စီပွားရေး ကျပ်တည်းနေလို့ အင်ဒိုနီးရှားက ဒီရေတောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရ
အင်ဒိုနီးရှားက သစ်တောဝန်ထမ်းတွေနဲ့ ရဲတွေရဲ့ အဆိုအရ ရိုင်အူကျွန်းစုအပါအဝင် အခြားကျွန်းတွေမာ ဒီရေရောက်တောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရတယ်လို့ သိရပါတယ်။ သူတို့အဆိုအရ မဒမလို သစ်တွေကနေစပြီး ဒီရေရောက်တောတွေမှာ ရှိတဲ့ သစ်မာသားတွေ အများအပြားကို ခုတ်ခံနေရပါတယ်။ ရေလွှမ်းမှုကြောင့် စိုက်ခင်းတွေ ပျက်တာရယ် ၊ ကိုဗစ်ကြောင့် ကုန်သွယ်မှု အခက်အခဲ ဖြစ်တာရယ်ကြောင့် ဒေသတွင်း ကျွန်းတွေမှာ စီပွားရေး ကြတ်တည်း မှုဖြစ်လာတဲ့အတွက် ဒေသခံတွေက ဒီရေတောတွေကို ခိုးခုတ်ပြီး စင်ကာပူ ၊ မလေးရှား အပါအဝင် နိုင်ငံအချို့ကို ဒီရေတောသစ်တွေကို ပို့ဆောင်နေကြပါတယ်။ အင်ဒိုနီးရှားအစိုးရက ဒီရေတော ဧက ၁သန်းခွဲကျော်ကို ပြန်လည်ပျိုးထောင်ဖို့ကြိုးစားနေချိန်မှာ ဒီရေတောတွေ ခိုးခုတ်ခံနေရတာက အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာပေါ်က ဒီရေတော ၄ပုံ၁ ပုံကို […]