အသက်ကယ်မြို့လေးအသက်ရှည်စေချင်
တောင်တွေကို လှေကားသဖွယ် အဆင့်ဆင့်ဖြတ်သန်းကာ သွားရောက်ရသည့်မြို့ဖြစ်သောကြောင့် တောင်လှေကားမြို့လို့ခေါ်သည်တဲ့လား …။ ပန်းများစွာဖူးပွင့်ကာ မြို့ကိုအလှဆင်နေသောကြောင့် ပန်းမြို့တော်ဟုခေါ်လေသလား …ဂုဏ်သတင်းရနံ့မျိုးစုံစွာနှင့် သင်းပျံ့ နေသည့် မြို့ကလေ ပြင်ဦးလွင်သည် ယခုအချိန်တွင် အများသတ်မှတ်ချက်အရ နွေအပူရှိန်မှအကာအကွယ်ယူရာ အသက်ကယ်မြို့လေးဟုပင်။ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ် နွေရာသီအပူအလွန်ကဲမှုကြောင့် မန္တလေးတိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းမြို့နယ်များမှ လာရောက်ကာ အပူရှောင်တိမ်းကြသောကြောင့် အသက်ကယ်မြို့ဟုအမည်တွင်ခဲ့ကြောင်း ယင်းဒေသခံများဆိုသည်။ သို့သော် လွန်ခဲ့သည့် ၁၀ နှစ် ခန့်မှစတင်ကာ ပြင်ဦးလွင်မြို့လေးသည် နွေးထွေးရာကနေ အပူဒဏ်ကို တဖြည်းဖြည်းခံစားလာခဲ့သည်။ နွေအပူဒဏ်ခံစားရသည့်အကြောင်းများကို ပြင်ဦးလွင်ဒေသခံများ ယခင်ကသတိမထားမိသော်လည်း ယခုအချိန်တွင် “အရင်ကနဲ့မတူဘူး၊ ပိုပူလာတယ်’’ ဟုပြောလာကြလေသည်။ လယ်မြေစိုက်ပျိုးရန်အတွက် ထည့်သွင်းရသည့် အရင်းအနှီး၊ အသုံးပြုရသည့်ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအသုံးစရိတ်များသည် တစ်နှစ်လျှင် ကျပ်ဆယ်သိန်းခန့်ရှိမျှသာလျှင် အကောင်အထည်ပေါ်မည်ဖြစ်သော်လည်း စျေးကွက်အတွင်း စျေးမရပါက တစ်ခါတစ်ရံ ကျပ်သုံးသိန်းခန့်သာ […]