တောမီးတွေကြောင့် ပင်လယ်ပျော်ငှက်တွေ အကြီးအကျယ်ဒုက္ခများနေရ
ဩစတေးလျက သုတေသနပညာရှင် တစ်စုက အမြီးတိုဇင်ယော်တွေလို ပင်လယ်ပျော်ငှက်တွေကို လေ့လာရင် လူသူမနီးတဲ့ ကျွန်းတွေမှာ တောမီးကြောင့် ပင်လယ်ပျော်ငှက်တွေအသိုက်ပျက်ပြီး အကြီးအကျယ် ဒုက္ခ ရောက်ရတယ်လို့ ဆိုလာပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေမှာ မိုးကြိုးပစ်လို့ သစ်ပင်တွေ မီးလောင်ရင်းက တောမီး လောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ကမ္ဘာကြီး ပူနွေးလာမှုနဲ့ အတူ မိုးခေါင်ရေရှား ဖြစ်လာတဲ့ အတွက် ကျွန်းနေတိရစ္ဆာန်တွေမှာ အခက်အခဲတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ တောမီးနဲ့ ပတ်သက်ပြီး တောတွင်းသားတွေကိုင်တယ်ဖြေရှင်း နိုင်ရင်အများကြီးအကျိုးရှိနိုင်မယ်လို့လည်း သူတို့ အဖွဲ့ က အစိုးရကို အကြံပြုထားပါတယ်။ မနှစ်ကဆိုရင် ပစ္စိဖိတ် သမုဒ္ဒရာအတွင်းက သြစတေးလျှပိုင် ကျွန်း ၈ကျွန်း မိုးကြိုးပစ်လို့ တောမီးလောင် ခဲ့ပါတယ်။ အဲ့ဒိကျွန်းတွေက လူသူမနီးတဲ့အတွက် ဘယ်သူမှ မီးမငြိမ်းသက်ပေးနိုင်ခဲ့ပါဘူး […]