အမေဇုံကို ဆိုလာနဲ့ ကယ်ဖို့ကြိုးစားနေပြီ
တောင်အမေရိက တိုက်မှာရှိတဲ့ အမေဇုံ တောဆိုတာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်ပါတယ်။ ကမ္ဘာ့လေထုထဲ မှာ ရှိတဲ့ တန်ပေါင်းများစွာသော ကာဗွန်တွေကို သိုလှောင်ပြီး အောက်ဆီဂျင်တွေ ထုတ်ပေးနေတဲ့ သဘာ၀ စက်ရုံကြီး တစ်ခုပါ။ ဒီဖက်ခေတ်တွေမှာတော့ အမေဇုံတောကြီးက မြို့ပြချဲ့ထွင်မှု နဲ့ သစ်ထုတ်လုပ်မှုတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ စွမ်းအင်လိုအပ်မှု နဲ့ အလုပ်အကိုင်အခွင့်အလမ်းက သစ်တောကြီးကို လုံးပါးပါး လာစေပါတယ်။ အခုတော့ အမေဇုံတော ကိုကာကွယ်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခဲ့ပါပြီ။ အမေဇုံတောရဲ့ မြောက်ဖက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ ဆန်တာဟယ်လီနာပြည်နယ်မှာ ဆိုလာပြားတွေကို စတင်တပ်ဆင်ပြီး ဆေးရုံ ၊ စာသင်ကျောင်း ၊ ဘုရားရှိခိုးကျောင်းတွေ […]