တမာရိပ်လေညင်း
( တစ် ) တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း ပုပ်ပါးတောငျကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ် ပြိုအိကျလာခဲ့ပြီ။ ပုပ်ပါးကတော့ မြူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။ ဥတုရာသီအပေါ် တည်မှီပြီး စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နှင့်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ်ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ညနေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူနေ…ညှို့နေသလိုလို။ မြို့ပြထဲမှာ မွန်းကျပ်ပူလောင်နေတဲ့ကျွန်တော်တို့ဟာ ပုပ်ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာ ငြိကပ်တိုးဝင်နေတဲ့ အပူငွေ့မျှင်တွေဟာ ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ်ပါးဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို […]