Knowledge

မြန်မာ့တောင်တန်းများ (ဂန့်ဂေါတောင်တန်း)

ဂန့်ဂေါတောင်တန်းသည် မြန်မာနိုင်ငံ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဧရာဝတီမြစ်ကမ်းဘေး ထီးချိုင့်မြို့မြောက်ဘက် မြသိန်းတန်စေတီတည်ရှိရာ တောင်ကုန်းမှစတင်ပြီး တောင်မှမြောက်သို့ တောင်စဉ်တန်းတဖြောင့်တည်း တည်ရှိသည်။ မြောက်ပိုင်း မိုးကောင်းမြို့နယ်တောင်ဘက် ဆားမှော်ကျေးရွာအရှေ့ဘက် တောင်မှမြောက်သို့စီးဆင်းသော နန့်ရင်းချောင်း ကမ်းခြေတွင် ဂန့်ဂေါတောင်တန်း ပြီးဆုံးသည်။ တောင်တန်းကြီး၏ တောင်မြောက်အလျားသည် မိုင် ၁၁၀ ကျော်ရှိပြီး အမြင့်ဆုံးနေရာ၏ အမြင့်ပေသည် ၁,၂၀၀ မီတာ ကျော်သည်။ ဂန့်ဂေါတောင်တန်းတလျောက် ဘေးဝဲယာမြို့ရွာများမှာ တောင်တန်းကြီးစတင်ရာ ထီးချိုင့်မြို့၊ တောင်တန်းကြီး၏အနောက်ဘက် အင်းတော်မြို့၊ မော်လူး၊ နန်းဆီးအောင်၊ မော်ဟန်၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ ဆားမှော်၊ မိုးကောင်းမြို့တောင်ဘက်ထိပ်တို့ဖြစ်ပြီး၊ ဂန့်ဂေါတောင်တန်းကြီး၏အရှေ့အရပ်တွင် ရှိသော တစ်ခုတည်းသောမြို့မှာ ဧရာဝတီမြစ်နှင့် ဂန့်ဂေါတောင်တန်းကြီးကြား ကသာခရိုင် ကသာမြို့ တစ်မြို့တည်းသာ တည်ရှိသည်။ တောင်ရိုးရှည်ကြီးသည် ရေချိုစိမ့်စမ်းအလွန်ကောင်းပြီး ချောင်း၊ […]

မြန်မာနိုင်ငံအတွင်းမှမြစ်များ(မေခမြစ်)

မေခမြစ်သည် မြောက်လတ္တီကျူ့ ၂၈ ဒီဂရီခန့်၊ တိဗက်အရှေ့ပိုင်း ဟိမဝန္တာ တောင်တန်း ရေခဲပြင်များမှ မြစ်ဖျားခံ စီးဆင်းပြီး ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် မလိခ(မေလိခ)မြစ်နှင့် ပေါင်းဆုံကာ မြန်မာနိုင်ငံ၏ အသက်ဖြစ်သော ဧရာဝတီဖြစ်ပေါ်လာသည်။ မေခနှင့် မလိခ မြစ်နှစ်စင်းဆုံရာ မြစ်ဆုံသည် ကချင်လူမျိုးများအတွက် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အရေးပါသလို မြန်မာနိုင်ငံ၏ အရေးပါသော အမှတ်သင်္ကေတစ်ခုလည်း ဖြစ်သည်။ ၁၉၄၀ ဆယ်ခုနှစ်တွင် ဗြိတိသျှ သစ်တောပညာရှင်ဖြစ်သူ Bertram E. Smythies ဆိုသူက ယင်းဒေသကို လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းတွင် မြစ်ကြီးနားတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ကလာလုက ရေဝေကုန်းတန်းဒေသရှိ အပင်အမျိုးအစားများနှင့် ပတ်သက်သော စာတမ်းတစ်စောင် ပြုစုခဲ့ရာ ယင်းဒေသတွင် အမြင့် […]

မြန်မာ့တောင်တန်းများ (ပင်းပက်တောင်)

ပင်းပက်တောင်ခေါ် ထင်းရှူးပင်တောင်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္ထုများတည်ရှိ ထုတ်လုပ်ရာနေရာလည်း ဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့တောင်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။ တောင်သည် ခန့်မှန်းခြေ ဧရိယာ ၈ စတုရန်းမိုင်ခန့် လွှမ်းမိုးထားသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာ၊ ၄၅၂၄ ပေ အထက်တွင် တည်ရှိသည်။ တောင်ဧရိယာဝန်းကျင်တွင် လူ ၇၀၀၀ ပတ်ဝန်းကျငခန့်် နေထိုင်ကြပြီး အများစုသည် ပအိုဝ်းလူမျိုးများ ဖြစ်ကြပြီး ရှမ်းနှင့် အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။ တောင်ကို ဝန်းရံထားသည့် လွင်ပြင်ကို ဟိုပုန်းလွင်ပြင်ဟု သိကြသည်။ ထိုလွင်ပြင်တွင် လူ ၃၅၀၀၀ ခန့်မှန်းခြေ နေထိုင်ကြပြီး ရွာပေါင်း ၁၀၀ ခန့်ရှိသည်။ သဘတ်စမ်းချောင်း (Thabat […]

မြန်မာ့တောင်တန်းများ(မြင်းမိုရ်လက်ခတ်တောင်)

တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်တည်ရှိပြီး တနင်္သာရီတိုးအတွင်း အမြင့်ဆုံးတောင်ဖြစ်သည်။ မြင်းမိုရ်လက်ခတ်ရွာ၏ အရှေ့တောင်ဘက် ၁၅ ကီလိုမီတာအကွာတွင် တည်ရှိကာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်၏ အနောက်ဘက် ၄၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ တောင်၏ အမြင့်သည် ၂၀၇၂ မီတာ ရှိပြီး တောင်ထိပ်ဖျားသည် ၁၈၅၇ မီတာ ရှိသည်။ ဤတောင်သည် အရှေ့တောင်အာရှရှိ မြင့်မားသည့် တောင်ထိပ်ရှိသည့်တောင်များထဲမှ တစ်ခုဖြစ်သည်။ #Greeness ဓာတ်ပုံ #crd

နော်ဝေးနိုင်ငံရဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားလှေကားရှိတဲ့နေရာ

နော်ဝေးနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားလှေကားရှိတဲ့နေရာ။ လှေကားထစ်ပေါင်း 4,444 ခုရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အလှပဆုံးကျွန်းများ (ဘာလီကျွန်း)

ဘာလီကျွန်းသည် တောနှင့် တောင်တန်းများ၊ မီးတောင်များ၊ စိမ်းလန်းသော စိုက်ခင်းနှင့် စပါးခင်းများ၊ လှပသောကမ်းခြေများနှင့် သန္တာကျောက်တန်းများကြောင့် ကမ္ဘာတွင် လူသိများသော အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းတစ်ခုဖြစ်သည်။ ကျွန်းသည် Uluwatu ဘုရားကျောင်းကဲ့သို့သော ဘာသာရေး အမွေအနှစ်နေရာများ တည်ရှိပြီး အပန်းဖြေစခန်းမြို့များကလည်း ကမ္ဘာတစ်ဝန်းမှ ခရီးသြားမ်ားကို အဆင်ပြေစေသည့်အတွက် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက နာမည်ကျော်ခဲ့သည့် ကျွန်းတစ်ခုဖြစ်သည်။ #Greenness Photo:#google

ဦးအုန်း (သို့မဟုတ်) အစိမ်းရောင်မုခ်ဦးပိုင်ရှင်

သမိုင်းတန်ဖိုး စာရေးသူက ပုဂံ-ညောင်ဦး၊ ပုပ္ပားကို မကြာခဏဆိုသလို ရောက်ဖြစ်သည်။ တစ်ခါတလေ တစ်နှစ် နှစ်ခေါက်သုံးခေါက်။ ထိုသို့ရောက်ဖြစ်ခြင်းမှာ တခြားမဟုတ်၊ စာရေးချင်လို့ ဖြစ်သည်။ သို့သော် လူရှုပ်သည့် အခါကြီးရက်ကြီးမှာ မသွား။ မျက်စိရှုပ် နားရှုပ်တာမကြိုက်။ ပုဂံ- ညောင်ဦး ဘုရားတွေဖူးတိုင်း နောက်ကပါလာသည့် တပည့်တွေ(ဝါသနာပါလောက်သူ)ကို ဘုရားသမိုင်းနောက်ခံတွေ ပြောပြရသည်။ ခရီးသွားခြင်း၏ အနှစ်သာရ စသည်များ။ ပုပ္ပားရောက်လျှင်လည်း ပုပ္ပားတောင်သမိုင်းနှင့် တောင်ကတုံးဖြစ်တော့မည့်ဆဲဆဲ သစ်ပင်တွေ စိုက် ပျိုးသွားသည့် ဆရာအုန်းအကြောင်းပါ ပြောဖြစ်သည်။ သို့မှသာ သူတို့လေးတွေ ဦးအုန်းကျေးဇူးကို သိရှိပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမွေဆက်ခံလိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ တာဝန်သိမှ တာဝန်ရှိမည်။ တန်ဖိုးသိမှ တန်းဖိုးရှိမည် မဟုတ်ပါလား။ ဦးအုန်း ဘ၀အစ စစ်ကိုင်းမြို့နယ် မကျည်းစင် တင်းတိမ်ရွာကလေးတွင် […]

အင်းဝမြို့ဟောင်းအတွင်းကဂူပျက်ကြီး ( သို့ ) ဂူတော်သစ်စေတီ

အင်းဝမြို့ဟောင်းက ကျွန်တော်မရောက်ဖြစ်သေးတဲ့အထင်ကရနေရာတစ်ခုဆီကို တနေ့ကပဲရောက်ဖြစ်ခဲ့ပါတယ် ။ ဂူတော်သစ်စေတီနဲ့အနီးနားဝန်းကျင်ကိုပါ။ ဂူတော်သစ်ဆီကို ဒီထက်စောပြီးရောက်ဖူးထားသင့်ပေမယ့် အခုမှပဲရောက်ဖြစ်ခဲ့ပါတယ် ။ ပင်းယမြို့တည်နန်းတည်မင်း တစ်စီးရှင်သီဟသူ ( အေဒီ ၁၃၁၂ – ၁၃၂၂ ) ဟာ ပင်းယမြို့မတည်ခင်မှာပဲ နောင် အင်းဝမြို့ဖြစ်လာမယ့်နေရာမှာ ဂူဘုရား ( ဂူတော်သစ်စေတီ ) တစ်ဆူကို ( အေဒီ ၁၃၀၉ ) ခုနှစ်လောက်မှာတည်ခဲ့ပါတယ်တဲ့ ။ အမှန်က အခုလက်ရှိအင်းဝမြို့တည်ရှိနေတဲ့နေရာကို မြို့သစ်တည်ဖို့မျက်စိကျပြီး မြေစမ်းခရမ်းပျိုးအနေနဲ့ မြို့အင်္ဂါရပ် ၇ ပါးထဲက ဂူဘုရားတစ်ဆူကိုအရင်ဆုံးတည်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်စီးရှင်သီဟသူဟာ အဲဒီနေရာမှာမြို့မတည်ဖြစ်ခဲ့ပါဘူး ။ တောင်ဘက်သုံးမိုင်လောက်အကွာကနေရာတစ်ခုမှာပဲ ပင်းယမြို့သစ်ကို ခရစ်နှစ် ၁၃၁၂ ခုနှစ်မှာတည်ဖြစ်ခဲ့တာပါ ။ ပင်းယမြို့မတည်ခင်မှာ တစ်စီးရှင်သီဟသူတည်ထားကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဂူတော်သစ်စေတီကိုတော့ […]

ပင်လယ်ငါးစျေး.

မနားတမ်းခရီသွားနေသူတစ်ယောက်ကို နှစ်နှစ်လောက် ကိုယ့်နယ်ကနေ ဘယ်ကိုမှမခွာရဘူး …လို့ ပိတ်ပင်ခံလိုက်ရတဲ့အခါ ရေထဲက အရှင်လတ်လတ်ငါးတစ်ကောင်ကိုဖမ်းပြီး ကုန်းပေါ်ပစ်တင်လိုက်သလိုပဲ…. ဖြန့်ဖြန့်ကိုလူးပါတယ် ။ ဒီခံစားချက်မျိုးကို တချို့တွေခံစားဖူးပါတယ် ။ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ခံစားမှုမျိုးဆိုတာကိုလည်းသိကြမှာပါ ။ ခရီးသွားပြီးတစ်ခုခုကိုစူးစမ်းချင်တဲ့အာသီသကိုပြေပျောက်စေဖို့ဆိုတာ ခရီးတစ်ခုခုကိုသွားလိုက်ရမှကိုဖြစ်ပါတယ် ။ ဘယ်လိုခရီးမျိုးဖြစ်ပစေ အိမ်ကနေခဏခွာပြီးသွားရတာကိုပဲစိတ်ထဲမှာ ကျေနပ်နေရောပဲ ။ ဒါကြောင့် ကိုယ့်နယ်ထဲမှာရှိတဲ့ သဘော့ဆိပ်ပင်လယ်အော်ရွာလေးဆီကို သွားလိုက်ပါတယ် ။ သဘော့ဆိပ်ရွာလေးဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာတည်ရှိတဲ့ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်ပါတယ် ။ လူသိမျာပြီးထင်ရှားတဲ့ မောင်းမကန်ကမ်းခြေနဲ့လည်းနီးပါတယ် ။ မောင်းမကန်ပင်လယ်ကမ်းခြေကနေ ကမ်းခြေတလျှောက် တောင်ဘက်ကိုကြည့်လိုက်ရင် ပင်လယ်ဘက်ကိုကွေ့ဝိုက်ပြီးထိုးထွက်နေတဲ့ ကုန်းအဆွယ်လေးတစ်ခုကိုတွေ့ရမှာပါ ။ အဲဒီနေရာဟာ ဘဘော့ဆိပ်ပင်လယ်အော်ပဲဖြစ်ပါတယ် ။ အဲဒီရွာကလူတွေဟာ တံငါလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး ကျွန်တော်တို့ထားဝယ်ခရိုင်ထဲမှာရှိတဲ့ ( ထားဝယ် ၊ ရေဖြူ ၊ သရက်ချောင်း ၊ လောင်းလုံး […]

မြန်မာ့မြေပေါ်က ကျွန်းများ #115 ကျွန်း(115 island)

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ 115 ကျွန်း(115 island) သည် မြိတ်မှ ၁၅၂ မိုင်၊ ကော့သောင်မှ ရေမိုင် ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျွန်းငယ်များစုနေသော ကျွန်းစုတစ်ခုဖြစ်သည်။ ရှည်လျားသောသစ်သားဆိပ်ခံတံတားသည် ပင်လယ်ပြင်ရှိ လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သော နေရာတစ်ခုဖြစ်ပြီး ကြည်လင်သောရေနှင့် အရောင်အသွေးစုံလင်ပေါများသောငါးများ၊ မာကျောပြီးနူးညံ့သောသန္တာကောင်များစွာကိုကြည့်ရှုရန် အဆင်ပြေသော နေရာတစ်ခုဖြစ်သည်။ ရေငုပ်ကာ ပင်လယ်ကြမ်းပြင်အောက် လေ့လာလိုသူများအတွက် မျဖစ္မနေသွားသင့်သည့် ကျွန်းတစ်ခုလည်းဖြစ်သည်။ မိုးသစ်တောကိုဖြတ်၍ တောလမ်းခရီးသွားခြင်းနှင့် တောင်တက်ခြင်းအတွက်လည်း အချိန်ဖြုန်းရန် အကောင်းဆုံးကျွန်းများထဲမှ တစ်ခုဖြစ်သည်။ အလွန်ဖြူစင်ပြီး နူးညံသောသဲသောင်ပြင်များကလည်း ကျွန်း၏အလှတစ်ခုဖြစ်သည်။ #Greeness Photo:AsiaTourGate&Tripadvisor

Page 14 of 20
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20