လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ
ဂျာမနီနိုင်ငံတစ်ဝှမ်းမှ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များကို ဘာလင်မြို့လယ်တွင် မောင်းနှင်ကာ ၎င်းတို့ကို ထိခိုက်စေမည့် ဘတ်ဂျက်ဖြတ်တောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ လယ်သမား ၃၀၀၀ ခန့်သည် ရာနှင့်ချီသော လယ်ထွန်စက်များပေါ်တွင် တက်ရောက်ကြပြီး အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ် အနီးတဝိုက်တွင် စုရုံးပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားသွားပါတယ် ။ လယ်သမားများက ၎င်းတို့လက်ရှိခံစားနေကြရသော အခွန်အခွင့်အရေးများနှင့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ် ပါတယ် ။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေကို ကာကွယ်ဖို့ အစိုးရက ကူညီသင့်တယ်လို့ ၎င်းတို့က ပြောပါတယ်။ အစိုးရရဲ့ အစီအစဉ်အရ လယ်သမားများအနေနဲ့ လယ်ယာ စိုက်ပျိုးနေစဉ်အတွင်း အသုံးပြုသည့် ဒီဇယ်ဆီ အတွက် အခွန် ဖြတ်တောက်ခြင်း […]