ကျောက်မီးသွေး ၊ ရေနံ နဲ့ ဓာတ်ငွေ့ ပြီးရင် ကမ္ဘာကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ခြိမ်းခြောက်နေတာ ကွန်ကရိတွေပါ
ကမ္ဘာကြီးပေါ်မှာ ကွန်ကရိအဆောက်အအုံတွေပေါလာရင် အဲ့ဒိအဆောက်အအုံတွေက ကာဗွန်ထုတ်လွှတ်တဲ့ တတိယမြောက်ရင်းမြစ်တွေပဲ ဖြစ်တယ်လို့ ပညာရှင်တွေ က ဆိုကြပါတယ်။ Concrete 4 Change လို့ခေါ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ရဲ့ အဆောက်အအုံ နည်းပညာရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာမိုက်ကယ်ဝိုက်စ် က ဆောက်လုပ်ရေးလုပ်ငန်းတွေ ကို နည်းပညာမြင့်ပြီး ကွန်ကရိတော်လှန်ရေး လုပ်ဖို့ ကောင်းပြီ လို့ ဆိုလာပါတယ်။ ကမ္ဘာကြီးရဲ့ ကာဗွန်ထုတ်လုပ်မှု ၈ % က ကွန်ကရိတွေကြောင့်ဖြစ်ပါတယ်။ ကွန်ကရိပြု လုပ်ဖို့အတွက် ဘိလပ်မြေကို ပြုလုပ်ရပါတယ်။ ဘိလပ်မြေကို လုပ်တဲ့ နေရာမှာ ကယ်လ်စီယံ ကာဗွန်နိတ် ( CaCO3 ) ကို သုံးရပါတယ်။ အရပ်အခေါ်ဆိုရင် ထုံးကျောက်တုံးတွေဖြစ်ပါတယ်။ အဲ့ဒိထုံးကျောက်တုံးတွေကို ကယ်လီဆီယံ အောက်ဆိုက် ( […]