ပန်သီးပုံနဲ့ ငှက်ပျောသီးအရသာ သရက်ပင် စိုက်ပျိုးအောင်မြင်
အိန္ဒိယနိုင်ငံတောင်ပိုင်း မန်ဒရာခရိုင်က ကီရူဂါဗာလူ ရွာက ခြံသမားတစ်ဦးက သူ့ခြံကနေ သရက်မျိုး ၁၁၉ မျိုးတောင် စိုက်ပျိုးနိုင်ခဲ့လို့ ဒေသတွင်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း မှာ ဖော်ပြခံနေရပါတယ်။ ဒေသအတွင်းကလူတွေတင်မကဘူး ၊ ပြည်နယ်အတွင်းက လူတွေပါ စိတ်ဝင်စားမှု ခံရလို့ သူ့ခြံကို လာရောက်ကြည့်ရှု့ကြပါတယ်။ ဆေးရက်ဂန်ဒီခန်ရဲ့ ခြံက နည်နည်ရရတော့မဟုတ်ပါဘူး။ အဲ့ဒိခြံကို မျိုးဆက်နဲ့ ချီပြီး ထိန်းသိမ်းလာတာပါ ။ အခုဆိုရင် ခြံရဲ့ သက်တမ်းက နှစ် ၂၀၀ ကျော်နေပါပြီ ၊ ခြံထွက်သရက်သီးက အရသာအမျိုးမျိုး ကိုရှိလို့ မိုင်ဆိုးက မဟာရာဇာတွေတောင် ကြိုတင်မှာ စားရပါတယ်။ အခုဆိုရင် ခြံကို ထိန်သိမ်းလာတာ မျိုးဆက် ၇ ဆက်ရှိနေပါပြီ ၊ နာမည်က ဘာဒါဘောက် ( […]