လက်နက်ကိုင် အစောင့်နဲ့ နေနေရတဲ့ နှစ်ကောင်တည်းသာ ကျန်တော့တဲ့ ကြံ့ဖြူ
ကမ္ဘာပေါ်မှာ ကြံ့ဖြူ အထီးဆိုတာ တစ်ကောင်မှ မရှိတော့ပါဘူး ။ အခုဖော်ပြထားတဲ့ ဓာတ်ပုံက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ကြံ့ဖြူအမ ၂ကောင် ဖြစ်တဲ့ ဖာတူ နဲ့ နာဂျင်တို့ပဲဖြစ်ပါတယ်။ သူတို့တွေမျိုးတုန်းတော့မယ်ဆိုတာကို သိသွားပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင် အစောင့်တွေက သူတို့ သွားတဲ့နေရာတိုင်းကိုလိုက်ပြီး စောင့်ရှောက်နေရပါတယ်။ ကင်ညာနိုင်ငံက အိုလ်ပီဂျီတာ ထိန်းသိမ်းရေးစခန်းကို မသက်ဆိုင်သူ ဘယ်လူမှ မဝင်ရဆိုပြီး လုပ်ထားပါတယ်။ လက်နက်ကိုင်အစောင့်တွေနဲ့ကိုချပြီး အဲ့ဒိကြံ့ဖြူမ ၂ကောင်ကို စောင့်ရှောက်ထားရပါတယ်။ ဖာတူ နဲ့ နာဂျင်က သားအမိတွေပါ။ ၂၀၀၉ လောက်ကတည်းက ကြံ့ဖြူအထီးတွေ အကုန်ကုန်သွားအောင် အသတ်ခံလိုက်ရတာရယ်၊ သဘာဝအတိုင်းသေဆုံးသွားတာရယ်ကြောင့် မျိုးပွားစရာ မကျန်တော့တာပါ။ အာဖရိကမှာ ကြံ့ဖြူတွေ မျိုးမတုန်းခင်တုန်းက ဥရောပ တိရစ္ဆာန်ရုံမှာ နာဂျင်ကို မွေးထားတာပါ။ နောက်တော့ ဖာတူကို […]