မကြာမီ ကြုံလာနိုင်သည့် ရေရှားပါမှုပြဿနာ
မိကျောင်းမုန်တိုင်းရှိလို့ နိုင်ငံတချို့နေရာတွေမှာ မိုးတွေရွာနေသည်။ ကျွန်တော်နေထိုင်ရာ မြို့ကလေးတွင်လည်း မိုးသည် အုံ့ဆိုင်းလျက်။ သဲသဲမဲမဲရွာသွန်းခြင်းမဟုတ်ဘဲ တဖွဲဖွဲရွာလျက်ရှိသည်။ မိုးစက်တွေကို ငေးကြည့်ရင်း ကျွန်တော်သည် မကြာမီရင်ဆိုင်ရတော့မည့် ရေရှားပါးမှုပြသနာကိုတွေးမိ၊ ရင်လေးနေမိပါသည်။ ပြီးခဲ့သည့်နွေရာသီက မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့် ဒေသတချို့မှာ လူတွေ ရေရဖို့လေးငါးမိုင်လောက်သွားပြီး လှည်းတွေနဲ့ခပ်ကြရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နေသူတစ်ဦးကပြောသည်။ အရင်ကစ ရေရှားပါးခဲ့သည့်ဒေသတွေကို ထားပါဦး။ ရေရှားပါးမူမဖြစ်ပေါ်ခဲ့ဖူးသည့် ဒေသတွေမှာပါ ၂၀၁၅ ခုနှစ်နောက်ပိုင်း သိသိသာသာရေရှားပါးလာသည်ကို ကြုံတွေ့ကြရသည်။ ” အရင်တုန်းက မိုးကုန်ပြီးလို့ စိမ့်စမ်းရေဆိုတာ မခမ်းဘူးဗျ။ ခပ်လို့ရတယ်။ ခုနောက်ပိုင်းက စိမ့်စမ်းရေဆိုတာမျိုးမဟုတ်တော့ဘူး။ တူးလိုက်ရင် မြေအောက်မှာ မိုးတွင်းတုန်းက ကျန်ခဲ့တဲ့လက်ကျန်ရေသဘောလောက်ရှိတာ။ အဲ့ဒီတော့ ခန်းသွားတာပဲ” လို့ မကွေးတိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးကပြောသည်။ ကျွန်တော်နေသော တောင်ခြေမြို့ကလေးသည်ပင် ရေရှားပါးမူနှင့်ကြုံနေရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပါပြီ။ အဓိကအားဖြင့် […]