အာရှကာဗွန်လျှော့ချရေးအစီအစဉ်အတွက် ဂျပန်က ကန်ဒေါ်လာ သန်း ၁သောင်း သုံးမယ်
COP 26 ညီလာခံကို တက်ရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါက လာမယ့် ၅နှစ်အတွင်းမှာ အာရှတိုက် ကာဗွန်လျှော့ချရေး အစီအစဉ်အတွက် ကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ကို အသုံးပြု မယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ ညီလာခံမှာ ကီရှီဒါက ဂျပန်နိုင်င့အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ၂၀၁၃ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး လျှော့ချမှုတွေကိုစလုပ်မယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ၂၀၃၀ မှာ ဂျပန်နိုင်ငံကနေ ထုတ်လွှင့်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ကို တစ်ဝက်လျှော့ပေးနိုင်အောင်လို့ လုပ်ပေးပါမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ၂၀၅၀ မှာတော့ ကာဗွန်သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လည်း ဆိုပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပုဂ္ဂလိဂ္ဂ နဲ့ ပြည်သူ့ပိုင် တီထွင်မှုတွေ ၊ သုတေသနတွေ […]