေးပိုင်းရေပြင်တွင် နေထိုင်ကြပြီး ယင်းမျိုးစိတ်များသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကြောင့် အပူချိန်ပြောင်းလဲမှုများအတွက် အလွန်အကဲဆတ်သည်။ ကဏန်း၏ဘဝအဆင့်အချို့သည် […]

“”သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသော ဒီရေတောပင်များ””

မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း၊ကမ်းဦးရေတိမ်ပိုင်း၊ကမ်းတက် မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသော တောများဖြစ်ပြီး လူနှင့် အခြား သက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုး ဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်း ဖြစ်သည်။ ဒီရေတောများ၏ အရေးပါပုံ ဒီရေတောတွင်ပေါက်ရောက်သော အပင်များသည် တန်ဖိုးမရှိဟု သာမန်အား ဖြင့် ထင်မြင်ရသော်လည်း ယင်းအပင်များ၏ထူးခြားသော အမြစ်များနှင့် တစ်စုတစ်ဝေးတည်း ထူထပ်စွာပေါက်ရောက်မှုတို့ကြောင့် ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်သည်။ ဒီရေတောများအတွင်း ငါး၊ပုစွန်၊ကဏန်းနှင့် ရေသတ္တဝါများ ရှင်သန်ကျက်စား ခြင်း၊သားပေါက်မျိုးပွားခြင်းတို့ကြောင့် ငါး၊ပုစွန်စသော ရေထွက်သယံဇာတ များကို တိုးပွားစေနိုင်ပြီး ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ဒီရေတောများသည် ကုန်းမြေပေါ်ရှိ […]

ချောင်းကလေး၊ မြောင်းကလေးတွေရဲ့ ကျေးဇူးကိုသိတတ်ကြပါစေ

တောင်ရိုးပေါ်က၊ အခြေစ၍ နိုးထဆင်းလာ၊ ရေစီးသာနှင့် ရပ်ကျိုးရွာကျိုး၊ ဆောင်သယ်ပိုးသည့် အဖိုးတန်သော၊ ချောင်းကလေး။ သည်ချောင်းရေပေါက်၊တို့သုံးသောက်၏ သည်ချောင်းရေလျှံ၊ နုန်းတင်ကျန်တွင် သည်းနှံမျိုးစုံ၊ တို့စိုက်ကုန်၏ သည်ချောင်းငယ်ကား၊ တို့ရွာများ၏ အားထားဖွယ်ရာ ကျေးဇူးရှင်။ ကဗျာဆရာ ဘုတလင်ချစ်လေး၏ ချောင်းကလေးကဗျာမှ ပထမနှစ်ပိုဒ်ဖြစ်ပါသည်။ ထိုကဗျာကို ၂၀ ရာစုအတွင်းရေးခဲ့ခြင်းဖြစ်သည်။ ယခု ၂၁ ရာစုမှာလည်း ချောင်းကလေးများသည် ရွာများ၊မြို့များကို အကျိုးပြုနေဆဲဖြစ်ပါသည်။ ချောင်းကလေးထဲက ငါးတွေကို စားရဆဲ။ ချောင်းကလေးက ပို့ချထားခဲ့သည့်နူန်းမြေမှာ သီးနှံတွေစိုက်ပျိုးကြဆဲဖြစ်ပါသည်။ သို့သော်ချောင်းကလေး၏ရေကိုကား သောက်သုံးဖို့ဝေးစွ။ သုံးရေအဖြစ်ပင် မရတော့ပါ။ ချိုးရေအဖြစ်ပင်မရတော့ပါ။ ချောင်းမြောင်းများသည် လူတွေ၏ ကျေးဇူးကန်းမှုကြောင့် များစွာ ညစ်ပတ်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့တောင်ခြေမြို့ကလေးသည် ချောင်းမြောင်းပေါသောမြို့ကလေးဟု ဆိုနိုင်ပါသည်။ မြို့ထဲကိုဖြတ်သန်းစီးဆင်းနေသော ချောင်းနှစ်ချောင်းရှိပြီး ရပ်ကွက်ထဲမှာစီးဆင်းနေကြသည့်မြောင်းကလေးတွေလည်းရှိပါသည်။ သည်ချောင်းသည်မြောင်းကလေးတွေ သန့်ရှင်းလျှင် မြို့ကလေးသည် […]

“အပင်နှင့် သစ်တော ထိန်းသိမ်းပါ ဂေဟစနစ်တည်မြဲဖို့ရာ “

“ပဒေသာပင်‌မြေမှ ပေါက်သကဲ့သို့” ဟု ဆိုရလောက်သော ကမ္ဘာမြေသည် ရှေးယခင်က လူသားတို့ လိုအင်မှန်သမျှကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အပင်မျိုး‌ ပေါင်း ထောင်ကျော် အပါအဝင် ဇီဝမျိုးကွဲများဖြင့် တင့်တယ်ခဲ့သည်။ ခုနှစ်၊ သက္ကရာဇ်တို့ တစ်နှစ်ပြီး တစ်နှစ်ပွားများလာရာ လူဦးရေများကလည်း တစ်နေ့ထက် ‌တစ်နေ့ တိုးပွားလာ ကြသည်။ တီထွင်ကြံဆမှုများနှင့် နည်းစနစ်များ ပြောင်းလဲဖြစ်ပေါ်ပြီးနောက် ၂၁ရာစုတွင် လူသားတို့၏ အတောမသတ်လိုသော လောဘနှင့် တိုးတက်လိုစိတ်တို့က ဂေဟစနစ် ယိုယွင်းမှု အန္တရာယ်ကို လက်ယက် ဖိတ်ခေါ်နေတော့သည်။ ဆီဆည်ရွာသား ဦး‌အောင်ကြီးက “တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်း သာလှ ဖြူလွှ သောင်ပြင်၊ငှက်ပေါင်းယှဉ်လျက်”ဟု သဘာဝပတ်ဝန်းကျင် အလှကို ဖွဲ့ဆိုခဲ့သည်။ မှန်ပါသည်။သဘာဝပတ်ဝန်းကျင် အလှတွင် တော၊တောင် သဘာဝ သာမက အပင်များ ၊ကျေးငှက် […]

သရွတ်သွပ်ကိုကာကွယ်ကြ

(ဧရာဝတီတိုင်းဒေသကြီး ဝါခယ်မမြို့ တစ်ဖက်ကမ်းရှိ သရွတ်သွပ်ချောင်းလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကဗျာဆရာမောင်သက်ငြိမ်က ရေးသားခဲ့တာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်) ကွယ်လွန်သွားပြီဖြစ်သောကဗျာဆရာနှစ်ယောက်၏ကဗျာနှစ်ပုဒ်မှ ကဗျာအပိုင်းအစအနည်းငယ်ကိုတင်ပြလိုသည်။ ပထမတပုဒ်မှာ ကဗျာဆရာ “မောင်ချောနွယ်”၏”ရေထဲမြို့”ကဗျာ… “ဟောဒီမှာ မြို့လေးတမြို့လေ ကဗျာဆရာ”မာလာမေ”မြင်မသွားခဲ့ဖူးတဲ့မြို့ မြို့လေးတမြို့လေ သူ့လယ်ကွင်းရင်ဘတ်ထဲက သော်ကဘုရားရယ် သူ့နှလုံးသားရင်ဘတ်ထဲ ဝင်ဝင်ခွေ့တတ်တဲ့မြောက်ပြန်လေရယ် အဲဒီမြောက်ပြန်လေကပွေ့ပွေ့လာတဲ့ စပါးပင်ပျိုမလေးရဲ့ကိုယ်နံ့လေးရယ် လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ သရွတ်သွပ်ချောင်းကလေးရယ်” ဒုတိယတပုဒ်မှာ ကဗျာဆရာ”ငွေယံဦး”၏”မွှေးတို့ရဲ့မြို့”ကဗျာ… “ခွေးပေါက်စတွေစုပြုံနို့စို့သလိုဆိပ်ကမ်းမှာ လှေတွေ ပဲ့ထောင်တွေရယ် ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို တဖူးဖူးမှုတ်တယ် ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့ သရွတ်သွပ်ချောင်းကလေးရယ်” ကဗျာနှစ်ပုဒ်လုံးတွင် ချောင်းကလေးတချောင်းအမည်ပါဝင်နေသည်။ “သရွတ်သွပ်”တဲ့ မြို့ကိုမြှားတစင်းချိန်ထားသလို တဖက်ကမ်းမှလှမ်း၍ချိန်ရွယ်ထားသောချောင်းကလေး ဝါးခယ်မ-ကျွန်းကုန်း-အိမ်မဲ- ကျောင်းကုန်းလမ်း၏ အရေးပါသောချောင်းကလေး၊ ဘိုးဘွားဘီဘင်လက်ထက်ကစ၍ “ညောင်ဝိုင်း”ဒေသနှင့် “ရွာသစ်”ဒေသကို ပုခုံးတဖက်ဆီမှာ ထမ်းပိုးတာဝန်ကျေခဲ့သောချောင်းကလေး၊ လမုပင်အုပ်ဆိုင်းဆိုင်းတို့နှင့် စိမ်းလန်းခဲ့သောချောင်းကလေး၊ မဗေဒါတို့တသိုက် […]

ဟားမတ်တွေနဲ့ အစ္စရေးတို့သုံးတဲ့ လောင်မီးကျ လက်နက်တွေက စိုက်ပျိုးမြေတွေကို ထိခိုက်နိုင်သလား

              ပြီးခဲ့တဲ့ စနေနေ့မနက်က ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်တွေက အစ္စရေးကို ရောကတ်ပေါင်း ထောင်နဲ့ချီပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒိရောကတ်တွေမှာ ရဲ့ ကျည်ဆံတွေဖြစ်တဲ့ ဗုံးတွေထဲကို ဖော့စဖိတ်အဖြူနဲ့ တာယာတွေ ရောထည့်ပြီး ပစ်ခဲ့တာပါ။ အစ္စရေးတွေရဲ့ ဒုံကျည်ကာစနစ်ကို ဖောက်ပြီး ဝင်ရောက်နိုင်ဖို့အတွက်က အဲ့လို ဓာတုလက်နက်တွေကို စိတ်ကူးနဲ့ပေါင်းပြီး ဟားမတ်တွေက လုပ်ခဲ့တာပါ။             အဲ့လိုပဲ အစ္စရေးတို့က ပါလက်တိုင်းတွေနေတဲ့ ဂါဇာ ဒေသကိုပြန်ပြီးတော့ လေကြောင်းစစ်ဆင်ရေးတွေလုပ်တဲ့ အခါမှာလည်း ကျဲလိုက်တဲ့ ဗုံးတွေမှာ ဖော့စဖိတ်အဖြူတွေကို အခြေခံထားတဲ့ ဗုံးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဗုံးတွေထဲမှာပါတဲ့ ဖော့စဖိတ်အဖြူတွေက လေထုနဲ့ […]

အင်္ဂလန်တက္ကသိုလ်တွေကို ရေနံကုမ္ပဏီတွေက လာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းထားတယ်လို့ ဆို

                အင်္ဂလန်တက္ကသိုလ်တော်တော်များများကို ရေနံကုမ္ပဏီကြီးတွေက ရန်ပုံငွေထောက်ပံ့ပေးပြီး သုတေသန လုပ်ငန်းတွေကို ဆက်မလုပ်ဖို့အတွက် လာဘ်ထိုးထားတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို အဓိကထားအာရုံစိုက်သည့် သတင်းနှင့် တက်ကြွလှုပ်ရှားသူ ဝဘ်ဆိုက်တစ်ခုဖြစ်သည့် DeSmog ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါတယ် ။             ယူကေရှိ အကြီးကျယ်ဆုံးတက္ကသိုလ်အချို့က ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် နှင့် ပိုမိုစိမ်းလန်းသောကမာ္ဘကြီးကို တည်ဆောက်မယ်လို့ ကတိပြုထားပေမဲ့ ပြီးခဲ့သောနှစ်အတွင်းက ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများထံမှ သန်းပေါင်းများစွာကို လက်ခံခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တစ်ခုအရ သိရပါတယ်။ ရုပ်ကြွင်းလောင်စာ ဘီလူးကြီးများက ၂၀၂၂ ခုနှစ်မှစ၍ ယူကေတက္ကသိုလ်များသို့ စုစုပေါင်း […]

အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

               ဒီအပတ်ထုတ် Science Advances ဂျာနယ်မှာ ပါတဲ့ ဆောင်ပါးတစ်ပုဒ်အရ ကမာ္ဘ့အပူပိုင်း ဒေသတွေမှာ ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေရဲ့ ကောင်ရေ ကျဆင်းလာတဲ့ အတွက် ကော်ဖီလိုမျိုးစားသောက်ကုန် လုပ်ငန်းတွေ ထိခိုက်မှု ၂ ဆမက ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးထားတာကို သိရပါတယ်။               ရာသီဥတုပြောင်းလဲမှုနဲ့ ကျက်စားရာဒေသဆုံးရှုံးမှုတွေကြောင့် ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေဟာ အပူပိုင်းဒေသတွေမှာ သိသိသာသာကျဆင်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ တရုတ် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နိုင်ငံ နဲ့ အာဖရိက […]

အစိမ်းရောင် စွမ်အင် ထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်တွေ ရှေ့ရောက်နေမှုကို အမေရိကန်တွေ မကျေနပ်ကြ

            ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အင်စတီကျူ့ကို ပြောပါဆိုရင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပင်တဂွန်ပါပဲ ။ လောလောဆယ် စက်မှုအင်အားကြီး နိုင်ငံတွေကြားမှာ ထားတဲ့ကတိကဝတ်အရ ပင်တဂွန် ကလည်း ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုံည ဖြစ်စေရမယ်လို့ ကြေညာထားပါတယ် ။             ဒါပေမဲ့ ပြဿနာက အမေရိကန်စစ်တပ်တစ်ခုလုံး သုံးနေတဲ့ လျှပ်စစ်စွမ်းအင်သုံး ကိရိယာတွေ ၊ တပ်ဆင်ပစ္စည်းတွေ နဲ့ တိုက်ခိုက်ရေးယာဉ်အပါအဝင် လက်နက်စနစ်တွေမှာ တရုတ်နိုင်ငံထုတ် လစ်သီယံ ဘတ်ထရီက ၇၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာပါပဲ ။ ပြောချင်တာက အမေရိကန်စစ်တပ်က တရုတ်နိုင်ငံက […]

Page 5 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19