Biodiversity Forest

ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ရယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ က စတင်ပြီး သက်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက အဲ့ဒိအထိမ်းအမှတ်နေ့ကို လက်ခံပြီး ဆင်တွေအတွက် သီးသန့်ပွဲ လုပ်ပေးနေပါတယ်။ ဂေဟပညာရှင်တွေကတော့ ဆင်တွေက ဂေဟစနစ်စောင့်ရှောက်မှု ပေးပုံကို အကျယ်တဝင်ရှင်းပြပြီး ကမ္ဘာသားတွေအနေနဲ့ ကုန်းမြေပေါ်ကို အကြီးဆုံး သက်ရှိ သတ္တဝါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေကြောင့် ရေးသားဖော်ပြနေကြပါတယ်။ အစားအစာအတွက် မဟုတ်ဘဲ လူတွေရဲ့ ဇိမ်ခံပစ္စည်းတွေအလှဆင်ဖို့ အတွက် အရိုးနဲ့ အစွယ်ကို ရယူဖို့ ဆင်တွေကို ခိုးယူသတ်ဖြတ် နေကြပါတယ်။ ကုန်နေ အကောင်ကြီးတွေ မျိုးတုန်းသွားနိုင်လောက်တဲ့အထိ မှောင်ခို ခံနေရတာနဲ့ ပတ်သက်ပြီး ယူရိုနယူးစ်က ကမ္ဘာ့ဆင်များနေ့တည်ထောင်သူ […]

အမေဇုံကို ကာကွယ်ဖို့ တောတွင်းသားတွေ အဖွဲ့ ဖွဲ့ပြီ

အီကွေဒေါနိုင်ငံမှာ တောတွင်းသားတွေနဲ့ ဒေသခံ အစိုးရတို့ ပေါင်းပြီး အီကွေဒေါနိုင်ငံအတွင်းက အမေဇုံမိုးရေခံသစ်တောတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ် လုပ်နေကြပါတယ်။ အဲ့ဒိအစီအစဉ်ကို အီကွေဒေါနိုင်ငံအတွင်းက အန်ဂျီအိုတွေက စတင်ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့က မိုးရေခံ သစ်တောတွေကို ခိုးထုတ်နေတာနဲ့ ပတ်သက်ပြီး တစ်စု တစ်ဖွဲ့ချင်းကာကွယ်တာထက် အစုအဖွဲ့တွေပေါင်းပြီး ကွန်ယက်ဖွဲ့ကာ ကာကွယ်ဖို့ လုပ်နေကြတာပါ။ ကျနော်တို့ရဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မပူးပေါင်းချင်တဲ့ အချို့ ဒေသခံအစိုးရအဖွဲ့တွေ ရှိနေပါသေးတယ်။ တောတွင်းသားတွေက သစ်တောထဲမှာ သစ်ပင်တွေ ခိုးခုတ်နေတာကို အသိပေးမယ် ၊ အန်ဂျီအိုတွေက တိုင်တန်မှုတွေကို တရားဝင်ဖြစ်အောင် နဲ့ မီဒီယာကနေဖော်ပြမယ် ၊ အစိုးရ ပိုင်းက တိတိကျကျ အရေးယူနိုင်အောင် လုပ်ဖို့အတွက် ဒီဇိုင်းရေးထားတဲ့ အစီအစဉ် ဖြစ်ပါတယ်လို့ အန်ဂျီအိုအဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ […]

မျိုးစေ့ကျွန်

ကျွန်ဆိုတာ ကိုယ့်ဘဝကို သူများလက်ထဲ ထည့်ထားရတာ…။ မျိုးစေ့ကျွန် လို့ဆိုလေတော့….မျိုးစေ့အတွက် နဲ့ ကိုယ့်ဘဝကို မျိုးစေ့ရောင်းသူလက်ထဲ ထည့် ရတော့တာ..။ သြဂဲနစ် စိုက်ပျိုးရေး မှာ GMO .ကို စိုက်ခွင့်မပေးဘူး .. Hybrid ကိုစိုက်လို့ ရတယ် ဆိုပေမဲ့ မျိုးစေ့ကိုF2 မှာ ထိန်းထားလို့ မရတဲ့အချက် ကို သိပ်သဘောမကျ ပါ..။ ဖြစ်နိုင်ရင်တော့…မျိုးစေ့ထိန်းလို့ရတဲ့ ဒေသ မျိုးတွေ ပြန်လည် ဖေါ်ထုတ် ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်..။ မျိုးစေ့ ဆိုတာ စိတ်ဝင်စားစရာ…. သေးငယ် သော်လည်း ကြီးထွားရှင်သန် စေတဲ့ ဓာတ်သတ္တိ များ ကိန်းအောင်း နေတဲ့ သက်ရှိ တွေပါ…။ သူတို့ကို ထိန်းသိမ်းတတ်စေချင်တယ်… ဝေမျှစေချင်ပါတယ်…။ ဒီနေ့ မှော်ဘီဘက်က သင်တန်းဆင်း စိုက်ပျိုးရေးသမားလေးတစ်ဦး […]

လယ်သမားမှ လယ်သမားဆီသို့ အစီအစဉ်ကို အဖေဆီက အမွေဆက်ခံခဲ့ ချက်ကီ နန်ဂျာဒက်စ်ဝါမီနဲ့ တွေ့ဆုံခြင်း

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ကန်နာတာကာပြည်နယ်မှာ စိုက်ပျိုးရေးဂေဟဗေဒကို လေ့လာလို့ရတဲ့ အမ်ရီတာ ဘိုအိုမီ လို့ခေါ်တဲ့ စင်တာတစ်ခုရှိပါတယ်။ အဲ့ဒိနေရာမှာ စိုက်ပျိုးရေးဂေဟ ဗေဒနဲ့ပတ်သက်ပြီး လယ်သမား အချင်းချင်း အသိပညာဖြန့်ဖြူတဲ့ ၊အသိပညာ ဖလှယ်တဲ့လုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီကနေ့ခေတ် လို အစိမ်းရောင် တော်လှန်ရေးကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ အများကြီးသုံးရတာရယ် ၊ ဈေးကြီးတဲ့ မျိုးတွေကို ဝယ်ရတာကို ရှောင်နိုင်ဖို့အတွက် ရယ် ရိုးရာစိုက်ပျိုးရေးပုံစံကို အများကြီးပြုပြင်ပြောင်းလဲစရာမလိုဘဲ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကို အန္တရယ်မဖြစ်စေတဲ့ ပိုးသတ်တဲ့ စနစ်တွေကို ဖလှယ်နိုင်ဖို့အတွက် ၂၀၀၀ ခုနှစ်လောက်ကတည်းက ပါမောက္ခ ဒေါက်တာမဟန်သာဒီဗာရူနန်ဂျာဒက်စ်ဝါမီက အဲ့ဒိစင်တာကို တည်ထောင်ခဲ့တာပါ။ အဲ့ဒိလိုမျိုး စင်တာတွေက ကမ္ဘာပေါ်မှာ အရည်အတွက် နည်းနည်းပဲ ရှိပါသေးတယ်။ ဒေါက်တာဆုံးသွားတော့ အဲ့ဒိအချိန်မှာအသက်၂၂ နှစ်အရွယ် […]

လင်းပိုင်တွေ အမဲလိုက်ခံနေရတဲ့ ဘေးကနေ ဘယ်သူမှ မကယ်နိုင်ဘူးလို့ လှုံ့ဆော်ရေးသမားတွေ ဆို

ဖာရိုကျွန်းစုဆိုတာ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပါတယ်။ အိုက်စလန် နဲ့ နော်ဝေကြားက မြောက်အတ္တလန်တစ် သမုဒ္ဒရာထဲက ကျွန်းတွေဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ဥမင်တွေ တံတားတွေ ကူတို့ယာဉ်တွေနဲ့ အဆက်အသွယ်လုပ်ထားပါတယ်။ သမုဒ္ဒရာကြီးထဲမှာ ထိုးထွက်နေတဲ့ မီးတောင် တွေက အလွန်လှပပါတယ်။ငှက်ကြည့်သမားတွေ နဲ့ ရှု့ခင်းကောင်းကောင်းကြည့်ချင်သူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကျွန်းစုတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဖာရိုကျွန်းသားတွေရဲ့ နှစ် ၄၀၀ လောက်ကတည်းက လုပ်လာတဲ့ ဓလေ့ထုံးစံတစ်ခုကတော့ ယနေ့ကမ္ဘာကို စိမ်ခေါ်မှု တစ်ရပ်ဖြစ်နေပါပြီ ၊ အဲ့ဒါကတော့ လင်းပိုင်တွေ နဲ့ ဝေလငါးတွေကို အမဲလိုက်တဲ့ ကိစ္စပါပဲ ။ ဝမ်းဖြူလင်းပိုင်တွေကို နှစ်စဉ် အမဲလိုက်ကြတာနဲ့ ပတ်သက်ပြီး ကန်သတ်မှုတွေ လုပ်ထားပေမဲ့ ဘယ်သူ ဘယ်သူကမှ ဖာရိုကျွန်းသားတွေကို တာမယ့်ဆီးမယ့် သူမရှိကြပါဘူး […]

ဂျွန်မြူယာ (သို့ ) အမျိုးသားဥယျာဉ်တို့ရဲ့ဖခင်ကြီး

    “ ခင်ဗျား သဘာဝထဲမှာ လမ်းလျှောက်ပြီး လိုချင်တာတစ်ခုခုကို ရှာကြည့်ပါ။ သဘာဝက ခင်ဗျားလိုချင် တာထက် အများကြီး ပိုပြီး ပေးပါလိမ့်မယ်” “ ခင်ဗျားမှာ စိတ်ဝေဒနာ တစ်ခုခုခံစားလိုက်ရပြီဆိုရင် သဘာဝရဲ့ ခန္တာကိုယ်ဖြစ်တဲ့ တောင်တွေပေါ် ကိုတက်လိုက်ပါ။ ဒါမှမဟုတ်ရင် တောတွေထဲမှာ တစ်ပတ်လောက် စခန်းချ နေပြီး သဘာဝရဲ့ နလုံးသားနဲ့ အနီးစပ်ဆုံး ကပ်နေလိုက်ပါ။ သဘာဝက ခင်ဗျားရဲ့ စိတ်ဝေဒနာတွေကို အကောင်းဆုံး ကုသပေးမှာပါ” စကော်တလန်သား ဂျွန်မြူယာကို နိုင်ငံတကာက “တောင်တန်းတို့ရဲ့ဂျွန်” သို့မဟုတ် “အမျိုးသားဥယျာဉ်တို့ရဲ့ ဖခင်ကြီး”လို့ လူသိများကြ ပါတယ်။ သူ့ကို ၁၈၃၈ ဧပြီလ ၂၁ရက်နေ့မှာမွေးပြီး ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ အဲ့ဒိ စကော်တလန်ဖွား […]

စပိန်တောမီးက စပျစ်ခင်းတွေကို ပြောင်သလင်းခါသွားစေတယ်

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဥရောပအနောက်တောင်ပိုင်းကို အပူလှိုင်း စဝင်ခဲ့ပါတယ်။ အပူချိန် ၄၀ဒီကရီ ဆဲလ်စီးယက် ကျော်တဲ့နေရာအချို့မှာ တောမီးတွေလောင်ကျွမ်းခဲ့ပါတယ်။ တောမီးကြောင့် ဒေသခံလူတွေကို ပြောင်းရွှေ့ပေးလိုက်ရပါတယ်။ ဂျီဆက်ဆိုတို လို့ခေါ်တဲ့ ဝိုင်ဖန်တီးရေးသမား တစ်ယောက်က သူရဲ့ အိမ်ကို ဒီအပတ် ပြန်ရောက်လာတဲ့အချိန်မှာ အရာအားလုံးကို တံမြတ်စည်းနဲ့ လှဲခါလိုက်သလိုမျိုး တောမီးက ပြောင်သလင်းခါအောင် လုပ်လိုက်တာကို တွေ့ လိုက်ရပါတယ်။ သူက ဝိုင်ဗေဒပညာရှင် သမီးဖြစ်သူ ဘယ်လာကို အားကိုပြီး သူဘဝရဲ့ ၁၀ စုနှစ်တစ်ခုကျော်အား စပျစ်ခြံတွေထဲမှာ နှစ်မြုပ်ထားတာပါ။ သူတို့ သားအဖ ၂ယောက်က အာဗီလာပြည်နယ်က ဆီဘရီယို ဒေသမှာ ခြံဝယ်ပြီး ရှေးဟောင်း စပျစ် စိုက်ပျိုးနည်းနဲ့ ရှေးဟောင်း ဝိုင်းချက်နည်းတွေကို စမ်းသပ်နေတာပါ။ သူတို့လုပ်ငန်း က အကောင်အထည်ပေါ်နေပါပြီ […]

ဂေါ့ဖ် အားကစားက ဂေဟစနစ်ကို ဖျက်ဆီးနေတဲ့ အားကစားလား

အက်ဘီရစ်ချက်ဆိုတဲ့ သိပ္ပံ ဆောင်းပါးရှင်က ဂေါ့ဖ် အားကစားက ဂေဟစနစ်နဲ့ လူမှုဘဝကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အားကစား တစ်မျိုးဖြစ်တယ်လို့ စွတ်စွဲ ပြောဆိုလိုက်ပါတယ်။ မြို့ပြစနစ်ဖွံ့ဖြိုးလာတဲ့အခါမှာ တောမြေတွေကို အိမ်ယာစီမံကိန်း ၊ စုပေါင်းလယ်ယာနဲ့ ပြည်သူပန်းခြံ အစရှိတဲ့ နေရာတွေက တောမြေတွေကိုအများကြီး သုံးပစ်လိုက်ပါတယ်။ လူတွေနေထိုင်ဖို့အတွက် အိမ်ယာ တွေထက် သူတို့ အပန်းဖြေဖို့ မြေကို သုံးတာက ပိုများနေပါတယ်။ အဲ့လိုသုံးတဲ့အထဲမှာ ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးတဲ့ မြေက ပိုများ နေသလိုပါပဲ ။ ကမ္ဘာပေါ်မှာ ဂေါ့ဖ်ကွင်း ၄ သောင်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘောလုံးကွင်း အရေအတွက် စုစုပေါင်းထက် ၂၆ ဆကျော် ပိုများတဲ့ မြေတွေကို ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးထားပါတယ်။ ဂေါ့ဖ်ရိုက်တာက သဘာဝနဲ့ ပိုမိုနီးစပ်တယ်ဆိုတဲ့ […]

ဂေဟဗုံးပေါက်ကွဲပြီး စာကျက်ပျောက်လို့ သြစတေးလျမှာ မျိုးတုန်း ပြဿနာရင်ဆိုင်နေရ

မနေ့က သြစတေးလျှ စိုက်ပျိုးရေး ဝန်ကြီးဌာနက တင်တဲ့ စာတမ်းမှာ သူတို့ နိုင်ငံက ကမ္ဘာ့ ဘယ်တိုက် မဆိုထက် နို့တိုက်သတ္တဝါအမျိုး စုံတဲ့ တိုက်ပဲ ဖြစ်ပါတယ် လို့ ပါရှိပါတယ်။ ကမ္ဘာ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါလျှက်နဲ့ နို့တိုက်သတ္တဝါတွေ ဆုံးရှုံးမှု က အခြားသော နိုင်ငံတွေထက် အများကြီး ဆိုးနေတာကိုလည် တွေ့နေပါတယ်လို့ ၅ နှစ်ကြာပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းအရ ဆိုထားပါတယ်။ အခုဆိုရင် အမြီးပြာ ကင်းလိပ်လျှောလို အကောင်းမျိုး ဆိုရင် မျိုးတုန်း သွားလောက် အောင် ကို ရှားပါးသွားပါပြီ ။ သြစတေးလျှ အလယ်ပိုင်းက ကျောက်တောင်တွေမှာ နေတဲ့ ကြွက် မျိုးတွေ ၊ ခရစ္စမတ်ကျွန်းမှာ နေတဲ့ မြေခွေးပျံ လင်းဆွဲ […]

ထိုင်နိုင်ငံသား​တွေ ဘာကိုရွေးကြမှာလဲ

ဆာတန်ပြည်နယ်ဆိုတာ ထိုင်နိုင်ငံရဲ့ တောင်ဖက်အစွန်ဆုံး အန်ဒမန်ပင်လယ်ရဲ့ အနားသတ် ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ပြောရရင်တော့ ထိုင်နိုင်ငံမှာ သိပ်ပြီးမဖွံ့ဖြိုးသေးတဲ့ နေရာတွေအများကြီးရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။ ကျောင်းသား၁၆၀၀ ကို ဆရာ ၉၀လောက်နဲ့ လည်ပတ်နေရတဲ့နေရာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ ခေါင်တိုခရမ်လို ထုံးကျောက်တောင်ကြီးတွေ ရှိလို့ ဘိလပ်မြေထုတ်ဖို့အတွက် စီးပွားရေးသမားတွေ နဲ့ အစိုးရဝန်ကြီးဌာန စီမံကိန်းတွေ အကြိုက်ဖြစ်နေပါတယ် ။ ထိုင်း ဥပဒေမှာကကျောက်မိုင်းတွေက လူနေအိမ်ခြေတွေနဲ့ အနည်းဆုံး မီတာ၅၀၀ အကွာမှာ ရှိရမယ်လို့ ဆိုထားပေမဲ့ လက်ရှိခေါင်တိုခရမ် ကျောက်မိုင်းနဲ့ စာသင်ကျောင်း က မီတာ ၃၀၀ ကျော်ပဲ ဝေးပါတယ် ။ ရှေးကျတဲ့ ထုံးကျောက်ဂူတွေ အလွန်ရှားပါတဲ့ ခရုအသေးမျိုးစိတ်တွေ က ကျောက်မိုင်းကျောက် ပျောက်ကွယ်သွားနိုင်ပါတယ် ။ အစိုးရက […]

Page 8 of 19
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19