အညာဒေသမှာ ခုချိန်ဆို ထန်းရည်တွေလှိုင်လှိုင်ပေါပါပြီ။ လူကျဲကျဲနဲ့ သွေ့ခြောက်နေတဲ့ ထန်းတောအလယ်က ထန်းတဲလေးတွေလည်း ချိုတမြမြ ခါးသေလေလဆိုတဲ့ ပုစွန်ဆိတ်ခုန်ပင်ကျရည်လေးတွေနဲ့ စိုစိုပြေပြေ စည်စည်ကားဖြစ်နေပြီပေါ့။ ထန်းသမားတွေလည်း မျက်နှာရွှင် ငွေရွှင်တဲ့ကာလလေးပေါ့။ အညာမွာ ထန်းတောတွေကျဲပါး၊ ထန်းတက်သူတွေနည်းပါးကုန်ပေမယ့် ကိုယ့်ကိုယ့်ရွာ မခွာနိုင်၊ ထန်းသမားအလုပ်ကိုမစွန့်လွတ်နိုင်သူတွေလည်း ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ထန်းတက်တယ်၊ ထန်းလှီးတယ်ဆိုတာ ကျွန်တော်တို့မေ့ပစ်လို့မရတဲ့ အညာဒေသရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါကြောင့် ခုလို ထန်းရည်မြိုင်မြိုင်ဝေချိန်မှာ အင်းဝခေတ်ရဲ့ အသည်ဝန်ကြီဖြစ်တဲ့ စာဆိုတော် ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားတျာချင်းကို ဖော်ပြလိုက်ပါတယ်။ #နွေဦးကာလ မြူထသောခါ နွေဦးကာလ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓါးနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊ စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊ မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊ […]