သယံဇာတနှင့်ပတ်သက်ရင်
အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီဟာ နိုင်ငံရဲ့ရှေ့ရေးကို ပြက်ပြက်ထင်ထင်မြင်ခဲ့တယ်လို့ ဆရာ့ရဲ့ကဗျာတွေထဲက တချို့ကို ဖတ်ပြီးတွေးမိပါတယ်။ အဲဒီကဗျာတွေထဲမှာ ” တို့တိုင်းပြည်” ဆိုတဲ့ ကဗျာလည်းပါပါတယ်။ ဆရာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို ” ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ် စေတီစပါး၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညိုးညိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားရလေ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း” လို့ ကဗျာပထမပုဒ်မှာတင် စသတိပေးခဲ့တာပါ။ ခုတော့အားလုံးသိတဲ့အတိုင်းပါပဲ။ မြန်မာ့ဆန်စပါးတွေရဲ့ အရည်အသွေးဟာ ပေမီဒေါက်မီမရှိလို့ ထိုင်း၊ ဗီယန်နန်စတဲ့ နိုင်ငံတွေကလောက် ကမ္ဘာ့ဆန်စျေးကွက်မှာ စျေးမရကြပါဘူး။ တကယ်တော့ဒါဟာ စိုက်ပျိုးရေးမှာ နည်းမှန်လမ်းမှန်မကျင့်သုံးနိုင်တာကိုပြနေတာပါပဲ။ ကိုယ့်စိုက်ပျိုးမြေသယံဇာတကို အကောင်းဆုံးအသုံးမပြုနိုင်သေးတာပါ။ နောက်ဒုတိယအပိုဒ်မှာ ဆရာသတိပေးထားတာက ” […]