ရာသီဖောက်ပြန်မှုနဲ့ အငတ်ဘေးအတွက် G20 သဘောတူညီချက်ပြုပြီ
ကိုဗစ် ၁၉ ကြောင့် အာဖရိကလို နိုင်ငံတွေ ကနေစပြီး ကမ္ဘာ အငတ်ဘေး ရင်ဆိုင်နေမှုနဲ့ ရာသီဖောက်ပြန်မှု အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပပြီးစီးခဲ့တဲ့ G20 နိုင်ငံခြားရေးဝန်းကြီးဌာနများ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်အချို့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကို ဗစ်ကာကွယ်ဆေး ထိုးနှံမှုကိစ္စရပ်မှာတော့ ဂျာမဏီနဲ့ တရုတ်တို့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒိအစည်းအဝေးကို အီတလီနိုင်ငံခြားရေး ဝန်ကြီး လွီဂီဒီမာရီယို က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပေးခဲ့တာပါ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အငတ်ဘေးကြောင့် အာဖရိကတိုက်ကို ဖြတ်ပြီး ဥရောပတိုက်ဆီကို ရွှေ့ပြောင်းလာတဲ့ ဦးရေ တဖြည်းဖြည်း များလာတဲ့အတွက်ကြောင့် အာဖရိက နိုင်ငံတွေကို အထောက်အပံ့ပေးခြင်းဖြင့် ရွှေ့ပြောင်းဦးရေ လျှော့ချနိုင်ရေးအတွက်ပဲဖြစ်ပါတယ်။ အဲ့ဒိအစည်းအဝေးပိတ်ပွဲမှာ အီတလီဝန်ကြီးချုပ်က “ အာဖရိကမှာတွေ့ကြုံနေရတဲ့ […]