ဥက္ကလာပ၏ ပထဝီအနေအထား ပြောင်းလဲမှုများ
တစ်နေ့က ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အပြင်သွားရင်း မြောက်ဥက္ကလာ ကျောက်ရေတွင်း ဖော်တော်ဦးဘုရားနားကိုရောက်သွားခဲ့တယ်။ဘုရားရှေ့ကနေရာတစ်နေရာမှာ အုတ်တွေ စီထားတဲ့ ရေကန်သေးသေးလေးတစ်ခုကိုတွေ့မိတယ်။ကျွန်တော့်ဇနီးက ကျွန်တော့်ကို ယခုလိုပြောပြပါတယ်။ ” အဲဒီနေရာက အရင်ကတော့ အောက်ကနေစမ်းရေထွက်တယ်။ ရီရီတို့ ငယ်ငယ်က ဒီနေရာလေးဆီ လာပြီးရေချိုးကြတယ်။ အခုတော့ အဲဒီလို စမ်းရေထွက်တာ မရှိတော့ဘူး။” ကျွန်တော့်ဇနီး ပြောတာကိုနားထောင်ရင်း ကျွန်တော့်မိတ်ဆွေ စာရေးဆရာကြီး မောင်မြတ်မွန်( ဆူးလေ) ရေးသားခဲ့တဲ့ ” ကွင်းများဖြင့် ဝန်းရံတည်ဆောက်ထားသောမြောက်ဥက္ကလာမြို့နယ်” ဆိုတဲ့ဆောင်းပါးကို အမှတ်ရလိုက်မိတယ်။ အဲဒီဆောင်းပါးထဲမှာအောက်ပါအတိုင်းရေးထားပါတယ်။ ” မယ်လမု ချောင်းရိုးကလေး၏ မြောက်ဘက်တွင်စက်မှုလက်မှု ရပ်ကွက်နှင့် ကျောက်ရေတွင်းကျေးရွာများ ခြား၍ ရွှေလှေချောင်းကွင်း၌ ” ဃ “ရပ်ကွက်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ထိုသို့ ဂဏန်းသင်္ချာဖြင့် အမှတ်အသားပြုလုပ်ထားသည့် အမှတ်( ၁)ရပ်ကွက်နှင့် အမှတ်( ၂)ရပ်ကွက်များနောက်တွင်အက္ခရာဖြင့် […]