တောင်ကိုရီးယားသည် တောင်ကုန်းတောင်တန်း ပေါများသည့် နိုင်ငံဖြစ်ကာမြေပြန့်လွင်ပြင် ရှားပါး သည်။ ဆိုးလ်မြို့အတွင်း၌ပင် အတော်အတန်မြင့်သည့် တောင်များကိုတွေ့ရသည်။ သစ်တောသစ်ပင် ပေါက်ရောက် ရန် ခက်ခဲသောကျောက်တောင်များလည်းပါဝင်သည်။ သို့သော် ရောက်ရှိခဲ့သည့်နေရာတော်တော်များများတွင် သစ်တောသစ်ပင်များကိုအလေးပေးထိန်းသိမ်းထားကြောင်းတွေ့ခဲ့ရသည်။ တည်းခိုခဲ့ရသည့် ဟိုတယ် ပေါ်မှ ကြည့်ပါကနေရာတိုင်းတွင် သစ်ပင်များဖြင့် စိမ်းစိုနေသောမြင်ကွင်းများကိုသာ မြင်ခဲ့ရသည်။ လူသွားလမ်းများပေါ်၌ပင် ပေါက်ရောက်နေသောသစ်ပင်များကိုပင် အလေးပေးထိန်းသိမ်းထားကြောင်းတွေ့ရသည်။ အဝေးပြေးလမ်းများတွင်သာမက မြို့တွင်းလမ်းများဖောက်လုပ်ရာတွင်လည်းတောင်များကို ဖြိုချခြင်းမျိုးမလုပ် ဘဲတောင်အောက်မှ လိုဏ်ခေါင်းတည်ဆောက်ပြီးဖောက်လုပ်ထားသည်။ ပြန်လည်ရရှိရန်မလွယ်ကူသောသဘာဝပတ်ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်မှု၏ တောင်းဆိုမှုကြောင့် မပျက်စီးအောင် နည်းလမ်းရှာဖြေရှင်းခြင်းဟုဆိုရမည် ထင်သည်။ လူနေအိမ်များတည်ဆောက်ရာတွင်လည်းတောင်များကိုမဖြိုဘဲတောင်စောင်းများတွင် အဆင်ပြေအောင် ဆောက်လုပ်ထားကြသည်။ နေရာအချို့ဆိုလျှင် တောင်စောင်းအတိုင်းကားဖြင့်တက်သွားရပြီးလမ်းကိုလည်းအုတ်ကြွပ်များဖြင့် ခင်းထားသည်ကိုတွေ့ရသည်။ ဥရောပမြို့တစ်မြို့သို့ ရောက်သွားသည့်အလားခံစားခဲ့ရသည်။ တက်ရောက်ခဲ့ရသည့်မီဒီယာဖိုရမ်သို့ လာရောက်ဟောပြောခဲ့သည့် ဆိုးလ်မြို့ရှိတက္ကသိုလ်မှ ပါမောက္ခတစ်ဦးကတောင်ကိုရီးယား၏ ဦးစားပေးရည်မှန်းချက်များထဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေးများပါဝင်ကြောင်းပြောပြသည်။ သစ်ပင်ပေါက်ရန် ခက်ခဲသောကျောက်တောင်များ၌ပင် မြေဆီလွှာဖြစ်ပေါ်လာအောင် ဖန်တီးကာသစ်ပင်စိုက်ကြကြောင်းရှင်းပြသည်။ ၄င်းက […]