ယနေ့ ပြင်ဦးလွင် ကန်တော်ကြီး၏ ရေခမ်းခြောက်သွားသော မြင်ကွင်း
Photo – Yuwn Minn ၁၆-၃-၂၀၂၁
Photo – Yuwn Minn ၁၆-၃-၂၀၂၁
ဒီရာသီ ရောက်လာရင် ဓနိရည် အေးမြမြနဲ့ ဆောင်းဦး မနက်ခင်းကို လွမ်းပါရဲ့။ လမ်းလျှောက်ရင်း ခြေသလုံးမှာ နှင်းတွေဖတ်ဖတ်စိုပြီး ကပ်ငြိနေတဲ့ မြက်ဖျားသီးကလေးတွေက ယားကျိကျိ အရသာ။ ထိကရုန်း စူးမိတဲ့ ဒဏ်ရာတွေက ရှတတ အေးမြမြ။ အားပါးတရ ရှူ ရှိုက်ပြီး ပြန်လည် မှုတ်ထုတ်လိုက်တဲ့အခါ စီးကရက်မီးခိုးလို အထွေးလိုက် ပြန်ထွက်လာတဲ့ ဆောင်းငွေ့များ။ ရုတ်တရက် ဘင်္ဂလား ပင်လယ်အော်ဆီက ဖြတ်ပျံတိုက်ခတ်လာတဲ့ လေနွေးများ။ အုန်းပင်တန်းဆီကနေ အိပ်တန်းထ အုပ်ဖွဲ့ ပျံသန်းလာကြတဲ့ ဗျိုင်းအုပ်ဖွေးဖွေး မြူ ထွေးထွေး။ သစ်ပင်မြင့်တို့ဆီက တတောက်တောက် ကျဆင်းနေသော နှင်းသီးပေါက်များ။ နေရောင်ကို ငံ့လင့်တောင့်တနေသော မှိုင်းပြပြ ဝပ်စင်းနေတဲ့ ပတ်ဝန်းကျင်။ ခြံစည်းရိုးတိုင်ထိပ်မှာ သူ့ဝတ်ရုံလွှာကို တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ စာခေါင်းကြီးတစ်ကောင်နဲ့အတူ အျခား ဆိုက်ဘေးရီးယား […]
အခုမိတ်ဆက်ပေးမယ့် စာအုပ်လေးကတော့ ‘ကမ္ဘာမြေချစ်သူ ဆရာကြီးဦးအုန်း’ ဆိုတဲ့စာအုပ်လေးပါ။ စိမ်းရောင်စို စာပေကနေ ၂၀၁၉ ခုနှစ် ဩဂုတ်လက ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သစ်တောပညာရှင် ဦးအုန်းရဲ့အကြောင်း၊ ကမ္ဘာမြေချစ်သူအကြောင်းတွေ စုံစုံလင်လင်နဲ့ သစ်တောပညာရှင် ဦးအုန်း ရေးသားပြုစုခဲ့တဲ့ ဆောင်းပါးနဲ့ သုတေသန စာတမ်းတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဝယ်ယူဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ကျွန်တော်တို့ကတော့ မှတ်ချက်ပြုချင်ပါတယ်။ တန်ဖိုး- ၃၀၀၀ ကျပ် စိမ်းရောင်စိုစာပေ အမှတ် ၁၅၉(က)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
အမေရိကမှာ မစ္စစ္စပီမြစ်ကြီးလှသလို ငါတို့ဆီမှာ ဧရာ၀တီမြစ်ကြီးသိပ်လှတယ်။ ဧရာ၀တီကိုမင်းမစွန့်ခွာပါနဲ့။ ပြင်သစ်မှာ နိုက်တင်ဂေးလ်ငှက်ကလေးတွေလှသလို ငါတို့ဆီမှာ နွေဥဩကလေးတွေသိပ်လှတယ်။ နွေဦးကိုမင်းမစွန့်ခွာပါနဲ့။ ဂျပန်မှာ ဖူဂျီယာမတောင်ကြီးလှသလို ငါတို့ဆီမှာ ရိုးမတောင်ကြီးသိပ်လှတယ်။ ရိုးမကိုမင်းမစွန့်ခွာပါနဲ့။ ကနေဒါမှာ မေပယ်လ်ရွက်ကလေးတွေလှသလို ငါတို့ဆီမှာ ပိတောက်ခက်ကလေးတွေသိပ်လှတယ်။ ပိတောက်ကိုမင်းမစွန့်ခွာပါနဲ့။ ချောချောမွေ့မွေ့ အဆင်ပြေပြေ လွယ်လွယ်ကူကူမဟုတ်ပေမယ့် မင်းရဲ့အလံတော်ကို မင်းစိုက်ထူနိုင်တဲ့နေ့အထိ ဒီမြေကို မင်းလုံး၀မစွန့်ခွာနဲ့။ မိုဃ်းဇော် T. Club လူငယ်မဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၁၂ ခုနှစ်။ ဓာတ်ပုံ-MCN
ကြာကန်တော့ ကြာကန်ပဲ။ ဒီကြာကန်ရဲ့ထူးခြားချက်က ကြာဖြူတွေပဲပွင့်တယ်။ ကြာဖြူတောင်ရိုးရိုးကြာဖြူမဟုတ်ဘူး။ ပဒုမ္မာကြာဖြူကြီးတွေတဲ့ မျက်စိတဆုံး ရေပြင်ကျယ်ကြီးရယ် စိမ်းစိုနေတဲ့ကြာပင်တွေထဲမှာ ဟိုတပျောက်ဒီတပျောက်ပွင့်နေကြတဲ့ကြာဖြူလေးတွေရယ်၊ နောက်ခံမြလိပ်တောင်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှတဲ့ ကဗျာတပုဒ်ပါပဲ ။ ဘယ်မှာရှိတာလဲ **************** မန်းလေးနဲ့ ၄၅ မိနစ်လောက်ပဲဝေးတဲ့ ရွှေစာရံဘုရားနားက ရွှေလှံဗိုလ်ကန်ထဲမှာရှိတာပါ။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးရွာအနီး မြလိပ်တောင်ခြေမှာရှိလို့ မြလိပ်တောင်ကြာကန် လို့လဲခေါ်ပါတယ်။ ဘယ်လိုသွားရလဲ ****************** မန်းလေး -ပြင်ဦးလွင် လမ်းအတိုင်းသွားလို့ အုန်ချောရောက်ရင် မီးပွိုင့်ကနေ ရွှေစာရံဘုရားသို့ ဆိုတဲ့လမ်းမကြီးအတိုင်းတည့်တည့်ကြီးဝင်သွားလိုက် ၅ မိနစ်လောက်မောင်းပြီးရင် လမ်းဆုံတခုတွေ့လိမ့်မယ်။ လမ်းနှစ်ခွမှာ ရွှေစာရံဘက်ကိုမလိုက်ပဲ ခရိုင်ချင်းဆက်လမ်းအမှတ် ၂ လမ်းထဲတည့်တည့်ကြီးလိုက်သွားပါ ဒုဌဝတီတံတားကိုကျော်လိုက်ရင် စက်ရုံအကြီးကြီးတခုတွေ့လိမ့်မယ်။ စက်ရုံအကျော်လေး လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ စိုက်ပျိုးရေးရွာ ဆိုင်းဘုတ်တွေ့မယ် ၊ ရွာထဲကိုလမ်းဆုံးတဲ့ထိဖြတ်မောင်းသွားလိုက်ပါ။ ရွာလမ်းဆုံးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ၊ […]
အိပ်မက်တွေအစား အောက်စီဂျင်ကိုငါရှူသွင်းလိုက်တယ်။ အလွမ်းအမောတွေအစား ပီအိတ်ချ်ဆဲဗင်းကိုငါမော့သောက်လိုက်တယ်။ အချစ်သီချင်းတွေအစား မိုင်ခြောက်ထောင်ကျော်အဝေးပြေးလမ်းပေါ်က ဟာလီဒေဗစ်ဆန်မော်တော်ဆိုင်ကယ်ကြီးတွေရဲ့ အင်ဂျင်စက်သံကို ငါအရသာခံလိုက်တယ်။ မပြီးသေးတဲ့ ခရီးကိုဆက်ဖို့ ပြီးခဲ့တာတွေထားလိုက်တော့ အရှုံးတွေကို အမှိုက်ပုံးထဲထည့်လိုက်တော့ ဘလက်ကော်ဖီခွက်ထဲမှာ မနက်ကြယ်ကတောက်ပလို့ ကျားသစ်တစ်ကောင်လို ကမ္ဘာထဲငါခုန်ချလိုက်တယ်။ ။ မိုဃ်းဇော် ပိတောက်မြေမဂ္ဂဇင်း၊၂၀၀၆ခုနှစ်။
လမ်းမီးတိုင်ရဲ့ အလင်းအောက် ပိုးစိမ်းကောင်တွေ ပ် ံနေလေရဲ့ ဆောင်းဦးပေါက်နေ့ရက်တွေ မရောက်ခင်ထိ မိုးမှုန်တွေ ဖြဲဖြဲက် နေအုန်းမှာလား ဆောင်းဦးပေါက်ရင် ပွင့်မယ့်ပန်းတွေထဲ အသံတွေ ထည့်ထားမယ် သူတို့တွေ ပွင့်လန်းတဲ့အခါ နှင်းရေလို့ ခေါ်ကြလိမ့်မယ် အဲဒီအခါ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ထဲက နှင်းတွေ ငါတို့နှလုံးသားပေါ် ကျလာဆင်းလာလိမ့်မယ် ။ #ထက်လူအောင်
ကြိုးကြာငှက်ကြီး လည်တံရှည်(ရှေ) ကမ်းနားစပ်မှာ ရပ်လို့နေ။ ရေတက်ရေကျ သူမအား ဝန်တင်ဝန်ချ အလုပ်များ။ ။ မင်းသုဝဏ် ရှုမ၀မဂဇင်း၊ ၁၉၈၉။
အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား???? ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းလေးဖြစ်ပြီး အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးဖြစ်ပါတယ် အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့ အသံထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတာဖြစ်ပြီး လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပါတယ် ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပြီး ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဘာလို့ ရေမြှုပ်နေရသလဲ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာဖြစ်ပြီး စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့သိရပါတယ် ရွာမှာနေထိုင်သူတွေဟာ မိမိ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြတာဖြစ်ပြီး အခုလက်ရှိ စံကားမြို့ကတော့ […]
ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက်(နိုင်ငံတကာ) Draw Down : The Most Comprehensive Plan Ever Proposed to Reverse Global Warming ပေါ်လ်ဟော့ကန် ( ၇၅နှစ်)ဆိုတာ အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ၊ စာရေးဆရာ ၊ စီပွားရေးလုပ်ငန်းရှင် ၊ လှုံ့ဆော်ရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာနေပါတယ်။ Draw Down ကို ၂၀၁၇ တုန်းက ထုတ်ခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးပေးနိုင်မယ့် အကျိုးရှိတဲ့ဖြေရှင်းချက် ၁၀၀ ကို စုစည်းပြီးဖော်ပြထားတဲ့ စာအုပ်ပါ။ အဲ့ဒိစာအုပ်ထဲမှာ သိပ္ပံပညာရှင်တွေ ပြောတဲ့ ပြောစကားတွေကို နိုင်ငံရေးသမားတွေ ၊ အစိုးရ တွေ ၊ လွှတ်တော်အမတ်တွေ နဲ့ အရပ်သားတွေ ကို နားလည် […]